ေတာင္ႀကီး ညေစ်းတန္း ပံုစံသစ္ေတြ ေစ်းသည္မ်ား စည္းကမ္းမလိုက္နာပါက ေရာင္းခ်ခြင့္ျပဳမည္ မဟုတ္

ေတာင္ႀကီး ညေစ်းတန္း ပံုစံသစ္ေတြ ေစ်းသည္မ်ား စည္းကမ္းမလိုက္နာပါက ေရာင္းခ်ခြင့္ျပဳမည္ မဟုတ္
မတ် 16, 2017
By Tachileik News Agency
ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕မေစ်းအနီး ညေစ်းတန္းအား ခင္းက်င္းမႈပံုစံ ေျပာင္းလဲမည္ျဖစ္ၿပီး စည္းကမ္း မလိုက္နာသည့္ ေစ်းသည္မ်ားကို ဆက္လက္ ေရာင္းခ်ခြင့္ျပဳမည္ မဟုတ္ေတာ့ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။
“ညေစ်းဆိုတာက ေန႔ခင္းပိုင္း ေစ်းေရာင္းတဲ့သူေရာ ညပိုင္းေရာင္းတဲ့သူေရာ ရွိတယ္။ သူတို႔ရဲ႕ ခင္းက်င္းမႈ ပံုစံေတြ ေျပာင္းရမယ္။ မိုးကာေတြ ပစၥည္းေတြ ဒီတိုင္း မထားခဲ့ရဘူး။ ညေစ်းေရာ၊ ေန႔ခင္းေစ်းေရာ က်န္တဲ့ ပစၥည္းေတြ အကုန္သယ္သြားရပါမယ္။ ညေစ်းေရာင္းတဲ့ ေနရာမွာလည္း ေရေျမာင္းေတြလုပ္မယ္ ။ သန္႔သန္႔ ရွင္းရွင္း လုပ္ရမယ္။ ဒါကိုမွ မလိုက္နာႏိုင္တဲ့ သူဆိုရင္ ေရာင္းခြင့္ မျပဳေတာ့ဘူး”ဟု ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရွိ ဦးေအးကိုက ေျပာသည္။ 
ညေစ်းအား အဆင့္ျမႇင့္တင္ ေဆာင္ရြက္ရန္အတြက္ ေကာ္မတီျဖင့္ ညိႇႏိႈင္းသေဘာတူညီမႈ ရရိွထားၿပီး ျဖစ္ေၾကာင္း သိရသည္။ 
“ေကာ္မတီအဖြဲ႕ေတြနဲ႔လည္း ညိႇၿပီးၿပီ။ ညေစ်းအဆင့္ျမႇင့္တင္ ေဆာင္ရြက္ဖို႕ စည္းကမ္းေတြကို လိုက္နာမယ္လို႔လည္း သူတို႔ကတိျပဳထားၿပီး ပါၿပီ။ ညေစ်းနာရီစင္နားမွာလည္း အမ်ားသံုး သန္႔စင္ခန္း လုပ္မယ္။ ေတာင္ဘက္အျခမ္း မွာလည္း ေျမာက္ဘက္အျခမ္းကလိုပဲ စတီးတိုင္ေတြတပ္ၿပီး လမ္းႏွစ္လမ္းေဖာ္မွာပါ။ အလယ္မွာေစ်း ေရာင္းၿပီးေတာ့ ေဘးႏွစ္ဖက္ကလမ္းကို အဝင္အထြက္ သြားလာဖို႔လုပ္မယ္။ အဲဒီဘက္မွာ ေစ်းေရာင္းခ်ေနတဲ႕ အိမ္ရွင္ေတြ က်ဴးေက်ာ္ေနတာကိုလည္း ဖ်က္ပစ္မယ္။ ဖ်က္ဖို႔အတြက္ကိုလည္း သူတို႔ကိုအေၾကာင္း ၾကားထားၿပီးပါၿပီ” ဟု ဦးေအးကိုက ေျပာသည္။ 
ၿမိဳ႕မေစ်းေတာင္ဘက္ရိွ ညေစ်းတန္းမွာ ေန႔ပိုင္းတြင္ ျပန္က်ေစ်းသည္မ်ား ေန႔လယ္ (၁၂)နာရီအထိ ေရာင္းခ်ခြင့္ျပဳထားျပီး ညပိုင္းတြင္ ညေန(၃)နာရီမွ ညပိုင္းအထိ ေစ်းေရာင္းခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။ 
“ပလက္ေဖာင္းရွိထားတဲ့ ဘက္ကိုလည္း ေရေျမာင္းျပန္ျပင္ရင္ေတာ့ သန္႕ရွင္းၿပီး ေရေျမာင္းေတြက က်ယ္သြားမယ္ေလ။ အဲဒီမွာက်ဴးေနတဲ့ ေစ်းေရာင္းခ်ေနတဲ့ အိမ္ရွင္ေတြက (၈)ေပ ကေန (၁၂)ေပအထိ က်ဴးေက်ာ္တာေတြ ျဖစ္ေနတယ္။ အဲဒီေနရာမွာ ေသခ်ာတိုင္းၿပီးေတာ့ ပလက္ေဖာင္းလုပ္လိုက္ရင္ လမ္းက ပိုက်ယ္သြားမယ္။ ညေစ်းနဲ႔  ေန႕ခင္းေစ်း ကို သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္လို႕ ေခတ္နဲ႕အညီ သန္႕ရွင္းမႈ ရွိေအာင္လို႔ ျပင္ဆင္ေနတာပါ။ ဒါကိုမွ ေစ်းသည္ေတြက မလိုက္နာရင္ ေရာင္းခြင့္ မျပဳေတာ့ပါဘူး။ ဒီလိုလုပ္ရတာကလည္း ေရာင္းသူေရာ၀ယ္သူေရာ အဆင္ေျပေအာင္ စီမံေဆာင္ရြက္ေနတာျဖစ္ပါတယ္” ဟု ဦးေအးကိုက ေျပာသည္။ 
အဆိုပါ ညေစ်းတန္းမွာ ၿမိဳ႕မေစ်းႏွင့္အတူ ၁၉၉၀ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ညေစ်းတန္း ေစ်းသည္မ်ားမွာ မနက္ပိုင္း ေစ်းသည္ (၅၀၀) ခန္႔ရွိၿပီး ညေစ်းသည္ (၇၀) ေက်ာ္ ရွိေၾကာင္း သိရသည္။
သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးမြို့၊ မြို့မဈေးအနီး ညဈေးတန်းအား ခင်းကျင်းမှုပုံစံ ပြောင်းလဲမည်ဖြစ်ပြီး စည်းကမ်း မလိုက်နာသည့် ဈေးသည်များကို ဆက်လက် ရောင်းချခွင့်ပြုမည် မဟုတ်တော့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

