ေတာင္ႀကီးၿမိဳ႕တြင္ ေရရွားပါးသည့္ ရပ္ကြက္မ်ား ေႏြရာသီကာလအတြင္း ေရမျပတ္ရန္ အမ်ားသံုး ေရငုတ္မ်ား စီစဥ္ေပးမည္

ေတာင္ႀကီးၿမိဳ႕တြင္ ေရရွားပါးသည့္ ရပ္ကြက္မ်ား ေႏြရာသီကာလအတြင္း ေရမျပတ္ရန္ အမ်ားသံုး ေရငုတ္မ်ား စီစဥ္ေပးမည္
မတ် 22, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ေႏြရာသီ ေရရွားပါးသည့္ ရပ္ကြက္မ်ား၌ အမ်ားသံုး ေရငုတ္မ်ား ထားရိွေပးသြားရန္ စီစဥ္ထားေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။
“တကယ္လို႔ ေရမေရာက္ႏိုင္တဲ့ ေနရာဆိုရင္ အမ်ားသံုး ေရငုတ္တစ္ခုခုကို စီစဥ္ေပးမွာပါ။ ေရႊေတာင္မွာလည္း အမ်ားသံုးေရငုတ္ လုပ္ဖို႔ အစီအစဥ္ရွိတယ္။ ေဆာက္ဖို႔ေနရာ မေျပာရေသးလို႔ပါ။ ဒီႏွစ္မွာ ေရလံုလံု ေလာက္ေလာက္ ေပးႏိုင္ဖို႔ ေရအမွတ္က အမ်ားႀကီးရွိပါတယ္”ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရွိ ဦးေအးကို က ေျပာသည္။
ေက်ာင္းႀကီးစုရပ္ကြက္ရွိ ေရေပးေဝေနသည့္ ေတာင္ေက်ာင္းႀကီးကန္ ႏွင့္ ဂႏိုင္ကန္တို႔တြင္ ေရခန္း ေျခာက္မႈမ်ား ျဖစ္ေလ့ရိွၿပီး အဆုိပါ ရပ္ကြက္မ်ားမွ ေရမီတာစနစ္ျဖင့္ သံုးစြဲေနသည့္ အိမ္ေျခ ေလးေထာင္ေက်ာ္ ရွိေၾကာင္း သိရသည္။ 
“ေႏြရာသီေရာက္ေတာ့မယ္ ဆိုေတာ့ ေရရွားပါးမႈ မျဖစ္ေအာင္လို႔ မိုးတြင္းကတည္းက စီစဥ္ ေဆာင္ရြက္ထားတာရွိပါတယ္။ မႏွစ္ကလည္း ဒီလိုပါပဲ။ က်န္တဲ့ ရပ္ကြက္ေတြက ေရေတာ့ သိပ္မခန္းၾကဘူး။ ေရခန္းသြားတဲ့ ရပ္ကြက္ေတြကုိလည္း ျပန္ခ်ထားေပးပါတယ္။ ေရကို မီတာစနစ္နဲ႕ေျပာင္းထားေတာ့ ထိန္းသိမ္းၿပီးသား ျဖစ္သြားတယ္။ ေရအေလအလြင့္ နည္းသြားမယ္။ နည္းသြားမွလည္း ေရအျပည့္အဝ ေပးနိုင္မယ္။ ရုရွားကန္ကလည္း ေရသိုေလွာင္မႈမွာ မႏွစ္ကလည္း မခန္းဘူး။ ဒီႏွစ္က မႏွစ္ကထက္ေတာင္ ေရ က တက္ေနေသးတယ္။ ေရမီတာ တပ္ထားတဲ့ သူေတြ အတြက္ကေတာ့ ေရလံုေလာက္ေအာင္ ေပးနိုင္မယ္။ ေရမီတာ ထပ္ေလွ်ာက္ထားတဲ့ သူေတြအတြက္ လည္း ေရေပးနိုင္မယ္” ဟု ဦးေအးကိုက ေျပာသည္။
ေတာင္ႀကီးၿမိဳ႕တြင္ ေရေပးေဝေရးအတြက္ ရုရွားကန္၊ ေရထြက္ဦး၊ ထီသိမ္(ေက်ာက္တန္း)၊ နာေယာင္း၊ ေတာင္ေက်ာင္းႀကီးကန္ ႏွင့္ ဂနိုင္ကန္တို႔မွ ေရကို မီတာစနစ္ျဖင့္ ျဖန္႔ျဖဴးေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် နွေရာသီ ရေရှားပါးသည့် ရပ်ကွက်များ၌ အများသုံး ရေငုတ်များ ထားရှိပေးသွားရန် စီစဉ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

