ေတာင္ႀကီးၿမိဳ႕တြင္ လုယက္မႈမ်ား ေလ်ာ့က်ေရး လွည့္ကင္းအင္အားတိုးျမႇင့္ ေဆာင္ရြက္ေန

ေတာင္ႀကီးၿမိဳ႕တြင္ လုယက္မႈမ်ား ေလ်ာ့က်ေရး လွည့္ကင္းအင္အားတိုးျမႇင့္ ေဆာင္ရြက္ေန
မတ် 16, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊၊ ေတာင္ႀကီးၿမိဳ႕ေပၚ ရပ္ကြက္မ်ားတြင္ လုယက္မႈမ်ား မၾကာခဏ ျဖစ္ေပၚ ေနေသာေၾကာင့္ ရပ္ကြက္လံုျခံဳေရး အတြက္ လွည့္ကင္းမ်ားကို အင္အားထပ္တိုး လုပ္ေဆာင္ေနေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။
“အခ်ိန္မီ အေၾကာင္းၾကားရင္ ၾကားသလို သြားပါတယ္။ ဒီလိုျဖစ္တဲ့ သေဘာသဘာ၀ကို ၾကည့္တဲ့ အခါက်ေတာ့ အေမွာင္က်တဲ့ ေနရာမွာ လူျပတ္တဲ့ ေနရာေတြမွာ သူတို႔က တစ္ေယာက္က ဆိုင္ကယ္နဲ႔ သြားရင္ လမ္းကေနၿပီး ျဖတ္လိုက္လာတာရွိတယ္။ ရဲရွိေနရင္ သူတို႔ေတြက မလာေတာ့ဘူး။ ကၽြန္ေတာ္တို႔ ကလည္း ကင္းပတ္ေတာ့ ပတ္ေနတာပဲ။ ဘယ္ေနရာမွာ ျဖစ္နိုင္ေျခရွိတယ္ ဆိုတဲ့ေနရာေတြမွာ ဦးစားေပး ကင္းလွည့္ပါတယ္”ဟုေတာင္ႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး၊ ရဲမွဴး ျမင့္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
လက္ရိွတြင္ ေတာင္ႀကီးၿမိဳ႕ေပၚ ရပ္ကြက္မ်ားတြင္ လက္နက္အျပည့္အစံု ကား(၄)စီးျဖင့္ ညေန (၆) နာရီမွစ၍ ည (၁၁)နာရီအထိတစ္ဖြဲ႕ႏွင့္ ည (၁၂)နာရီမွ နံနက္ (၅) နာရီအထိတစ္ဖြဲ႔တို႔ျဖင့္ လွည့္ကင္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။
“အေမွာင္က်တဲ့ ေနရာေတြမွာ ရဲကင္းေတြ ခ်ထားေပးပါတယ္။ သူခိုးဆိုတာမ်ဳိးက ေၾကာင္ရွိရင္ ၾကြက္ မလာသလိုမ်ဳိး ျဖစ္ေနတယ္။ အင္အားမ်ားလို႔ ကြက္ျပည့္နင္းနိုင္တဲ့ အခါက်ရင္ မလြတ္နိုင္ပါဘူး။ ကၽြန္ေတာ္တို႔မွာလည္း တရားခံေတြကို မိေစခ်င္တယ္။ ေန႔ပိုင္းဆိုရင္လည္း ေစ်းေတြမွာဆို ရပ္ၾကည့္ ကင္းေတြ ထား ထားတယ္။ လူအင္အားရရင္ ရသလို တိုးခ်ဲ႕သြားမွာပါ” ဟု ရဲမွဴးျမင့္ဦးက ေျပာသည္။
ေတာင္ႀကီးၿမိဳ႕တြင္ မႈခင္းက်ဆင္းေရး ေဆာင္ရြက္ခ်က္အျဖစ္ ညပိုင္း လွည့္ကင္းမ်ားအျပင္ ေစ်းမ်ားတြင္လည္း ေန႔ပိုင္း ရပ္ၾကည့္ကင္းမ်ား တိုးခ်ဲ႕သြားရန္ ရိွေၾကာင္း သိရသည္။
သတင္း - ႏိုႏို
~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ် ရပ်ကွက်များတွင် လုယက်မှုများ မကြာခဏ ဖြစ်ပေါ် နေသောကြောင့် ရပ်ကွက်လုံခြုံရေး အတွက် လှည့်ကင်းများကို အင်အားထပ်တိုး လုပ်ဆောင်နေကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“အချိန်မီ အကြောင်းကြားရင် ကြားသလို သွားပါတယ်။ ဒီလိုဖြစ်တဲ့ သဘောသဘာဝကို ကြည့်တဲ့ အခါကျတော့ အမှောင်ကျတဲ့ နေရာမှာ လူပြတ်တဲ့ နေရာတွေမှာ သူတို့က တစ်ယောက်က ဆိုင်ကယ်နဲ့ သွားရင် လမ်းကနပြေီး ဖြတ်လိုက်လာတာရှိတယ်။ ရဲရှိနေရင် သူတို့တွေက မလာတော့ဘူး။ ကျွန်တော်တို့ ကလည်း ကင်းပတ်တော့ ပတ်နေတာပဲ။ ဘယ်နေရာမှာ ဖြစ်နိုင်ခြေရှိတယ် ဆိုတဲ့နေရာတွေမှာ ဦးစားပေး ကင်းလှည့်ပါတယ်”ဟုတောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး မြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့ပေါ် ရပ်ကွက်များတွင် လက်နက်အပြည့်အစုံ ကား(၄)စီးဖြင့် ညနေ (၆) နာရီမှစ၍ ည (၁၁)နာရီအထိတစ်ဖွဲ့နှင့် ည (၁၂)နာရီမှ နံနက် (၅) နာရီအထိတစ်ဖွဲ့တို့ဖြင့် လှည့်ကင်း ဆောင်ရွက်နေကြောင်း သိရသည်။

“အမှောင်ကျတဲ့ နေရာတွေမှာ ရဲကင်းတွေ ချထားပေးပါတယ်။ သူခိုးဆိုတာမျိုးက ကြောင်ရှိရင် ကြွက် မလာသလိုမျိုး ဖြစ်နေတယ်။ အင်အားများလို့ ကွက်ပြည့်နင်းနိုင်တဲ့ အခါကျရင် မလွတ်နိုင်ပါဘူး။ ကျွန်တော်တို့မှာလည်း တရားခံတွေကို မိစေချင်တယ်။ နေ့ပိုင်းဆိုရင်လည်း ဈေးတွေမှာဆို ရပ်ကြည့် ကင်းတွေ ထား ထားတယ်။ လူအင်အားရရင် ရသလို တိုးချဲ့သွားမှာပါ” ဟု ရဲမှူးမြင့်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် မှုခင်းကျဆင်းရေး ဆောင်ရွက်ချက်အဖြစ် ညပိုင်း လှည့်ကင်းများအပြင် ဈေးများတွင်လည်း နေ့ပိုင်း ရပ်ကြည့်ကင်းများ တိုးချဲ့သွားရန် ရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~