ဧပြီ ၁ ရက်တွင် စတင်မည့် အခွန်ဥပဒေအကြောင်း ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်း
ဧပြီ ၁ ရက်တွင် စတင်မည့် အခွန်ဥပဒေအကြောင်း ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်း
မတျ 24, 2017
By Tachileik News Agency
၂၀၁၇ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် စတင် ကျင့်သုံးမည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် ဒေသတွင်း ပြည်သူများအား သိရှိနိုင်ရေး အတွက် ရှမ်းပြည်နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးတွင် မတ်လ (၂၂) ရက်နေ့က အခွန်ဥပဒေရှင်းလင်းပွဲ ကျင်းပသည်။
သတင်း/ဓာတ်ပုံ- နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၇ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် စတင် ကျင့်သုံးမည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် ဒေသတွင်း ပြည်သူများအား သိရှိနိုင်ရေး အတွက် ရှမ်းပြည်နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးတွင် မတ်လ (၂၃) ရက်နေ့က အခွန်ဥပဒေရှင်းလင်းပွဲ ကျင်းပသည်။
“ကျင့်သုံးရမယ့် ဥပဒဖြေစ်လို့ ဒီမတိုင်ခင်ကို သိစေချင်တာ တစ်ချက်ရယ်၊ နောက်တစ်ချက်က မြို့နယ် တစ်ခုချင်း အလိုက်ကို သွားပြီးပြောမယ်ဆိုရင် ကျွန်တော့်ဆီမှာ (၈၅) မြို့နယ် ရှိတယ်။ အဲဒီမှာ ကျွန်တော်က သွားပြောရမှာ ဖြစ်ပါတယ်။ အခုလွှတ်တော်ကိုယ်စားလှယ်က အဲဒီမြို့နယ်မှာ တက်ရောက်လာတဲ့ သူဖြစ်တဲ့ အတွက်ကြောင့် သူတို့ (၂၄) ရက်နေ့မှာ ပြန်သွားတဲ့ နောက်ပိုင်းမှာ အခွန်ကိစ္စတွေနဲ့ ပတ်သက်လို့ သိချင်တာရှိရင် တစ်ဆင့် ပြန်ပြောသွားတယ်ဆိုရင် ရှမ်းပြည်နယ် တစ်ခုလုံးကို အခွန်ကိစ္စနဲ့ ပတ်သက်လို့ သိသွား နိုင်မယ်လို့ ယူဆတာကြောင့် လွှတ်တော် ကိုယ်စားလှယ် အားလုံးကို ခေါ်ယူခြင်း ဖြစ်ပါတယ်” ဟု ပြည်တွင်း အခွန်ဦးစီးဌာန၊ ရှမ်းပြည်နယ် အခွန်ဦးစီးဌာနရုံး၊ ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီ ကပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ- နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~