“တကယ်လို့ ရေမရောက်နိုင်တဲ့ နေရာဆိုရင် အများသုံး ရေငုတ်တစ်ခုခုကို စီစဉ်ပေးမှာပါ။ ရွှေတောင်မှာလည်း အများသုံးရေငုတ် လုပ်ဖို့ အစီအစဉ်ရှိတယ်။ ဆောက်ဖို့နေရာ မပြောရသေးလို့ပါ။ ဒီနှစ်မှာ ရေလုံလုံ လောက်လောက် ပေးနိုင်ဖို့ ရေအမှတ်က အများကြီးရှိပါတယ်”ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကို က ပြောသည်။

ကျောင်းကြီးစုရပ်ကွက်ရှိ ရေပေးဝေနေသည့် တောင်ကျောင်းကြီးကန် နှင့် ဂနိုင်ကန်တို့တွင် ရေခန်း ခြောက်မှုများ ဖြစ်လေ့ရှိပြီး အဆိုပါ ရပ်ကွက်များမှ ရေမီတာစနစ်ဖြင့် သုံးစွဲနေသည့် အိမ်ခြေ လေးထောင်ကျော် ရှိကြောင်း သိရသည်။

“နွေရာသီရောက်တော့မယ် ဆိုတော့ ရေရှားပါးမှု မဖြစ်အောင်လို့ မိုးတွင်းကတည်းက စီစဉ် ဆောင်ရွက်ထားတာရှိပါတယ်။ မနှစ်ကလည်း ဒီလိုပါပဲ။ ကျန်တဲ့ ရပ်ကွက်တွေက ရေတော့ သိပ်မခန်းကြဘူး။ ရေခန်းသွားတဲ့ ရပ်ကွက်တွေကိုလည်း ပြန်ချထားပေးပါတယ်။ ရေကို မီတာစနစ်နဲ့ပြောင်းထားတော့ ထိန်းသိမ်းပြီးသား ဖြစ်သွားတယ်။ ရေအလေအလွင့် နည်းသွားမယ်။ နည်းသွားမှလည်း ရေအပြည့်အဝ ပေးနိုင်မယ်။ ရုရှားကန်ကလည်း ရေသိုလှောင်မှုမှာ မနှစ်ကလည်း မခန်းဘူး။ ဒီနှစ်က မနှစ်ကထက်တောင် ရေ က တက်နေသေးတယ်။ ရေမီတာ တပ်ထားတဲ့ သူတွေ အတွက်ကတော့ ရေလုံလောက်အောင် ပေးနိုင်မယ်။ ရေမီတာ ထပ်လျှောက်ထားတဲ့ သူတွေအတွက် လည်း ရေပေးနိုင်မယ်” ဟု ဦးအေးကိုက ပြောသည်။

တောင်ကြီးမြို့တွင် ရေပေးဝေရေးအတွက် ရုရှားကန်၊ ရေထွက်ဦး၊ ထီသိမ်(ကျောက်တန်း)၊ နာယောင်း၊ တောင်ကျောင်းကြီးကန် နှင့် ဂနိုင်ကန်တို့မှ ရေကို မီတာစနစ်ဖြင့် ဖြန့်ဖြူးပေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~