မိုင္းျဖတ္ၿမိဳ႕ ဆိုင္းေလေက်းရြာအနီး ယာဥ္ငယ္တစ္စီး လမ္းေဘးထိုးက်ၿပီး တိမ္းေမွာက္

မိုင္းျဖတ္ၿမိဳ႕ ဆိုင္းေလေက်းရြာအနီး ယာဥ္ငယ္တစ္စီး လမ္းေဘးထိုးက်ၿပီး တိမ္းေမွာက္
မတ် 10, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕နယ္ ၊ ဆိုင္းေလေက်းရြာအနီး ျပည္ေထာင္စုလမ္းမေပၚ  မိုင္တိုင္အမွတ္ (၇၀၁)ႏွင့္ (၇၀၂) ၾကားတြင္ က်ဳိင္းတံုဘက္မွ မိုင္းျဖတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ယာဥ္ငယ္တစ္စီး မတ္လ(၁၀)ရက္ ညေန(၄)နာရီ မိနစ္(၅၀)ခန္႔က လမ္းေဘးသို႔ ထိုးက် တိမ္းေမွာက္သြားေၾကာင္း သိရသည္။
" ကြ်န္မက အေကြ႔ေတြ မ်ားေတာ့ အရွိန္ေလ်ွာ့ေမာင္းပါတယ္။ အဲဒီအေကြ႔ေရာက္ေတာ့ လက္ကိုင္ေဂြက ဘယ္လိုမွ ေကြ႔လို႔ မရေတာ့ဘဲ ေခ်ာက္ထဲကို ထိုးက်သြားတာပါပဲ " ဟု ယာဥ္ေမာင္းျဖစ္သူ နန္းႏြန္းက ေျပာသည္။
အဆိုပါ MISUBISHI PAJERO V78 ယာဥ္တြင္ ေမာင္းႏွင္သူ နန္းႏြန္း၊ နန္းေဆး၊ နန္းရွဲန္ပြတ္ႏွင့္ နန္းလွ်ိဳးတို႔ လိုက္ပါလာၿပီး ပြန္းပဲ့ဒဏ္ရာမ်ားသာ ရရွိသြားကာ စိုးရိမ္ဖြယ္ မရိွေၾကာင္း သိရသည္။
"မိုင္တိုင္အမွတ္ (၇၀၁) နဲ႔ (၇၀၄) ၾကားမွာ ဒီလိုမ်ဳိး ခဏခဏ ျဖစ္တာ ေတြ႔ေနရပါတယ္။ ဘာေၾကာင့္ ျဖစ္တာလဲေတာ့ မသိပါဘူး"ဟု ဆိုင္းေလေက်းရြာမွ အမ်ဳိးသားတစ္ဦးက ေျပာသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈမွ ယာဥ္ေမာင္း နန္းႏြန္းအား မိုင္းျဖတ္ရဲစခန္းတြင္ ယာဥ္(ပ) ၆/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်၊ ဆိုင်းလေကျေးရွာအနီး ပြည်ထောင်စုလမ်းမပေါ် မိုင်တိုင်အမှတ် (၇၀၁)နှင့် (၇၀၂) ကြားတွင် ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်ငယ်တစ်စီး မတ်လ(၁၀)ရက် ညနေ(၄)နာရီ မိနစ်(၅၀)ခန့်က လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်သွားကြောင်း သိရသည်။
" ကျွန်မက အကွေ့တွေ များတော့ အရှိန်လျှော့မောင်းပါတယ်။ အဲဒီအကွေ့ရောက်တော့ လက်ကိုင်ဂွေက ဘယ်လိုမှ ကွေ့လို့ မရတော့ဘဲ ချောက်ထဲကို ထိုးကျသွားတာပါပဲ " ဟု ယာဉ်မောင်းဖြစ်သူ နန်းနွန်းက ပြောသည်။
အဆိုပါ MISUBISHI PAJERO V78 ယာဉ်တွင် မောင်းနှင်သူ နန်းနွန်း၊ နန်းဆေး၊ နန်းရှဲန်ပွတ်နှင့် နန်းလျှိုးတို့ လိုက်ပါလာပြီး ပွန်းပဲ့ဒဏ်ရာများသာ ရရှိသွားကာ စိုးရိမ်ဖွယ် မရှိကြောင်း သိရသည်။
"မိုင်တိုင်အမှတ် (၇၀၁) နဲ့ (၇၀၄) ကြားမှာ ဒီလိုမျိုး ခဏခဏ ဖြစ်တာ တွေ့နေရပါတယ်။ ဘာကြောင့် ဖြစ်တာလဲတော့ မသိပါဘူး"ဟု ဆိုင်းလေကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှ ယာဉ်မောင်း နန်းနွန်းအား မိုင်းဖြတ်ရဲစခန်းတွင် ယာဉ်(ပ) ၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~