သီးႏွံအေျခခံ စားေသာက္ကုန္ ထုတ္လုပ္မႈႏွင့္ ရက္ကန္းသင္တန္းမ်ားကို ရွမ္းျပည္နယ္တြင္း ၿမိဳ႕နယ္မ်ား အလုိက္ ပို႔ခ်မည္

သီးႏွံအေျခခံ စားေသာက္ကုန္ ထုတ္လုပ္မႈႏွင့္ ရက္ကန္းသင္တန္းမ်ားကို ရွမ္းျပည္နယ္တြင္း ၿမိဳ႕နယ္မ်ား အလုိက္ ပို႔ခ်မည္
မတ် 19, 2017
By Tachileik News Agency
သီးႏွံအေျခခံစားေသာက္ကုန္ ထုတ္လုပ္မႈႏွင့္ ရက္ကန္းသင္တန္းမ်ားကို ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္မ်ား အလိုက္ စဥ္ဆက္ မျပတ္ သင္တန္းမ်ား ပို႔ခ်သြားႏိုင္ရန္ စီစဥ္ေနေၾကာင္း ရွမ္းျပည္နယ္ (ေတာင္ပိုင္း) အေသးစား စက္မႈလက္မႈလုပ္ငန္း ဦးစီးဌာနမွ သိရသည္။
“အရင္ႏွစ္ကေတာ့ သင္တန္းေတြ မေပးႏိုင္ဘူး။ ဒီႏွစ္ကေတာ့ သင္တန္းေတြကို အဆက္မျပတ္ ဖြင့္ေပး ေနပါတယ္။ အခုလည္း ရပ္ေစာက္မွာက ဆိုင္ကယ္ျပင္သင္တန္း၊ ကေလာမွာက အထည္ပန္းပံုရိပ္နဲ႔ ေဆးေရးပန္းခ်ီ သင္တန္းဆင္းပြဲ လုပ္ေနပါတယ္။ ထပ္ၿပီးလည္း ဌာနအေနနဲ႔ သင္ၾကားေပးသြားဦးမွာပါ” ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္နိုင္ဦးက ေျပာသည္။
ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီးၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕တို႔ရိွ ရက္ကန္းသင္တန္းေက်ာင္းမ်ားမွ ၂၀၁၅ -၂၀၁၆ ခုႏွစ္အတြင္း သင္တန္း(၂၃) ႀကိမ္၊၂၀၁၆-၂၀၁၇ ခုႏွစ္အတြင္း (၃၅) ႀကိမ္ သင္တန္းပို႔ခ်ၿပီးေၾကာင္း သိရသည္။
“ဒီႏွစ္အတြင္းမွာ ဌာနကေန ဖြင့္လွစ္ေပးခဲ့တဲ့ သင္တန္းေတြကို လက္ေတြ႕အသံုးခ်ၿပီး ျပန္ၿပီး လုပ္ငန္းေဆာင္ရြက္ေနတဲ့ လုပ္ငန္းရွင္ေတြကို ကြင္းဆင္းၿပီး စာရင္းေကာက္မယ္။ သူတို႔ရဲ႕ လုပ္ကိုင္ ေဆာင္ရြက္မႈနဲ႔ လိုအပ္တာေတြ ကူညီေဆာင္ရြက္ေပးမယ္။ အဲဒီအခ်ိန္မွာပဲ တစ္ခါတည္း လုပ္ငန္းရဲ႕ ဥပေဒ အေၾကာင္းအရာေတြကို စုစည္းၿပီး ရွင္းလင္း ေျပာၾကားသြားမွာပါ။ ဒီႏွစ္အတြင္း ရွင္းလင္း ေဟာေျပာတဲ့ အပိုင္းေတြ လုပ္သြားမွာပါ။ ဌာနက ျပည္နယ္အေနနဲ႔ ႏွစ္ႏွစ္ပဲရွိေသးတယ္။ ဝန္ထမ္းကလည္း နည္းေနေသးေတာ့ အမွန္တကယ္ ျပည္သူေတြၾကားထဲကို ထဲထဲ၀င္၀င္ လႈပ္ရွားမႈ အားနည္းေနပါ ေသးတယ္” ဟု ဦးသက္နိုင္ဦးက ေျပာသည္။
အေသးစား စက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနက အေျခခံေမာ္ေတာ္ယာဥ္ ျပဳျပင္ထိန္းသိမ္းနည္း သင္တန္း၊ ဝါးလက္မႈထည္၊ လူသံုးကုန္ႏွင့္ အလွကုန္ထုတ္လုပ္မႈ သင္တန္း၊ သစ္သီးဝလံ အေျခခံ စားေသာက္ ကုန္ထုတ္လုပ္မႈ သင္တန္း၊ ျပည္တြင္းထြက္ ဆန္ပဲေျပာင္းဂ်ဳံသီးႏွံ အေျခခံတန္ဖိုးျမင့္ စားေသာက္ကုန္ထုတ္ နည္းပညာ သင္တန္းမ်ား၊ ရက္ကန္းေက်ာင္းတြင္ လက္ရက္ကန္း သင္တန္း၊ ခ်ည္မွ်ည္ႏွင့္ အထည္အလိပ္ ကၽြမ္းက်င္သင္တန္း၊ သဘာ၀ဆိုးေဆးနည္းပညာ သင္တန္း၊ အထည္ပန္းပံုရိပ္ႏွင့္ ေဆးေရးပန္းခ်ီ သင္တန္း၊ ဂ်ပ္ခုတ္သင္တန္းႏွင့္ စက္ခ်ဳပ္သင္တန္းမ်ားကို ၿမိဳ႕နယ္အလိုက္ ပို႔ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

