ကယားျပည္နယ္ ႏွင့္ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခရိုင္တို႔ ခရီးသြားလုပ္ငန္း ဦးစားေပးလုုပ္ေဆာင္မည္

ကယားျပည္နယ္ ႏွင့္ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခရိုင္တို႔ ခရီးသြားလုပ္ငန္း ဦးစားေပးလုုပ္ေဆာင္မည္
မတ် 11, 2017
By Tachileik News Agency
ကယားျပည္နယ္ႏွင့္ မယ္ေဟာင္ေဆာင္ ခရုိင္တို႔ အၾကား ႏွစ္ႏိုင္ငံ ညီအစ္မၿမိဳ႕ေတာ္အျဖစ္ လက္မွတ္ ေရးထိုးၿပီးေနာက္ ကယားျပည္နယ္ အေနျဖင့္ မယ္ေဟာင္ေဆာင္ခရိုင္ႏွင့္ ဟိုတယ္ႏွင့္ ခရီးသြား လုပ္ငန္းမ်ားကို အဓိက ဦးစားေပး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏွစ္ႏိုင္ငံ MOU ေရးထိုးၿပီး ျဖစ္သည့္အတြက္ ကယားျပည္နယ္ႏွင့္ မယ္ေဟာင္ေဆာင္ ခရိုင္အၾကား ကုန္သြယ္မႈမ်ားကို ႏွစ္ဖက္သေဘာတူညီထားေသာ စည္းမ်ဥ္းဥပေဒ လုပ္ထုံးလုပ္နည္းမ်ား အတိုင္း လုပ္ေဆာင္ေတာ့မည္ ျဖစ္ေၾကာင္း ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိက ေျပာသည္။
“အဓိကကေတာ့ ကၽြန္ေတာ္တို႔ ဟိုတယ္ႏွင့္ခရီးသြားလာေရး ဖြံ႔ၿဖိဳးတိုးတက္ဖို႔ အတြက္ ဒီလုပ္ငန္းကို ေဇာင္းေပးၿပီး လုပ္သြားမွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ႏိုင္ငံက စိုက္ပ်ိဳးေရး ႏိုင္ငံျဖစ္တယ္။ ကၽြန္ေတာ္တို႔ ျပည္နယ္မွာ ေျမလြတ္ေျမရုိင္းေတြလည္း ေပါတယ္။ စိုက္ပ်ိဳးေရးက႑ ဖြံ႔ၿဖိဳး တိုးတက္လာဖို႔နဲ႔ ျပည္နယ္တြင္းက စုိက္ပ်ိဳးသီးႏွံေတြ အတြက္ ကုန္သြယ္မႈမွာ အာမခံခ်က္ရွိတဲ့ ေဈးကြက္တစ္ခု ျဖစ္လာေအာင္ ႀကိဳးစားသြားမွာပါ ”ဟု ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈက ေျပာသည္။
လက္ရွိတြင္ နယ္စပ္ကုန္သြယ္ေရးစခန္း ဖြင့္လွစ္ထားၿပီျဖစ္ေသာ္လည္း ကုန္သြယ္မႈမ်ားမျပဳလုပ္ ရေသးသည့္အခ်ိန္တြင္ ေတာင္သူလယ္သမားအမ်ားစုရိွသည့္ ျပည္နယ္ျဖစ္သည္ႏွင့္အညီ ျပည္နယ္ထြက္စိုက္ပ်ိဳးသီးႏွံမ်ားကို ေဈးကြက္ေဖာ္ေဆာင္ေပးႏုိင္မည့္ ကုန္သြယ္မႈ အခြင့္အလမ္းမ်ား ႀကိဳတင္စီစဥ္သင့္သည္ဟု လိြဳင္ေကာ္ၿမိဳ႕မွ ကုန္သည္မ်ားက ေဝဖန္သည္။
“ဒီျပည္နယ္မွာဆို ထြက္တဲ့သီးႏွံေတြ အမ်ားႀကီး ရွိတယ္။ စိုက္ပ်ိဳးေရး အပိုင္းမွာ ႏိုင္ငံျခားကို တင္ပို႔ ေရာင္းခ်ႏိုင္ ေလာက္တဲ့ စံခ်ိန္ေတြ ျပည့္မီဖို႔ လိုအပ္တဲ့ အရည္အေသြးေတြ ျမႇင့္တင္ေပးဖို႔ရယ္၊ ခိုင္မာတဲ့ ေဈးကြက္တစ္ခု လုပ္ေပးၿပီး ကိုယ့္ေဒသခံေတြရဲ႕ အက်ိဳး ခံစားခြင့္ကို ၾကည့္ေပးရမယ္။ ခရီးသြား လုပ္ငန္းကလည္း ဒီစိုက္ပ်ိဳးေရးေပၚမွာလည္း မူတည္တယ္ေလ ”ဟု ကုန္သည္ ဦးဝင္းကိုက ေျပာသည္။
ျမန္မာႏိုင္ငံ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ႏွင့္ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခရုိင္တို႕ ခ်စ္ၾကည္ေရးႏိုင္ငံ ညီအစ္မ ၿမိဳ႕ေတာ္(SISTER CITY) တည္ေထာင္ျခင္း လက္မွတ္ေရးထိုးပြဲကို လိြဳင္ေကာ္ၿမိဳ႕ ျပည္နယ္ခန္းမတြင္ မတ္လ ၉ ရက္ေန႔က က်င္းပရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ မယ္ေဟာင္ေဆာင္ခရုိင္ဝန္ တို႕က လက္မွတ္ေရးထိုးခဲ့ၾကသည္။
သတင္း - ဆန္းၿဖဳိးထြန္း
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်နှင့် မယ်ဟောင်ဆောင် ခရိုင်တို့ အကြား နှစ်နိုင်ငံ ညီအစ်မမြို့တော်အဖြစ် လက်မှတ် ရေးထိုးပြီးနောက် ကယားပြည်နယ် အနဖြေင့် မယ်ဟောင်ဆောင်ခရိုင်နှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို အဓိက ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ MOU ရေးထိုးပြီး ဖြစ်သည့်အတွက် ကယားပြည်နယ်နှင့် မယ်ဟောင်ဆောင် ခရိုင်အကြား ကုန်သွယ်မှုများကို နှစ်ဖက်သဘောတူညီထားသော စည်းမျဉ်းဥပဒေ လုပ်ထုံးလုပ်နည်းများ အတိုင်း လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

