မယ္ဆိုင္ၿမိဳ႕တြင္ ေငြဒဂၤါးျပားေဟာင္းအတု ေရာင္းမိသည့္ျမန္မာႏုိင္ငံသားႏွစ္ဦး CNCMC အကူအညီျဖင့္ ေနရပ္ျပန္ႏုိင္

မယ္ဆိုင္ၿမိဳ႕တြင္ ေငြဒဂၤါးျပားေဟာင္းအတု ေရာင္းမိသည့္ျမန္မာႏုိင္ငံသားႏွစ္ဦး CNCMC အကူအညီျဖင့္ ေနရပ္ျပန္ႏုိင္
မတ် 29, 2017
By 🌸
ထိုင္းနိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ ေငြထည္လုပ္ငန္းသို႔ ေငြဒဂၤါးျပားေဟာင္းအတု ေရာင္းခ်သည္ဟု စြပ္စြဲခံရသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕နယ္ မိုင္းယြန္းေက်းရြာအုပ္စု ပိန္းခမ္းေက်းရြာသားႏွစ္ဦးအား မတ္လ (၂၉) ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕အေျခစိုက္ CNCMC က မယ္ဆိုင္ၿမိဳ႕သို႔ သြားေရာက္ညိႇႏိႈင္းေပးရေၾကာင္း သိရသည္။

“သူတို႔ေတြကလည္း တကယ္ပဲ ရိုးရိုးသားသား မသိလို႔ဆိုေတာ့ ဝယ္ထားတဲ့ေငြျပားေတြအတြက္ ပိုက္ဆံကို ျပန္ေပးပါမယ္။ က်န္တဲ့တစ္ခ်ိဳ႕တစ္ဝက္ကိုေတာ့ ေနာက္တစ္ေခါက္ ျပန္လာေပးပါမယ္ေပါ့။ ဒီလိုညိႇႏိႈင္းေပးေတာ့ ဝယ္တဲ့ဆုိင္ရွင္ကလည္း ဒါကို လက္ခံပါတယ္။ ရဲကိုလည္း အက်ိဳးအေၾကာင္း ေျပာျပရတာေပါ့”ဟု ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရးေကာ္မတီ (CNCMC)၏ လုပ္ငန္းအေကာင္အထည္ေဖၚေရးေကာ္မတီ အတြင္းေရးမွဴး ဦးစည္သူေမာင္က ေျပာသည္။

မိုင္းဆတ္ၿမိဳ႕နယ္ မိုင္းယြန္းေက်းရြာအုပ္စု ပိန္းခမ္းေက်းရြာေန ေမာင္ညီစြာႏွင့္ ေမာင္ညီခြက္တို႕သည္ ထိုင္းႏိုင္ငံ မယ္ဆုိင္ၿမိဳ႕ ေငြထည္ဆိုင္တြင္ ေငြျပားေဟာင္းေရာင္းခ်ႏုိင္ေၾကာင္း ဆက္စပ္ေပးမႈေၾကာင့္ တရုတ္ႏုိင္ငံမွ ဝင္လာသည့္ အေပၚယံေငြရည္စိမ္ေငြဒဂၤါးမ်ားအား တစ္ျပားလွ်င္ ထိုင္းဘတ္(၈၀)ႏွံဳးျဖင့္ ဝယ္ယူၿပီး ဘတ္(၁၀၀)ျဖင့္ မယ္ဆိုင္ၿမိဳ႕သို႔ လာေရာက္ေရာင္းခ်ခဲ့ျခင္းျဖစ္ၿပီး ၎တို႔အေနျဖင့္ အတုအစစ္မခြဲတတ္ေၾကာင္း ၎တို႔ႏွစ္ဦး၏ ေျပာျပခ်က္အရ သိရသည္ဟု CNCMC က ဆိုသည္။

“သူတို႔က မယ္ဆိုင္ကိုေရာက္ဖူးတာ ႏွစ္ႀကိမ္ပဲရိွေသးတယ္လို႔ေျပာတယ္။ သူမ်ားက ဆက္စပ္ေပးတာေပါ့။ ဒီမွာ ေငြေဟာင္းျပားေတြ ဝယ္တယ္ဆိုေတာ့ သူတို႔က နယ္ကေန ေငြေဟာင္းျပားေတြ လုိက္ဝယ္တယ္။ ဝယ္တဲ့သူက လြန္ခဲ့တဲ့သံုးေလးရက္ေလာက္က သူတို႔ေရာင္းထားတာ စစ္လုိက္ေတာ့ အတုေတြ ျဖစ္ေနေတာ့ ရဲကို ႀကိဳတင္အေၾကာင္းၾကားထားတာေပါ့”ဟု ဦးစည္သူေမာင္က ေျပာသည္။