“ညဈေးဆိုတာက နေ့ခင်းပိုင်း ဈေးရောင်းတဲ့သူရော ညပိုင်းရောင်းတဲ့သူရော ရှိတယ်။ သူတို့ရဲ့ ခင်းကျင်းမှု ပုံစံတွေ ပြောင်းရမယ်။ မိုးကာတွေ ပစ္စည်းတွေ ဒီတိုင်း မထားခဲ့ရဘူး။ ညဈေးရော၊ နေ့ခင်းဈေးရော ကျန်တဲ့ ပစ္စည်းတွေ အကုန်သယ်သွားရပါမယ်။ ညဈေးရောင်းတဲ့ နေရာမှာလည်း ရေမြောင်းတွေလုပ်မယ်။ သန့်သန့် ရှင်းရှင်း လုပ်ရမယ်။ ဒါကိုမှ မလိုက်နာနိုင်တဲ့ သူဆိုရင် ရောင်းခွင့် မပြုတော့ဘူး”ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကိုက ပြောသည်။

ညဈေးအား အဆင့်မြှင့်တင် ဆောင်ရွက်ရန်အတွက် ကော်မတီဖြင့် ညှိနှိုင်းသဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

“ကော်မတီအဖွဲ့တွေနဲ့လည်း ညှိပြီးပြီ။ ညဈေးအဆင့်မြှင့်တင် ဆောင်ရွက်ဖို့ စည်းကမ်းတွေကို လိုက်နာမယ်လို့လည်း သူတို့ကတိပြုထားပြီး ပါပြီ။ ညဈေးနာရီစင်နားမှာလည်း အများသုံး သန့်စင်ခန်း လုပ်မယ်။ တောင်ဘက်အခြမ်း မှာလည်း မြောက်ဘက်အခြမ်းကလိုပဲ စတီးတိုင်တွေတပ်ပြီး လမ်းနှစ်လမ်းဖော်မှာပါ။ အလယ်မှာဈေး ရောင်းပြီးတော့ ဘေးနှစ်ဖက်ကလမ်းကို အဝင်အထွက် သွားလာဖို့လုပ်မယ်။ အဲဒီဘက်မှာ ဈေးရောင်းချနေတဲ့ အိမ်ရှင်တွေ ကျူးကျော်နေတာကိုလည်း ဖျက်ပစ်မယ်။ ဖျက်ဖို့အတွက်ကိုလည်း သူတို့ကိုအကြောင်း ကြားထားပြီးပါပြီ” ဟု ဦးအေးကိုက ပြောသည်။

မြို့မဈေးတောင်ဘက်ရှိ ညဈေးတန်းမှာ နေ့ပိုင်းတွင် ပြန်ကျဈေးသည်များ နေ့လယ် (၁၂)နာရီအထိ ရောင်းချခွင့်ပြုထားပြီး ညပိုင်းတွင် ညနေ(၃)နာရီမှ ညပိုင်းအထိ ဈေးရောင်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

“ပလက်ဖောင်းရှိထားတဲ့ ဘက်ကိုလည်း ရေမြောင်းပြန်ပြင်ရင်တော့ သန့်ရှင်းပြီး ရေမြောင်းတွေက ကျယ်သွားမယ်လေ။ အဲဒီမှာကျူးနေတဲ့ ဈေးရောင်းချနေတဲ့ အိမ်ရှင်တွေက (၈)ပေ ကနေ (၁၂)ပေအထိ ကျူးကျော်တာတွေ ဖြစ်နေတယ်။ အဲဒီနေရာမှာ သေချာတိုင်းပြီးတော့ ပလက်ဖောင်းလုပ်လိုက်ရင် လမ်းက ပိုကျယ်သွားမယ်။ ညဈေးနဲ့ နေ့ခင်းဈေး ကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လို့ ခေတ်နဲ့အညီ သန့်ရှင်းမှု ရှိအောင်လို့ ပြင်ဆင်နေတာပါ။ ဒါကိုမှ ဈေးသည်တွေက မလိုက်နာရင် ရောင်းခွင့် မပြုတော့ပါဘူး။ ဒီလိုလုပ်ရတာကလည်း ရောင်းသူရောဝယ်သူရော အဆင်ပြေအောင် စီမံဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဦးအေးကိုက ပြောသည်။

အဆိုပါ ညဈေးတန်းမှာ မြို့မဈေးနှင့်အတူ ၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ညဈေးတန်း ဈေးသည်များမှာ မနက်ပိုင်း ဈေးသည် (၅၀၀) ခန့်ရှိပြီး ညဈေးသည် (၇၀) ကျော် ရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~