ၿမိဳ႕ျပမီးေဘးအႏၱရာယ္မ်ားဆိုင္ရာ ရွမ္းျပည္နယ္အစုိးရ၏ အလုပ္ရံု ေဆြးေႏြးပြဲ ေတာင္ႀကီးတြင္ က်င္းပ

ၿမိဳ႕ျပမီးေဘးအႏၱရာယ္မ်ားဆိုင္ရာ ရွမ္းျပည္နယ္အစုိးရ၏ အလုပ္ရံု ေဆြးေႏြးပြဲ ေတာင္ႀကီးတြင္ က်င္းပ
မတ် 20, 2017
By Tachileik News Agency
ၿမိဳ႕ျပမီးေဘးအႏၱရာယ္မ်ားဆိုင္ရာ အလုပ္ရံုေဆြးေႏြးပြဲႏွင့္ အဆင့္ျမင့္ ရွာေဖြကယ္ဆယ္ေရးပစၥည္းမ်ား အသံုးျပဳနည္းစနစ္မ်ား ျပသပြဲကို ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ မတ္လ(၂၀)ရက္ေန႔က က်င္းပသည္။
အဆိုပါ အခမ္းအနားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕နွင့္ Myanmar Trillion Group Co.Ltd တို႔ ပူးေပါင္း က်င္းပျခင္းျဖစ္ၿပီး ႐ွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႔၀င္မ်ား၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ မီးသတ္ဦးစီးဌာန၊ ဌာနဆိုင္ရာမ်ားမွ စုစုေပါင္းလူဦးေရ (၂၅၀) ေက်ာ္ တက္ေရာက္ၾကသည္။
အဆိုပါ သရုပ္ျပပြဲတြင္ မေတာ္တဆျဖစ္စဥ္မ်ား၊ အထပ္ျမင့္အေဆာက္အဦမ်ား မီးေလာင္မႈတြင္ အေရးေပၚ ရွာေဖြကယ္ဆယ္နည္းမ်ား၊ သဘာဝေဘးအႏၱရာယ္ က်ေရာက္သည့္ အေျခအေနမ်ား တြင္ ႀကိဳတင္ ကာကြယ္နည္းႏွင့္ ရွာေဖြကယ္ဆယ္ေရး၊ မီးၿငႇိမ္း သတ္နည္းမ်ားကို အခ်ိန္ႏွင့္ တစ္ေျပးညီ လုပ္ေဆာင္ ႏုိင္ေရးမ်ားကို သရုပ္ျပေဆြးေႏြးၾကေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

မြို့ပြမီးဘေးအန္တရာယ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုနည်းစနစ်များ ပြသပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် မတ်လ(၂၀)ရက်နေ့က ကျင်းပသည်။

အဆိုပါ အခမ်းအနားအား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Myanmar Trillion Group Co.Ltd တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာများမှ စုစုပေါင်းလူဦးရေ (၂၅၀) ကျော် တက်ရောက်ကြသည်။

အဆိုပါ သရုပ်ပြပွဲတွင် မတော်တဆဖြစ်စဉ်များ၊ အထပ်မြင့်အဆောက်အဦများ မီးလောင်မှုတွင် အရေးပေါ် ရှာဖွေကယ်ဆယ်နည်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့် အခြေအနေများ တွင် ကြိုတင် ကာကွယ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေး၊ မီးငြှိမ်း သတ်နည်းများကို အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင် နိုင်ရေးများကို သရုပ်ပြဆွေးနွေးကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~