အဆိုပါ ေငြျပားေဟာင္းမ်ားသည္ ဝယ္ယူထားသည့္ မယ္ဆိုင္မွ ေငြထည္ဆိုင္ပိုင္ရွင္အား မတ္လ (၂၉) ရက္ေန႔တြင္ ပထမအႀကိမ္က ဝယ္ယူထားသည့္ ေငြျပားေဟာင္း (၉၀)အတြက္ ေငြတစ္ခ်ိဳ႕တစ္ဝက္အား ျပန္လည္ေပးအပ္ခဲ့ၿပီး က်န္ရိွေငြမ်ား ေပးအပ္ၿပီးပါက ၎တို႔၏ ေငြျပားေဟာင္းအတုမ်ားအား ဆိုင္ရွင္က ျပန္လည္ေပးအပ္မည္ဟု ညိႇႏိႈင္းသေဘာတူညီမႈ ရရိွခဲ့ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ
ဓါတ္ပံု #CNCMC

~~~~~~~~⊰❂ unicode ~~~~~~~~

မယ်ဆိုင်မြို့တွင် ငွေဒင်္ဂါးပြားဟောင်းအတု ရောင်းမိသည့်မြန်မာနိုင်ငံသားနှစ်ဦး CNCMC အကူအညီဖြင့် နေရပ်ပြန်နိုင်
************
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ငွေထည်လုပ်ငန်းသို့် ငွေဒင်္ဂါးပြားဟောင်းအတု ရောင်းချသည်ဟု စွပ်စွဲခံရသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းယွန်းကျေးရွာအုပ်စု ပိန်းခမ်းကျေးရွာသားနှစ်ဦးအား မတ်လ (၂၉) ရက်နေ့တွင် တာချီလိတ်မြို့အခြေစိုက် CNCMC က မယ်ဆိုင်မြို့သို့ သွားရောက်ညှိနှိုင်းပေးရကြောင်း သိရသည်။

“သူတို့တွေကလည်း တကယ်ပဲ ရိုးရိုးသားသား မသိလို့ဆိုတော့ ဝယ်ထားတဲ့ငွေပြားတွေအတွက် ပိုက်ဆံကို ပြန်ပေးပါမယ်။ ကျန်တဲ့တစ်ချို့တစ်ဝက်ကိုတော့ နောက်တစ်ခေါက် ပြန်လာပေးပါမယ်ပေါ့။ ဒီလိုညှိနှိုင်းပေးတော့ ဝယ်တဲ့ဆိုင်ရှင်ကလည်း ဒါကို လက်ခံပါတယ်။ ရဲကိုလည်း အကျိုးအကြောင်း ပြောပြရတာပေါ့”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)၏ လုပ်ငန်းအကောင်အထည်ဖေါ်ရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။

မိုင်းဆတ်မြို့နယ် မိုင်းယွန်းကျေးရွာအုပ်စု ပိန်းခမ်းကျေးရွာနေ မောင်ညီစွာနှင့် မောင်ညီခွက်တို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ငွေထည်ဆိုင်တွင် ငွေပြားဟောင်းရောင်းချနိုင်ကြောင်း ဆက်စပ်ပေးမှုကြောင့် တရုတ်နိုင်ငံမှ ဝင်လာသည့် အပေါ်ယံငွေရည်စိမ်ငွေဒင်္ဂါးများအား တစ်ပြားလျှင် ထိုင်းဘတ်(၈၀)နှုံးဖြင့် ဝယ်ယူပြီး ဘတ်(၁၀၀)ဖြင့် မယ်ဆိုင်မြို့သို့ လာရောက်ရောင်းချခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် အတုအစစ်မခွဲတတ်ကြောင်း ၎င်းတို့နှစ်ဦး၏ ပြောပြချက်အရ သိရသည်ဟု CNCMC က ဆိုသည်။

“သူတို့က မယ်ဆိုင်ကိုရောက်ဖူးတာ နှစ်ကြိမ်ပဲရှိသေးတယ်လို့ပြောတယ်။ သူများက ဆက်စပ်ပေးတာပေါ့။ ဒီမှာ ငွေဟောင်းပြားတွေ ဝယ်တယ်ဆိုတော့ သူတို့က နယ်ကနေ ငွေဟောင်းပြားတွေ လိုက်ဝယ်တယ်။ ဝယ်တဲ့သူက လွန်ခဲ့တဲ့သုံးလေးရက်လောက်က သူတို့ရောင်းထားတာ စစ်လိုက်တော့ အတုတွေ ဖြစ်နေတော့ ရဲကို ကြိုတင်အကြောင်းကြားထားတာပေါ့”ဟု ဦးစည်သူမောင်က ပြောသည်။

အဆိုပါ ငွေပြားဟောင်းများသည် ဝယ်ယူထားသည့် မယ်ဆိုင်မှ ငွေထည်ဆိုင်ပိုင်ရှင်အား မတ်လ (၂၉) ရက်နေ့တွင် ပထမအကြိမ်က ဝယ်ယူထားသည့် ငွေပြားဟောင်း (၉၀)အတွက် ငွေတစ်ချို့တစ်ဝက်အား ပြန်လည်ပေးအပ်ခဲ့ပြီး ကျန်ရှိငွေများ ပေးအပ်ပြီးပါက ၎င်းတို့၏ ငွေပြားဟောင်းအတုများအား ဆိုင်ရှင်က ပြန်လည်ပေးအပ်မည်ဟု ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ #CNCMC

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~