ဆိုင္ကယ္ပါဝါအိတ္ေဇာနွင့္ သံစံုဟြန္းမ်ားအား လမ္းႀကိတ္စက္ျဖင့္ ဖ်က္ဆီး

ဆိုင္ကယ္ပါဝါအိတ္ေဇာနွင့္ သံစံုဟြန္းမ်ားအား လမ္းႀကိတ္စက္ျဖင့္ ဖ်က္ဆီး
မတ် 31, 2017
By 🌸
အမ်ားျပည္သူအား အသံဆူညံမႈျဖင့္အေနွာင့္အယွက္ျဖစ္ေစသည့္ ပါဝါအိတ္ေဇာႏွင့္ သံစံုဟြန္းမ်ား တပ္ဆင္ ေမာင္းႏွင္သည့္ ဆိုင္ကယ္မ်ားမွ ျဖဳတ္၍သိမ္းဆည္းထားသည့္ ပါဝါအိတ္ေဇာ (၂၅၅)ခုႏွင့္ သံစံုဟြန္း (၁၁၀) တို႔အား ေခ်ာက္ၿမိဳ႕တြင္ မတ္လ(၃၁)ရက္ေန႔က လမ္းႀကိတ္စက္ျဖင့္ ဖ်က္ဆီးပစ္လိုက္ေၾကာင္း သိရသည္။

ယာဥ္ထိန္းတပ္ဖြဲ႕က ဖမ္းဆီးရမိထားသည့္ ပါဝါအိတ္ေဇာမ်ားႏွင့္ သံစံုဟြန္းမ်ားအား ေခ်ာက္ၿမိဳ ့နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးေရွ႕ အမွတ္(၁၀)ရပ္ကြက္၊ ပတၲျမားရပ္ရိွ လမ္းမေတာ္လမ္းတြင္ အမ်ားျပည္သူေရွ႕၌ ဖ်က္ဆီးလိုက္ျခင္းျဖစ္သည္။

"အထူးသျဖင့္ သၾကၤန္အခါဆိုရင္ ဟြန္းသံ၊ အိတ္ေဇာသံဆူညံေအာင္လုပ္ၿပီး စီးနင္းေနၾကတာေၾကာင့္ အမ်ားျပည္သူမွာ စိတ္အေႏွာင့္အယွက္ျဖစ္ရတယ္။ ဒါ့ေၾကာင့္ အခုလို လုပ္လိုက္တာကို ကၽြန္ေတာ္တို႔ကေတာ့ အားေပးတယ္"ဟု ေခ်ာက္ၿမိဳ ့ေဒသခံကိုဝင္းက ေျပာသည္။

ယင္းသို႔ ဖ်က္ဆီးပစ္သည့္အေျခအေနအား ေခ်ာက္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ိဳးသန္း၊ ေခ်ာက္ၿမိဳ႕နယ္မွဴး ရဲမွဴး ဦးေအးလြင္၊ ေခ်ာက္ၿမိဳ႕ မ ရဲစခန္းမွဴး ဒုရဲမွဴး ဦးခင္ေမာင္ေ႐ႊ ၊ ယဥ္/လမ္းစည္းကမ္း တာဝန္ခံ ရဲအရာခံ မ်ိဳးျမင့္ေအာင္နွင့္ တပ္ဖြဲ႕ဝင္မ်ား ၊ ေခ်ာက္ၿမိဳ ့နယ္ အား/ကာ ဦးစီးမွဴး ဦးေက်ာ္ေက်ာ္ဦး၊ ေခ်ာက္ၿမိဳ႕နယ္ စည္ပင္ (ေခတၱ)အမႈေဆာင္အရာရိွ ဦးခိုင္ေဇာ္မိုး၊ ေခ်ာက္ၿမိဳ႕ နယ္ စည္ပင္ေကာ္မတီ အဖြဲ႕ဝင္ ဦးလွမင္းနွင့္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ေဒသခံျပည္သူမ်ား စုစုေပါင္း (၁၅၀) ဦးခန္႔ လာေရာက္ၾကည့္ရႈၾကေၾကာင္း သိရသည္။

 သတင္း၊ ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~

ဆိုင်ကယ်ပါဝါအိတ်ဇောနှင့် သံစုံဟွန်းများအား လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး
************
အများပြည်သူအား အသံဆူညံမှုဖြင့်အနှောင့်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောနှင့် သံစုံဟွန်းများ တပ်ဆင် မောင်းနှင်သည့် ဆိုင်ကယ်များမှ ဖြုတ်၍သိမ်းဆည်းထားသည့် ပါဝါအိတ်ဇော (၂၅၅)ခုနှင့် သံစုံဟွန်း (၁၁၀) တို့အား ချောက်မြို့တွင် မတ်လ(၃၁)ရက်နေ့က လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။
ယာဉ်ထိန်းတပ်ဖွဲ့က ဖမ်းဆီးရမိထားသည့် ပါဝါအိတ်ဇောများနှင့် သံစုံဟွန်းများအား ချောက်မြို ့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ အမှတ်(၁၀)ရပ်ကွက်၊ ပတ္တမြားရပ်ရှိ လမ်းမတော်လမ်းတွင် အများပြည်သူရှေ့၌ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
"အထူးသဖြင့် သင်္ကြန်အခါဆိုရင် ဟွန်းသံ၊ အိတ်ဇောသံဆူညံအောင်လုပ်ပြီး စီးနင်းနေကြတာကြောင့် အများပြည်သူမှာ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ဒါ့ကြောင့် အခုလို လုပ်လိုက်တာကို ကျွန်တော်တို့ကတော့ အားပေးတယ်"ဟု ချောက်မြို ့ဒေသခံကိုဝင်းက ပြောသည်။
ယင်းသို့ ဖျက်ဆီးပစ်သည့်အခြေအနေအား ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမျိုးသန်း၊ ချောက်မြို့နယ်မှူး ရဲမှူး ဦးအေးလွင်၊ ချောက်မြို့ မ ရဲစခန်းမှူး ဒုရဲမှူး ဦးခင်မောင်ရွှေ ၊ ယဉ်/လမ်းစည်းကမ်း တာဝန်ခံ ရဲအရာခံ မျိုးမြင့်အောင်နှင့် တပ်ဖွဲ့ဝင်များ ၊ ချောက်မြို ့နယ် အား/ကာ ဦးစီးမှူး ဦးကျော်ကျော်ဦး၊ ချောက်မြို့နယ် စည်ပင် (ခေတ္တ)အမှုဆောင်အရာရှိ ဦးခိုင်ဇော်မိုး၊ ချောက်မြို့ နယ် စည်ပင်ကော်မတီ အဖွဲ့ဝင် ဦးလှမင်းနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၅၀) ဦးခန့် လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
 သတင်း၊ ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~