မိုင္းျဖတ္တြင္ ၂၂ ဘီးကားႏွင့္ ဆုိင္ကယ္ မ်က္ႏွာခ်င္းဆိုင္တိုက္မိ တစ္ဦးဒဏ္ရာရ

မိုင္းျဖတ္တြင္ ၂၂ ဘီးကားႏွင့္ ဆုိင္ကယ္ မ်က္ႏွာခ်င္းဆိုင္တိုက္မိ တစ္ဦးဒဏ္ရာရ
မတ် 29, 2017
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းျဖတ္ၿမိဳ႕ ၾကက္ေျခနီရံုးေရွ႕တြင္ မတ္လ(၂၉)ရက္ေန႔ နံနက္(၉)နာရီခြဲအခ်ိန္က (၂၂) ဘီးယာဥ္ႏွင့္ ဆိုင္ကယ္တစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိရာ ဆိုင္ကယ္ေမာင္းႏွင္သူမွာ ဒဏ္ရာစိုးရိမ္ရသျဖင့္ က်ဳိင္းတံုၿမိဳ႕အမွတ္(၃)တပ္မေတာ္ေဆး႐ံု ကုတင္(၃၀၀)သို႔ လႊဲေျပာင္းကုသမႈခံယူေနရေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ဘက္မွ က်ိဳင္းတံုၿမိဳ႕ဘက္သို႔ ယာဥ္ေမာင္း စိုင္းေနဝင္း ေမာင္းႏွင္လာသည့္ (၂၂) ဘီးကုန္တင္ယာဥ္ႏွင့္ မိုင္းျဖတ္ၿမိဳ႕ဘက္မွ တာခ်ီလိတ္ၿမိဳ႕ဘက္သို႔ ယာဥ္ေမာင္း တပ္သား သန္းႏုိင္ ေမာင္းႏွင္လာၿပီး အမ်ိဳးသားတစ္ဦးလိုက္ပါလာသည့္ ဆိုင္ကယ္တို႔ မိုင္းျဖတ္ၿမိဳ႕ ၾကက္ေျခနီရံုးေရွ႕ မိုင္တိုင္အမွတ္ (၇၁၇/ ၇၁၈)ေရွ႕တြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သည့္ တပ္သား သန္းႏိုင္မွာ ဒဏ္ရာျပင္းထန္စြာရသြားၿပီး မုိင္းျဖတ္ၿမိဳ႕ အမွတ္(၁) တပ္မေတာ္ေဆး႐ံု ကုတင္(၁၀၀)သို႔ ပို႔ေဆာင္ထားရာမွ အေျခအေနစိုးရိမ္ရသျဖင့္ က်ိဳင္းတံု ေဆးရံုသို႔ လႊဲေျပာင္းလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းႏွစ္ဦးျဖစ္သည့္ စိုင္းေနဝင္းႏွင့္ တပ္သား သန္းႏုိင္တို႔အား အမႈဖြင့္ေဆာင္ရြက္ႏုိင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းဖြတ်တွင် ၂၂ ဘီးကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးဒဏ်ရာရ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့ ကြက်ခြေနီရုံးရှေ့တွင် မတ်လ(၂၉)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က (၂၂) ဘီးယာဉ်နှင့် ဆိုင်ကယ်တစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူမှာ ဒဏ်ရာစိုးရိမ်ရသဖြင့် ကျိုင်းတုံမြို့အမှတ်(၃)တပ်မတော်ဆေးရုံ ကုတင်(၃၀၀)သို့ လွှဲပြောင်းကုသမှုခံယူနေရကြောင်း သိရသည်။

တာချီလိတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ ယာဉ်မောင်း စိုင်းနေဝင်း မောင်းနှင်လာသည့် (၂၂) ဘီးကုန်တင်ယာဉ်နှင့် မိုင်းဖြတ်မြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ ယာဉ်မောင်း တပ်သား သန်းနိုင် မောင်းနှင်လာပြီး အမျိုးသားတစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်တို့ မိုင်းဖြတ်မြို့ ကြက်ခြေနီရုံးရှေ့ မိုင်တိုင်အမှတ် (၇၁၇/ ရ၁၈)ရှေ့တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သည့် တပ်သား သန်းနိုင်မှာ ဒဏ်ရာပြင်းထန်စွာရသွားပြီး မိုင်းဖြတ်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ ပို့ဆောင်ထားရာမှ အခြေအနေစိုးရိမ်ရသဖြင့် ကျိုင်းတုံ ဆေးရုံသို့ လွှဲပြောင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးဖြစ်သည့် စိုင်းနေဝင်းနှင့် တပ်သား သန်းနိုင်တို့အား အမှုဖွင့်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~