၂၀၁၇ ခုႏွစ္ထုတ္ ဆိုင္ကယ္လိုင္စင္မ်ားအတြက္ ဒဏ္ေၾကး သတ္မွတ္ေပးရန္ တင္ျပထားဆဲ

၂၀၁၇ ခုႏွစ္ထုတ္ ဆိုင္ကယ္လိုင္စင္မ်ားအတြက္ ဒဏ္ေၾကး သတ္မွတ္ေပးရန္ တင္ျပထားဆဲ
မတ် 9, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ၊ တာခ်ိီလိတ္ၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္ထုတ္ ေမာ္ေတာ္ဆိုင္ကယ္မ်ား လိုင္စင္ ေလွ်ာက္ထားလာရာတြင္ လက္ရိွသတ္မွတ္ ဒဏ္ေၾကးတြင္ မပါဝင္သျဖင့္ ဒဏ္ေၾကးသတ္မွတ္ေပးရန္ ရွမ္းျပည္နယ္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနသို႔ တင္ျပထားေၾကာင္း သိရသည္။
ရွမ္းျပည္နယ္အတြင္း မွတ္ပံုတင္မဲ့ ေမာ္ေတာ္ဆုိင္ကယ္မ်ားအား ဆိုင္ကယ္ အမ်ိဳးအစားအလိုက္ သတ္မွတ္ ဒဏ္ေၾကးမ်ားျဖင့္ လုိင္စင္ထုတ္ေပးေနရာ ၂၀၁၆ ခုႏွစ္ထုတ္ ေမာ္ဒယ္အထိသာ ဒဏ္ေၾကး သတ္မွတ္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။
“ေတာင္ႀကီးတို႔ က်ိဳင္းတုံတို႔ ဘက္မွာေတာင္ ၂၀၁၇ ခုႏွစ္ထုတ္ ေမာ္ေတာ္ဆိုင္ကယ္ေတြ သိပ္ မေရာက္ေသးဘူး။ အခု မွတ္ပုံတင္ေဆာင္ရြက္ေပးတဲ့ အခါမွာဆိုရင္ ဒဏ္ေၾကးႏႈန္းက ၂၀၁၆ ခုႏွစ္အထိပဲ ရွိတယ္။ တာခ်ီလိတ္ၿမိဳ႕က ထိုင္းႏိုင္ငံနဲ႔နီးေတာ့ ၂၀၁၇ ခုႏွစ္ေတြ ေတာ္ေတာ္မ်ားမ်ား ေတြ႕ရတယ္။ အခု မွတ္ပုံတင္ ေဆာင္ရြက္ေပးတဲ့ အခါမွာ ၂၀၁၇ ခုႏွစ္ထုတ္ ဆိုင္ကယ္ေတြပါ လာလုပ္ေတာ့ သူတို႔ကို ဒဏ္ေၾကးႏႈန္း သတ္မွတ္ေပးဖို႔ ျပည္နယ္ရုံးကို တင္ျပ ထားပါတယ္”ဟု တာခ်ီလိတ္ခရိုင္ ကုန္းလမ္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာန ခရိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
တာခ်ီလိတ္ခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရုံးတြင္ ၂၀၁၇ ခုႏွစ္ထုတ္ ေမာ္ေတာ္ဆိုင္ကယ္ အင္ဂ်င္ပါ၀ါ (၁၁၀)စီစီမွ (၃၀၀)စီစီအထိ အမ်ိဳး အမည္(၁၃)မ်ိဳးရွိကာ လာေရာက္ မွတ္ပုံတင္ၾကသျဖင့္ ၂၀၁၇ ခုႏွစ္ထုတ္ ေမာ္ဒယ္အား ဒဏ္ေၾကးႏႈန္း သတ္မွတ္ေပးရန္ ရွမ္းျပည္နယ္ရုံး(ေတာင္ႀကီး)သို႔ တင္ျပထားေၾကာင္း ၎ထံမွ သိရသည္။
“၂၀၁၇ ခုႏွစ္ထုတ္ေတြ အျပင္ အီတလီထုတ္ Ducati ႏွင့္ အေမရိကန္ထုတ္ BMW ဆိုင္ကယ္ ႏွစ္စီးလည္း လာ မွတ္ပုံတင္တာရွိတယ္။ အဲဒါကိုလည္း မွတ္ပုံတင္ေပးဖို႔ အတြက္ ဒဏ္ေၾကးႏႈန္း သတ္မွတ္ရန္ ျပည္နယ္ရုံးကို တင္ဖို႔ရွိပါတယ္”ဟု တာခ်ီလိတ္ခရိုင္ ကုန္းလမ္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာန ခရိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က ေျပာသည္။
