ေက်ာက္မဲတြင္ စာေမးပြဲေျဖေက်ာင္းသားမ်ားကို လာႀကိဳသည့္ကားက ဖုန္းႀကိဳးသြယ္ထားသည့္တိုင္အား ဝင္တိုက္မိ

ေက်ာက္မဲတြင္ စာေမးပြဲေျဖေက်ာင္းသားမ်ားကို လာႀကိဳသည့္ကားက ဖုန္းႀကိဳးသြယ္ထားသည့္တိုင္အား ဝင္တိုက္မိ
မတ် 15, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၅) ရပ္ကြက္တြင္ ဖုန္းႀကိဳးမ်ား သြယ္တန္းထားသည့္ တိုင္အား စာေမးပြဲေျဖသည့္ ေက်ာင္းသားမ်ားကို လာႀကိဳသည့္ ကားတစ္စီးမွ ဝင္တိုက္မိသျဖင့္ ဖုန္းလိုင္းသြယ္တန္းထားသည့္ ကြန္ကရစ္တုိင္က်ိဳးသြားေၾကာင္း သိရသည္။

“အမွတ္(၃) အေျခခံပညာသင္ေက်ာင္းကေန အဲဒီကားက ထြက္လာတာ။ ဓာတ္တိုင္နဲ႔ေနအိမ္တစ္လံုးကို ဝင္တိုက္သြားတယ္။ ေက်ာင္းသူ/ေက်ာင္းသားေတြပါလာတာေတာ့့မေတြ႔ဘူး။ အထက္ရဲရြာက ကေလးေတြကို လာႀကိဳတဲ့ကားလို႔ သိရတယ္”ဟု အခင္းျဖစ္ေနရာသို႔ ေရာက္ရွိေနသည့္ ကိုသူရက ေျပာသည္။

မတ္လ (၁၅) ရက္ေန႔ ေန႔လယ္ (၂) နာရီ (၄၅) မိနစ္ခန္႔တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး အဆိုပါကားအား သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ဦးေဆာင္၍ ကရိန္းျဖင့္ ေရႊ႕ေနေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူမရိွေၾကာင္းလည္း သိရသည္။

သတင္း - #ေနၿဖိဳးျမင့္
ဓါတ္ပံု - Kaung Thurakyaw


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၅) ရပ်ကွက်တွင် ဖုန်းကြိုးများ သွယ်တန်းထားသည့် တိုင်အား စာမေးပွဲဖြေသည့် ကျောင်းသားများကို လာကြိုသည့် ကားတစ်စီးမှ ဝင်တိုက်မိသဖြင့် ဖုန်းလိုင်းသွယ်တန်းထားသည့် ကွန်ကရစ်တိုင်ကျိုးသွားကြောင်း သိရသည်။

“အမှတ်(၃) အခြေခံပညာသင်ကျောင်းကနေ အဲဒီကားက ထွက်လာတာ။ ဓာတ်တိုင်နဲ့နေအိမ်တစ်လုံးကို ဝင်တိုက်သွားတယ်။ ကျောင်းသူ/ကျောင်းသားတွေပါလာတာတော့မတွေ့ဘူး။ အထက်ရဲရွာက ကလေးတွေကို လာကြိုတဲ့ကားလို့ သိရတယ်”ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသည့် ကိုသူရက ပြောသည်။

မတ်လ (၁၅) ရက်နေ့ နေ့လယ် (၂) နာရီ (၄၅) မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါကားအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဦးဆောင်၍ ကရိန်းဖြင့် ရွှေ့နေကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းလည်း သိရသည်။

သတင်း - #နဖြေိုးမြင့်
ဓာတ်ပုံ - Kaung Thurakyaw

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~