သီေပါၿမိဳ႕ နမ္ေပါ့ေခ်ာင္းတြင္ ေရဆင္းခ်ိဳးသည့္ ေက်ာင္းသားတစ္ဦး ေရနစ္ေသဆံုး

သီေပါၿမိဳ႕ နမ္ေပါ့ေခ်ာင္းတြင္ ေရဆင္းခ်ိဳးသည့္ ေက်ာင္းသားတစ္ဦး ေရနစ္ေသဆံုး
မတ် 9, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕တြင္ မတ္လ (၉) ရက္ေန႔ ညေန (၄)နာရီခန္႔က (၇)တန္းေက်ာင္းသား တစ္ဦး နမ့္ေပါ့ေခ်ာင္း အတြင္း ေရဆင္းခ်ိဳးရာမွ ေရနစ္ေသဆံုးသြားေၾကာင္း သိရသည္။
“သူ႔အေဖနဲ႔ အလုပ္သြားရင္း သားျဖစ္သူက ေရသြားခ်ဳိးဦးမယ္ ဆိုၿပီးေတာ့ ေရနစ္ေသဆံုးသြားတယ္လို႔ သိရတယ္။ အသက္က ၁၃ ႏွစ္ေလာက္အရြယ္ ေယာက်္ားေလးပါ။ အခုေတာ့ ေဆးရံုရဲ့ ေထာက္ခံခ်က္ ယူၿပီးေတာ့ သူ႔မိဘေဆြမ်ိဳးေတြရဲ့ ဆႏၵအရ သူ႔ေနအိမ္ကိုျပန္ၿပီး သယ္သြားပါၿပီ။ ကၽြန္ေတာ္တို႔ အသင္းက ေဆးရံုကေန သူ႔ရဲ႕ေနအိမ္ကို လိုက္ပို႔ေပးခဲ့ပါတယ္“ဟု သီေပါၿမိဳ႕ One More လူမႈကူညီေရးအသင္းမွ ကိုအာလူး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
သီေပါၿမိဳ႕ ဘူတာရပ္ကြက္မွ သားအဖႏွစ္ဦးသည္ လုပ္ငန္းခြင္သို႔ သြားရင္း သားျဖစ္သူက နမ့္ေပါ့ေခ်ာင္း အတြင္း ေရဆင္းခ်ိဳးရာမွ ေရနစ္ေသဆံုးခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္ရပ္ႏွင့္ပတ္သက္၍ သီေပါၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားထားျခင္း မရိွေသးေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - One More သီေပါ
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် မတ်လ (၉) ရက်နေ့ ညနေ (၄)နာရီခန့်က (၇)တန်းကျောင်းသား တစ်ဦး နမ့်ပေါ့ချောင်း အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

“သူ့အဖေနဲ့ အလုပ်သွားရင်း သားဖြစ်သူက ရေသွားချိုးဦးမယ် ဆိုပြီးတော့ ရေနစ်သေဆုံးသွားတယ်လို့ သိရတယ်။ အသက်က ၁၃ နှစ်လောက်အရွယ် ယောကျာ်းလေးပါ။ အခုတော့ ဆေးရုံရဲ့ ထောက်ခံချက် ယူပြီးတော့ သူ့မိဘဆွေမျိုးတွေရဲ့ ဆန္ဒအရ သူ့နေအိမ်ကိုပြန်ပြီး သယ်သွားပါပြီ။ ကျွန်တော်တို့ အသင်းက ဆေးရုံကနေ သူ့ရဲ့နေအိမ်ကို လိုက်ပို့ပေးခဲ့ပါတယ်“ဟု သီပေါမြို့ One More လူမှုကူညီရေးအသင်းမှ ကိုအာလူး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါမြို့ ဘူတာရပ်ကွက်မှ သားအဖနှစ်ဦးသည် လုပ်ငန်းခွင်သို့ သွားရင်း သားဖြစ်သူက နမ့်ပေါ့ချောင်း အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ သီပေါမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - One More သီပေါ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~