ကယားျပည္နယ္ ေနာင္ယားကန္တြင္ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုး

ကယားျပည္နယ္ ေနာင္ယားကန္တြင္ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုး
မတ် 9, 2017
By Tachileik News Agency
ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕ ေနာင္ယားရပ္ကြက္႐ွိ ေနာင္ယားကန္တြင္ မတ္လ(၉) ရက္ နံနက္ (၁၁)နာရီခြဲခန္႔က ေရနစ္ေသဆံုးေနသည့္ အမ်ဳိးသားတစ္ဦး၏ အေလာင္းအားေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီး အေလာင္းအား လိြဳင္ေကာ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္၍ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။
"ေသတာကေတာ့ ခုမွေတြ႔တာ။ ညကတည္းက ျပဳတ္က်ထားတာျဖစ္မယ္။ ခုစစ္ေဆးၿပီး ေဆး႐ုံပို႔ရမယ္ "ဟု တာဝန္႐ွိရဲအရာ႐ွိတစ္ဦးက ေျပာသည္။
ေသဆံုးသူမွာ ေနာင္ယား(ခ)တြင္ ေနထိုင္သည့္ ဦးဟာဆဲ ဆိုသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳ ထားသည္။
“သူက အႏွစ္ ႏွစ္ဆယ္ေလာက္ မေလး႐ွားမွာ ေနတာ။ စိတ္သေဘာေတာ့ ေကာင္းပါတယ္။ ညက ေတြ႔ေသးတယ္။ သူ လမ္းေတာ့ သိပ္မေလွ်ာက္ႏိုင္ဘူး။ ဒီမနက္က်မွ ခုလိုေတြ႔တာ"ဟု ဦးဟာဆဲႏွင့္ တစ္ရပ္ကြက္တည္း ေနသူတစ္ဦးက ေျပာသည္။
ေနာင္ယားကန္ အနီးမွ လူမ်ားက အေလာင္းအား ေတြ႕ရသျဖင့္ ရဲတပ္ဖြဲ႕သို႔ အေၾကာင္းၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်၊ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ နောင်ယားကန်တွင် မတ်လ(၉) ရက် နံနက် (၁၁)နာရီခွဲခန့်က ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းအားတွေ့ရသဖြင့် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးမှုများ ပြုလုပ်နပြေီး အလောင်းအား လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

"သေတာကတော့ ခုမှတွေ့တာ။ ညကတည်းက ပြုတ်ကျထားတာဖြစ်မယ်။ ခုစစ်ဆေးပြီး ဆေးရုံပို့ရမယ် "ဟု တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူမှာ နောင်ယား(ခ)တွင် နေထိုင်သည့် ဦးဟာဆဲ ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ထားသည်။

“သူက အနှစ် နှစ်ဆယ်လောက် မလေးရှားမှာ နေတာ။ စိတ်သဘောတော့ ကောင်းပါတယ်။ ညက တွေ့သေးတယ်။ သူ လမ်းတော့ သိပ်မလျှောက်နိုင်ဘူး။ ဒီမနက်ကျမှ ခုလိုတွေ့တာ"ဟု ဦးဟာဆဲနှင့် တစ်ရပ်ကွက်တည်း နေသူတစ်ဦးက ပြောသည်။

နောင်ယားကန် အနီးမှ လူများက အလောင်းအား တွေ့ရသဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~