ရွမ္းျပည္နယ္အတြင္း မတ္လ(၁)ရက္ေန႔မွစ၍ ဗုဒၶဟူးေန႔တိုင္း ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန ရံုးမ်ားတြင္ လုိင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ား မွတ္ပံုတင္ေပးေနရာ တာခ်ီလိတ္ၿမိဳ႕တြင္ ဒုတိယပတ္အတြင္း (၂၅၄)စီး မွတ္ပုံတင္ထုတ္ေပးထားျပီး စုစုေပါင္း (၃၅၁)စီး မွတ္ပုံတင္လုပ္ေဆာင္ၿပီးေၾကာင္း သိရသည္။
သတင္း - ေဇာင္းညီ
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချိီလိတ်မြို့တွင် ၂၀၁၇ ခုနှစ်ထုတ် မော်တော်ဆိုင်ကယ်များ လိုင်စင် လျှောက်ထားလာရာတွင် လက်ရှိသတ်မှတ် ဒဏ်ကြေးတွင် မပါဝင်သဖြင့် ဒဏ်ကြေးသတ်မှတ်ပေးရန် ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြထားကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား ဆိုင်ကယ် အမျိုးအစားအလိုက် သတ်မှတ် ဒဏ်ကြေးများဖြင့် လိုင်စင်ထုတ်ပေးနေရာ ၂၀၁၆ ခုနှစ်ထုတ် မော်ဒယ်အထိသာ ဒဏ်ကြေး သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“တောင်ကြီးတို့ ကျိုင်းတုံတို့ ဘက်မှာတောင် ၂၀၁၇ ခုနှစ်ထုတ် မော်တော်ဆိုင်ကယ်တွေ သိပ် မရောက်သေးဘူး။ အခု မှတ်ပုံတင်ဆောင်ရွက်ပေးတဲ့ အခါမှာဆိုရင် ဒဏ်ကြေးနှုန်းက ၂၀၁၆ ခုနှစ်အထိပဲ ရှိတယ်။ တာချီလိတ်မြို့က ထိုင်းနိုင်ငံနဲ့နီးတော့ ၂၀၁၇ ခုနှစ်တွေ တော်တော်များများ တွေ့ရတယ်။ အခု မှတ်ပုံတင် ဆောင်ရွက်ပေးတဲ့ အခါမှာ ၂၀၁၇ ခုနှစ်ထုတ် ဆိုင်ကယ်တွေပါ လာလုပ်တော့ သူတို့ကို ဒဏ်ကြေးနှုန်း သတ်မှတ်ပေးဖို့ ပြည်နယ်ရုံးကို တင်ပြ ထားပါတယ်”ဟု တာချီလိတ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ၂၀၁၇ ခုနှစ်ထုတ် မော်တော်ဆိုင်ကယ် အင်ဂျင်ပါဝါ (၁၁၀)စီစီမှ (၃၀၀)စီစီအထိ အမျိုး အမည်(၁၃)မျိုးရှိကာ လာရောက် မှတ်ပုံတင်ကြသဖြင့် ၂၀၁၇ ခုနှစ်ထုတ် မော်ဒယ်အား ဒဏ်ကြေးနှုန်း သတ်မှတ်ပေးရန် ရှမ်းပြည်နယ်ရုံး(တောင်ကြီး)သို့ တင်ပြထားကြောင်း၎င်းထံမှ သိရသည်။
“၂၀၁၇ ခုနှစ်ထုတ်တွေ အပြင် အီတလီထုတ် Ducati နှင့် အမေရိကန်ထုတ် BMW ဆိုင်ကယ် နှစ်စီးလည်း လာ မှတ်ပုံတင်တာရှိတယ်။ အဲဒါကိုလည်း မှတ်ပုံတင်ပေးဖို့ အတွက် ဒဏ်ကြေးနှုန်း သတ်မှတ်ရန် ပြည်နယ်ရုံးကို တင်ဖို့ရှိပါတယ်”ဟု တာချီလိတ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က ပြောသည်။
ရှမ်းပြည်နယ်အတွင်း မတ်လ(၁)ရက်နေ့မှစ၍ ဗုဒ္ဓဟူးနေ့တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပေးနေရာ တာချီလိတ်မြို့တွင် ဒုတိယပတ်အတွင်း (၂၅၄)စီး မှတ်ပုံတင်ထုတ်ပေးထားပြီး စုစုပေါင်း (၃၅၁)စီး မှတ်ပုံတင်လုပ်ဆောင်ပြီးကြောင်း သိရသည်။
သတင်း - ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~