နားေကာင္းမူတြင္ လွည့္ကင္းေဆာင္ရြက္စဥ္ မူးယစ္ေဆးေရာင္းခ်သူအား ဖမ္းဆီးရမိ

နားေကာင္းမူတြင္ လွည့္ကင္းေဆာင္ရြက္စဥ္ မူးယစ္ေဆးေရာင္းခ်သူအား ဖမ္းဆီးရမိ
မတ် 11, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းတံုၿမိဳ႕နယ္ ၊ ပံုပါက်င္ၿမိဳ႕ မိုင္းဟန္ေက်းရြာအုပ္စု၊ နားေကာင္းမူေက်းရြာ ေအာင္မဂၤလာရပ္ကြက္(၄)တြင္ မတ္လ (၁၀)ရက္ေန႔ ည(၉)နာရီခြဲအခ်ိန္ခန္႔က ရဲတပ္ဖြဲ႕မွ နယ္ေျမကင္း လွည့္ေနစဥ္ မသကၤာဖြယ္ေတြ႕ရသူအား စစ္ေဆးရာမွ စိတ္ၾကြေဆးျပား(၃၁၀)ႏွင့္ဘိန္းစိမ္းမ်ားအား ဖမ္းဆီးရမိေၾကာင္း သိရသည္။
နားေကာင္းမူရဲတပ္ဖြဲ႕ ဦးေဆာင္သည့္ လွည့္ကင္းအဖြဲ႕သည္ လံုၿခံဳေရး ေဆာင္ရြက္ေနစဥ္ မသကၤာဖြယ္ ေတြ႕ရိွရသူ ေ႐ွာက္လူ(က်ား)ဆိုသူအား စစ္ေဆးရာမွ ၎ထံမွ ေကာ္ဘူးငယ္ျဖင့္ ထည့္ထားသည့္ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၄၀)ပါ တစ္ဘူးႏွင့္ (၇၅)ျပားပါဝင္သည့္ ေကာ္ဘူးမ်ားကို ရွာေဖြေတြ႕ရိွရေၾကာင္း သိရသည္။
ဆက္လက္ၿပီး ၎၏ေနအိမ္အား ရွာေဖြရာ အိပ္ယာေခါင္းအံုးေအာက္တြင္ အိတ္ျဖင့္ ထည့္ထားသည့္ စိတ္ၾကြေဆးျပား (၁၉၅)ျပားႏွင့္ အိပ္ခန္းနံရံတြင္ ခ်ိတ္ထားသည့္ အိတ္အတြင္းမွ ဘိန္းစိမ္းဟု ယူဆရသည့္ အမဲေရာင္အေစး (၅၀)ဂရမ္တို႔အား ထပ္မံသိမ္းဆည္းရမိၿပီး စုစုေပါင္း စိတ္ၾကြေဆးျပား (၃၁၀)၊ ေဒသတန္ဖိုး က်ပ္(၃၁၀၀၀၀)ႏွင့္ ဘိန္းစိမ္း(၅၀)ဂရမ္၊ ေဒသတန္ဖိုး က်ပ္(၅၀၀၀၀)တို႔အား သက္ေသမ်ားေရွ႕တြင္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေရွာက္လူအား နားေကာင္းမူနယ္ေျမရဲစခန္းတြင္ မယ(ပ)၁/၂၀၁၇ မူးယစ္ေဆးဝါးႏွင့္ စိတ္ကုိေျပာင္းလဲေစႏိုင္ေသာေဆးဝါးမ်ားဥပေဒပုဒ္မ ၁၅/၁၉(က)အရ အမွဳဖြင့္အေရးယူထားေၾကာင္း သိရသည္။
သတင္း - ေအာင္ေဇယ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူကျေးရွာ အောင်မင်္ဂလာရပ်ကွက်(၄)တွင် မတ်လ (၁၀)ရက်နေ့ ည(၉)နာရီခွဲအချိန်ခန့်က ရဲတပ်ဖွဲ့မှ နယ်မြေကင်း လှည့်နေစဉ် မသင်္ကာဖွယ်တွေ့ရသူအား စစ်ဆေးရာမှ စိတ်ကြွဆေးပြား(၃၁၀)နှင့်ဘိန်းစိမ်းများအား ဖမ်းဆီးရမိကြောင်း သိရသည်။

နားကောင်းမူရဲတပ်ဖွဲ့ ဦးဆောင်သည့် လှည့်ကင်းအဖွဲ့သည် လုံခြုံရေး ဆောင်ရွက်နေစဉ် မသင်္ကာဖွယ် တွေ့ရှိရသူ ရှောက်လူ(ကျား)ဆိုသူအား စစ်ဆေးရာမှ၎င်းထံမှ ကော်ဘူးငယ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား(၄၀)ပါ တစ်ဘူးနှင့် (၇၅)ပြားပါဝင်သည့် ကော်ဘူးများကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်ပြီး၎င်း၏နေအိမ်အား ရှာဖွေရာ အိပ်ယာခေါင်းအုံးအောက်တွင် အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား (၁၉၅)ပြားနှင့် အိပ်ခန်းနံရံတွင် ချိတ်ထားသည့် အိတ်အတွင်းမှ ဘိန်းစိမ်းဟု ယူဆရသည့် အမဲရောင်အစေး (၅၀)ဂရမ်တို့အား ထပ်မံသိမ်းဆည်းရမိပြီး စုစုပေါင်း စိတ်ကြွဆေးပြား (၃၁၀)၊ ဒေသတန်ဖိုး ကျပ်(၃၁၀၀၀၀)နှင့် ဘိန်းစိမ်း(၅၀)ဂရမ်၊ ဒေသတန်ဖိုး ကျပ်(၅၀၀၀၀)တို့အား သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ရှောက်လူအား နားကောင်းမူနယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~