သီးနှံအခြေခံစားသောက်ကုန် ထုတ်လုပ်မှုနှင့် ရက်ကန်းသင်တန်းများကို ရှမ်းပြည်နယ်အတွင်း မြို့နယ်များ အလိုက် စဉ်ဆက် မပြတ် သင်တန်းများ ပို့ချသွားနိုင်ရန် စီစဉ်နေကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
“အရင်နှစ်ကတော့ သင်တန်းတွေ မပေးနိုင်ဘူး။ ဒီနှစ်ကတော့ သင်တန်းတွေကို အဆက်မပြတ် ဖွင့်ပေး နေပါတယ်။ အခုလည်း ရပ်စောက်မှာက ဆိုင်ကယ်ပြင်သင်တန်း၊ ကလောမှာက အထည်ပန်းပုံရိပ်နဲ့ ဆေးရေးပန်းချီ သင်တန်းဆင်းပွဲ လုပ်နေပါတယ်။ ထပ်ပြီးလည်း ဌာနအနေနဲ့ သင်ကြားပေးသွားဦးမှာပါ” ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက ပြောသည်။
ရှမ်းပြည်နယ်အတွင်း တောင်ကြီးမြို့နှင့် ကျောက်မဲမြို့တို့ရှိ ရက်ကန်းသင်တန်းကျောင်းများမှ ၂၀၁၅ -၂၀၁၆ ခုနှစ်အတွင်း သင်တန်း(၂၃) ကြိမ်၊၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း (၃၅) ကြိမ် သင်တန်းပို့ချပြီးကြောင်း သိရသည်။
“ဒီနှစ်အတွင်းမှာ ဌာနကနေ ဖွင့်လှစ်ပေးခဲ့တဲ့ သင်တန်းတွေကို လက်တွေ့အသုံးချပြီး ပြန်ပြီး လုပ်ငန်းဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တွေကို ကွင်းဆင်းပြီး စာရင်းကောက်မယ်။ သူတို့ရဲ့ လုပ်ကိုင် ဆောင်ရွက်မှုနဲ့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးမယ်။ အဲဒီအချိန်မှာပဲ တစ်ခါတည်း လုပ်ငန်းရဲ့ ဥပဒေ အကြောင်းအရာတွေကို စုစည်းပြီး ရှင်းလင်း ပြောကြားသွားမှာပါ။ ဒီနှစ်အတွင်း ရှင်းလင်း ဟောပြောတဲ့ အပိုင်းတွေ လုပ်သွားမှာပါ။ ဌာနက ပြည်နယ်အနေနဲ့ နှစ်နှစ်ပဲရှိသေးတယ်။ ဝန်ထမ်းကလည်း နည်းနေသေးတော့ အမှန်တကယ် ပြည်သူတွကြေားထဲကို ထဲထဲဝင်ဝင် လှုပ်ရှားမှု အားနည်းနေပါ သေးတယ်” ဟု ဦးသက်နိုင်ဦးက ပြောသည်။
အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အခြေခံမော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်း၊ ဝါးလက်မှုထည်၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု သင်တန်း၊ သစ်သီးဝလံ အခြေခံ စားသောက် ကုန်ထုတ်လုပ်မှု သင်တန်း၊ ပြည်တွင်းထွက် ဆန်ပဲပြောင်းဂျုံသီးနှံ အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ် နည်းပညာ သင်တန်းများ၊ ရက်ကန်းကျောင်းတွင် လက်ရက်ကန်း သင်တန်း၊ ချည်မျှည်နှင့် အထည်အလိပ် ကျွမ်းကျင်သင်တန်း၊ သဘာဝဆိုးဆေးနည်းပညာ သင်တန်း၊ အထည်ပန်းပုံရိပ်နှင့် ဆေးရေးပန်းချီ သင်တန်း၊ ဂျပ်ခုတ်သင်တန်းနှင့် စက်ချုပ်သင်တန်းများကို မြို့နယ်အလိုက် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~