ရွမ္းျပည္နယ္တြင္း ၿမိဳ႕နယ္(၄)ခုတြင္ ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ မဲဆႏၵရွင္ အသိပညာေပး ျပဳလုပ္မည္

ရွမ္းျပည္နယ္တြင္း ၿမိဳ႕နယ္(၄)ခုတြင္ ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ မဲဆႏၵရွင္ အသိပညာေပး ျပဳလုပ္မည္
မတ် 13, 2017
By Tachileik News Agency
ၾကားျဖတ္ေရြးေကာက္ပြဲ အတြက္ မဲဆႏၵရွင္ အသိပညာေပး လုပ္ငန္းအား ေရြးေကာက္ပြဲေကာ္မရွင္က ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္ (၄)ခုတြင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ကၽြန္ေတာ္တို႔ ၿမိဳ႕နယ္(၄)ေနရာကို သြားပါမယ္။ အဲဒီမွာ ကၽြန္ေတာ္တို႔က ေဒသဆိုင္ရာ၊ ၿမိဳ႕နယ္ ၊ ခရိုင္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီး လုပ္သြားမွာပါ”ဟု ရွမ္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္ ဒုတိယညြန္ၾကားေရးမွဴး ဦးသန္းလြင္က ေျပာသည္။
မဲဆႏၵရွင္ အသိပညာေပးျခင္းလုပ္ငန္းမ်ားကို ေညာင္ေရႊၿမိဳ႕တြင္ မတ္လ (၁၂)ရက္ႏွင့္ (၁၃)ရက္၊ မိုင္းရႈးၿမိဳ႕တြင္ မတ္လ (၁၅)ရက္ေန႔မွ (၁၇) ရက္ေန႔အထိ၊ ေက်းသီးၿမိဳ႕တြင္ မတ္လ( ၁၈)ရက္ေန႔မွ (၂၀)ရက္ေန႔အထိ၊ က်ိဳင္းတံုၿမိဳ႕တြင္ မတ္လ (၂၀) ရက္မွ (၂၂)ရက္ေန႔မ်ား အထိ လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
ၾကားျဖတ္ေရြးေကာက္ပြဲကို ၂၀၁၇ ခုႏွစ္ ဧၿပီလ(၁) ရက္ေန႔တြင္ ၿမိဳ႕နယ္ေပါင္း (၂၂) ၿမိဳ႕နယ္ရွိ လစ္လပ္ေနရာ (၁၉) ေနရာျဖစ္ေသာ အမ်ဳိးသားလႊတ္ေတာ္(၃) ေနရာ၊ ျပည္သူ႕လႊတ္ေတာ္ (၉) ေနရာႏွင့္ တိုင္းႏွင့္ျပည္နယ္လႊတ္ေတာ္ (၇)ေနရာတို႔အတြက္ က်င္းပမည္ျဖစ္ၿပီး မဲေပးပိုင္ခြင့္ ရိွသူ (၂.၃) သန္းခန္႔ ရိွေၾကာင္း သိရသည္။
သတင္း - ႏိုႏို
~~~~~~~~⊰❂ unicode ~~~~~~~~
ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းအား ရွေးကောက်ပွဲကော်မရှင်က ရှမ်းပြည်နယ်အတွင်း မြို့နယ် (၄)ခုတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့နယ်(၄)နေရာကို သွားပါမယ်။ အဲဒီမှာ ကျွန်တော်တို့က ဒေသဆိုင်ရာ၊ မြို့နယ်၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်သွားမှာပါ”ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒုတိယညွန်ကြားရေးမှူး ဦးသန်းလွင်က ပြောသည်။

မဲဆန္ဒရှင် အသိပညာပေးခြင်းလုပ်ငန်းများကို ညောင်ရွှမြေို့တွင် မတ်လ (၁၂)ရက်နှင့် (၁၃)ရက်၊ မိုင်းရှုးမြို့တွင် မတ်လ (၁၅)ရက်နေ့မှ (၁၇) ရက်နေ့အထိ၊ ကျေးသီးမြို့တွင် မတ်လ( ၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ၊ ကျိုင်းတုံမြို့တွင် မတ်လ (၂၀) ရက်မှ (၂၂)ရက်နေ့များ အထိ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ(၁) ရက်နေ့တွင် မြို့နယ်ပေါင်း (၂၂) မြို့နယ်ရှိ လစ်လပ်နေရာ (၁၉) နေရာဖြစ်သော အမျိုးသားလွှတ်တော်(၃) နေရာ၊ ပြည်သူ့လွှတ်တော် (၉) နေရာနှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော် (၇)နေရာတို့အတွက် ကျင်းပမည်ဖြစ်ပြီး မဲပေးပိုင်ခွင့် ရှိသူ (၂.၃) သန်းခန့် ရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~