နမၼတူၿမိဳ႕နယ္အတြင္းေက်းရြာႏွစ္ရြာမွ ေဒသခံ (၄၀)ေက်ာ္အား TNLAမွ ဖမ္းဆီးေခၚေဆာင္ထား

နမၼတူၿမိဳ႕နယ္အတြင္းေက်းရြာႏွစ္ရြာမွ ေဒသခံ (၄၀)ေက်ာ္အား TNLAမွ ဖမ္းဆီးေခၚေဆာင္ထား
မတ် 13, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမၼတူၿမိဳ႕နယ္အတြင္းရွိ မိုင္းတတ္ေက်းရြာႏွင့္ မိုင္းဆင္ေက်းရြာတို႔တြင္ TNLA လက္နက္ကိုင္ တပ္ဖြဲ႔က ေဒသခံ ၄၀ ေက်ာ္အား မတ္လ (၁၀)ရက္ႏွင့္ မတ္လ(၁၁) ရက္ေန႔မ်ားတြင္ ဖမ္းဆီး ေခၚေဆာင္သြားသည္ဟု နမၼတူၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးရံုးက မတ္လ (၁၃)ရက္ေန႔တြင္ အတည္ျပဳ ေျပာၾကားသည္။
“ကြ်န္ေတာ္တို႔ ဆီမွာရွိတဲ့ တရားဝင္သတင္းအရဆိုရင္ေတာ့ မိုင္းတတ္နဲ႔ မိုင္းဆင္ေက်းရြာက လူဦးေရ (၄၀) ကို ေခၚေဆာင္သြားခဲ့တယ္လို႔ပဲ သိထားပါတယ္။ ကြ်န္ေတာ္တို ႔နယ္ေျမအပိုင္ထဲက ရြာႏွစ္ရြာက ပါသြားတဲ့ လူဦးေရကိုပဲ သိပါတယ္။ က်န္တဲ့ရြာေတြကေတာ့ မသိထားပါဘူး “ဟု နမၼတူၿမိဳ့နယ္ရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက ေျပာသည္။
TNLA လက္နက္ကိုင္တပ္ဖြဲ႔က မတ္လ (၁၀) ရက္ေန႔ ညပိုင္းက နမၼတူၿမိဳ့နယ္ မိိုင္းတတ္ေက်းရြာတြင္ ေဒသခံမ်ားအား ဖမ္းဆီး ေခၚေဆာင္စဥ္ အဆိုပါ ေက်းရြာမွ ဦးထြန္းလူ(ခ) ဦးဆန္စိုင္းအား ေသနတ္ျဖင့္ ပစ္ခတ္ရာ ေသဆံုးသြားေၾကာင္း မိုင္းတတ္ေဒသခံတစ္ဦးထံမွ သိရသည္။
“လူသစ္စုတဲ့ အေနနဲ႔  နမၼတူနယ္ထဲက ေက်းရြာေတြက ေဒသခံေတြကိုလာၿပီး ေခၚသြားတယ္လို႔ သိရတယ္ဗ်။ နမၼတူ ၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ စုစုေပါင္း ေက်းရြာ (၅)ခုေလာက္က လူေတြပါသြားတယ္လို႔ သိရတယ္။ အေရအတြက္ အတိအက်ေတာ့ မသိဘူး။ လူသစ္လာစုတဲ့ အခ်ိန္မွာ မိုင္းတတ္ေက်းရြာက လူတစ္ေယာက္လည္း ေသဆံုးခဲ့ရေသးတယ္“ဟု အမည္မေဖာ္လိုသည့္ ေဒသခံက ေျပာသည္။
နမၼတူၿမိဳ႕နယ္အတြင္း ယခင္က မၾကာခဏ ျဖစ္ပြားသည့္ တုိက္ပြဲမ်ားေၾကာင့္ ေက်းရြာအခ်ိဳ႕မွ ေဒသခံမ်ားမွာ နမၼတူၿမိဳ႕ စစ္ေရွာင္စခန္းမ်ားတြင္ ခိုလံႈေနရဆဲျဖစ္သည္။
                                                                                                     
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်အတွင်းရှိ မိုင်းတတ်ကျေးရွာနှင့် မိုင်းဆင်ကျေးရွာတို့တွင် TNLA လက်နက်ကိုင် တပ်ဖွဲ့က ဒေသခံ ၄၀ ကျော်အား မတ်လ (၁၀)ရက်နှင့် မတ်လ(၁၁) ရက်နေ့များတွင် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မတ်လ (၁၃)ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

“ကျွန်တော်တို့ ဆီမှာရှိတဲ့ တရားဝင်သတင်းအရဆိုရင်တော့ မိုင်းတတ်နဲ့ မိုင်းဆင်ကျေးရွာက လူဦးရေ (၄၀) ကို ခေါ်ဆောင်သွားခဲ့တယ်လို့ပဲ သိထားပါတယ်။ ကျွန်တော်တို့နယ်မြေအပိုင်ထဲက ရွာနှစ်ရွာက ပါသွားတဲ့ လူဦးရေကိုပဲ သိပါတယ်။ ကျန်တဲ့ရွာတွေကတော့ မသိထားပါဘူး “ဟု နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

TNLA လက်နက်ကိုင်တပ်ဖွဲ့က မတ်လ (၁၀) ရက်နေ့ ညပိုင်းက နမ္မတူမြို့နယ် မိုင်းတတ်ကျေးရွာတွင် ဒေသခံများအား ဖမ်းဆီး ခေါ်ဆောင်စဉ် အဆိုပါ ကျေးရွာမှ ဦးထွန်းလူ(ခ) ဦးဆန်စိုင်းအား သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားကြောင်း မိုင်းတတ်ဒေသခံတစ်ဦးထံမှ သိရသည်။

“လူသစ်စုတဲ့ အနေနဲ့ နမ္မတူနယ်ထဲက ကျေးရွာတွေက ဒေသခံတွေကိုလာပြီး ခေါ်သွားတယ်လို့ သိရတယ်ဗျ။ နမ္မတူ မြို့နယ်ထဲက ကျေးရွာတွေမှာ စုစုပေါင်း ကျေးရွာ (၅)ခုလောက်က လူတွေပါသွားတယ်လို့ သိရတယ်။ အရေအတွက် အတိအကျတော့ မသိဘူး။ လူသစ်လာစုတဲ့ အချိန်မှာ မိုင်းတတ်ကျေးရွာက လူတစ်ယောက်လည်း သေဆုံးခဲ့ရသေးတယ်“ဟု အမည်မဖော်လိုသည့် ဒေသခံက ပြောသည်။

နမ္မတူမြို့နယ်အတွင်း ယခင်က မကြာခဏ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကျေးရွာအချို့မှ ဒေသခံများမှာ နမ္မတူမြို့ စစ်ရှောင်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~