ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သတၱဳလုပ္ငန္းရွင္မ်ားသင္းမွ ပိဋကတ္(၃)ပုံ စုစုေပါင္း (၄၉၀၀) လွဴဒါန္း

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သတၱဳလုပ္ငန္းရွင္မ်ားသင္းမွ ပိဋကတ္(၃)ပုံ စုစုေပါင္း (၄၉၀၀) လွဴဒါန္း
မတ် 12, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သတၱဳလုပ္ငန္းရွင္မ်ားသင္းမွ ပိဋကတ္(၃)ပုံ (ပါဠိ ၊ျမန္မာ ၊အဂၤလိပ္) စာအုုပ္ေပါင္း (၄,၉၀၀)ကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ဗုဒၶဘာသာဘုန္းေတာ္ႀကီးေက်ာင္းမ်ား ၊ တကၠသိုလ္မ်ား၊ အထက္တန္းေက်ာင္း ႏွင့္ အလယ္တန္းေက်ာင္းမ်ားသို႔ စုေပါင္းလွဴဒါန္းပြဲ အခမ္းအနားကို မတ္လ(၁၂)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္သည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သတၱဳလုပ္ငန္းရွင္မ်ားသင္းမွ ပိဋကတ္(၃)ပုံ (၁၃၁)စုံ ၊ စာအုုပ္ေပါင္း(၄၉၀၀)ကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ၊ က်ိဳင္းတုံၿမိဳ႕ႏွင့္ တာခ်ီလိတ္ခရိုင္အတြင္းရွိ ဗုဒၶဘာသာဘုန္းေတာ္ၾကီးေက်ာင္း (၅၃)ေက်ာင္း ႏွင့္ တကၠသိုလ္၊ အထက္တန္းေက်ာင္း ႏွင့္ အလယ္တန္းေက်ာင္း (၂၄)ေက်ာင္းတို႕အား လွဴဒါန္းလိုက္ျခင္း ျဖစ္သည္။

အဆိုပါ ပိဋကတ္(၃)ပုံ လွဴဒါန္းပြဲကို မတ္လ(၁၂)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕ တာဟြာ(ပါလွ်ံ တရုတ္ဘုံေက်ာင္း)ခန္းမ၌ နံနက္(၉)နာရီအခ်ိန္က ျပဳလုပ္ခဲ့ၿပီး စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ကိုထိုက္၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ခရိုင္/ၿမိဳ႕နယ္ ဌာနဆိုင္ရာမ်ား၊ ျမန္မာႏိုင္ငံသတၱဳလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္မွ တာ၀န္ရွိသူမ်ား၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္းမွ တာ၀န္ရွိသူမ်ား၊ ႏိုင္ငံေရးပါတီ၀င္မ်ား ၊ လူမႈေရး အသင္းအဖြဲ႕မ်ား၊ ယဥ္ေက်းမႈအဖြဲ႕မ်ား ႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကသည္။

အဆိုပါ ပိဋကတ္(၃)ပုံ (ပါဠိ ၊ျမန္မာ ၊အဂၤလိပ္) စာအုုပ္မ်ားကို မတ္လ (၁၀)ရက္ေန႔က ရန္ကုန္ၿမိဳ႕ ကမၻာေအး ၊ သာသနာေရးဦးစီးဌာန မွ တာခ်ီလိတ္ၿမိဳ႕သုိ႔ ပင့္ေဆာင္လာခဲ့ၿပီး မတ္လ(၁၁)ရက္ေန႔က အပူေဇာ္ခံကာ ယေန႔မတ္လ(၁၂)ေန႔တြင္ လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များသင်းမှ ပိဋကတ်(၃)ပုံ (ပါဠိ၊မြန်မာ၊အင်္ဂလိပ်) စာအုပ်ပေါင်း (၄,၉၀၀)ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၊ တက္ကသိုလ်များ၊ အထက်တန်းကျောင်း နှင့် အလယ်တန်းကျောင်းများသို့ စုပေါင်းလှူဒါန်းပွဲ အခမ်းအနားကို မတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များသင်းမှ ပိဋကတ်(၃)ပုံ (၁၃၁)စုံ၊ စာအုပ်ပေါင်း(၄၉၀၀)ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်ခရိုင်အတွင်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၅၃)ကျောင်း နှင့် တက္ကသိုလ်၊ အထက်တန်းကျောင်း နှင့် အလယ်တန်းကျောင်း (၂၄)ကျောင်းတို့အား လှူဒါန်းလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ပိဋကတ်(၃)ပုံ လှူဒါန်းပွဲကို မတ်လ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့ တာဟွာ(ပါလျှံ တရုတ်ဘုံကျောင်း)ခန်းမ၌ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ပြီး စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ပိဋကတ်(၃)ပုံ (ပါဠိ၊မြန်မာ၊အင်္ဂလိပ်) စာအုပ်များကို မတ်လ (၁၀)ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေး၊ သာသနာရေးဦးစီးဌာန မှ တာချီလိတ်မြို့သို့ ပင့်ဆောင်လာခဲ့ပြီး မတ်လ(၁၁)ရက်နေ့က အပူဇော်ခံကာ ယနေ့မတ်လ(၁၂)နေ့တွင် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~