“အဓိကကတော့ ကျွန်တော်တို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဒီလုပ်ငန်းကို ဇောင်းပေးပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေး နိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ ပြည်နယ်မှာ မြေလွတ်မြေရိုင်းတွေလည်း ပေါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာဖို့နဲ့ ပြည်နယ်တွင်းက စိုက်ပျိုးသီးနှံတွေ အတွက် ကုန်သွယ်မှုမှာ အာမခံချက်ရှိတဲ့ ဈေးကွက်တစ်ခု ဖြစ်လာအောင် ကြိုးစားသွားမှာပါ ”ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားပြီဖြစ်သော်လည်း ကုန်သွယ်မှုများမပြုလုပ် ရသေးသည့်အချိန်တွင် တောင်သူလယ်သမားအများစုရှိသည့် ပြည်နယ်ဖြစ်သည်နှင့်အညီ ပြည်နယ်ထွက်စိုက်ပျိုးသီးနှံများကို ဈေးကွက်ဖော်ဆောင်ပေးနိုင်မည့် ကုန်သွယ်မှု အခွင့်အလမ်းများ ကြိုတင်စီစဉ်သင့်သည်ဟု လွိုင်ကော်မြို့မှ ကုန်သည်များက ဝေဖန်သည်။

“ဒီပြည်နယ်မှာဆို ထွက်တဲ့သီးနှံတွေ အများကြီး ရှိတယ်။ စိုက်ပျိုးရေး အပိုင်းမှာ နိုင်ငံခြားကို တင်ပို့ ရောင်းချနိုင် လောက်တဲ့ စံချိန်တွေ ပြည့်မီဖို့ လိုအပ်တဲ့ အရည်အသွေးတွေ မြှင့်တင်ပေးဖို့ရယ်၊ ခိုင်မာတဲ့ ဈေးကွက်တစ်ခု လုပ်ပေးပြီး ကိုယ့်ဒေသခံတွေရဲ့ အကျိုး ခံစားခွင့်ကို ကြည့်ပေးရမယ်။ ခရီးသွား လုပ်ငန်းကလည်း ဒီစိုက်ပျိုးရေးပေါ်မှာလည်း မူတည်တယ်လေ ”ဟု ကုန်သည် ဦးဝင်းကိုက ပြောသည်။

မြန်မာနိုင်ငံ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တို့ ချစ်ကြည်ရေးနိုင်ငံ ညီအစ်မ မြို့တော်(SISTER CITY) တည်ထောင်ခြင်း လက်မှတ်ရေးထိုးပွဲကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် မတ်လ ၉ ရက်နေ့က ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် မယ်ဟောင်ဆောင်ခရိုင်ဝန် တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~