တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္အတြင္းရွိ ေလာင္းကစား ဂိမ္းခံု(၃)ခံုႏွင့္ လူ(၇)ဦးအား ဖမ္းဆီးအေရးယူထား

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္အတြင္းရွိ ေလာင္းကစား ဂိမ္းခံု(၃)ခံုႏွင့္ လူ(၇)ဦးအား ဖမ္းဆီးအေရးယူထား
မတ် 17, 2017
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္အတြင္းရွိ ေလာင္းကစားဂိမ္းခံုအား မတ္လ (၁၇)ရက္ေန႔ မြန္းလြဲ (၃)နာရီခြဲခန္႔က ဝင္ေရာက္ဖမ္းဆီးရာ ေလာင္းကစားျပဳလုပ္ေနသူ (၆)ဦးႏွင့္ အဆိုပါ ေလာင္းကစားရံုရွိ အမ်ဳိးသမီး တစ္ဦးတို႔အား ဖမ္းဆီးရမိၿပီး ေလာင္းေၾကးေငြ ဘတ္(၂၃,၉၄၀) အား သိမ္းဆည္းရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ႏွင့္ သက္ေသမ်ား ပူးေပါင္းပါဝင္သည့္ အဖြဲ႕ျဖင့္ သတင္းအရ တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္၊ ေက်ာက္ေတာင္၊ နိဗၺာန္လမ္းရွိ ၿခံဝန္းအတြင္း အေဆာက္အဦအား ရွာေဖြဝရမ္းျဖင့္ ဝင္ေရာက္ရွာေဖြရာ ငါးမန္းဂိမ္းခံု(၂)ခံု၊ ပန္းသီးဂိမ္းခံု (၁)ခံုတို႔တြင္ ေလာင္းကစား ျပဳလုပ္ေနသူ (၆)ဦးႏွင့္ မေနာမိတို႔အား ေလာင္းေၾကးေငြ ထုိင္းဘတ္ေငြ (၂၃,၉၄၀)ဘတ္ (ျမန္မာက်ပ္ေငြ ၈၈၅၇၈၀ က်ပ္)အား ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေလာင္းကစားဂိမ္းခံုတြင္ ေလာင္းေၾကးေငြမ်ားႏွင့္အတူ ေတြ႔ရသည့္ မေနာမိ၊ မ်ိဳးမ်ိဳး၊ ပြားေလး(ခ) ဟိန္းရာဇာ၊ ေမာင္တိုး၊ ေဌးလိႈင္၊ ေအာင္ျမင့္ႏွင့္ ေဇာ္လင္းတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၆၂/၂၀၁၇၊ ေလာင္းကစားဥပေဒပုဒ္မ ၁၃(က) ၁၄(က)တို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓာတ္ပံု - #ရဲတပ္ဖြဲ႔




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်းရှိ လောင်းကစားဂိမ်းခုံအား မတ်လ (၁၇)ရက်နေ့ မွန်းလွဲ (၃)နာရီခွဲခန့်က ဝင်ရောက်ဖမ်းဆီးရာ လောင်းကစားပြုလုပ်နေသူ (၆)ဦးနှင့် အဆိုပါ လောင်းကစားရုံရှိ အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးရမိပြီး လောင်းကြေးငွေ ဘတ်(၂၃,၉၄၀) အား သိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်သေများ ပူးပေါင်းပါဝင်သည့် အဖွဲ့ဖြင့် သတင်းအရ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်၊ နိဗ္ဗာန်လမ်းရှိ ခြံဝန်းအတွင်း အဆောက်အဦအား ရှာဖွေဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ ငါးမန်းဂိမ်းခုံ(၂)ခုံ၊ ပန်းသီးဂိမ်းခုံ (၁)ခုံတို့တွင် လောင်းကစား ပြုလုပ်နေသူ (၆)ဦးနှင့် မနောမိတို့အား လောင်းကြေးငွေ ထိုင်းဘတ်ငွေ (၂၃,၉၄၀)ဘတ် (မြန်မာကျပ်ငွေ ၈၈၅၇၈၀ ကျပ်)အား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လောင်းကစားဂိမ်းခုံတွင် လောင်းကြေးငွေများနှင့်အတူ တွေ့ရသည့် မနောမိ၊ မျိုးမျိုး၊ ပွားလေး(ခ) ဟိန်းရာဇာ၊ မောင်တိုး၊ ဌေးလှိုင်၊ အောင်မြင့်နှင့် ဇော်လင်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၆၂/၂၀၁၇၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က) ၁၄(က)တို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~