မေကြးၿမိဳ႕တြင္း လမ္းဆံု (၆) ေနရာတြင္ အခ်က္ျပ မီးပိြဳင္႔မ်ား တပ္ဆင္ရန္ က်ပ္သိန္း (၆၀၀)ခြင့္ျပဳထား

မေကြးၿမိဳ႕တြင္း လမ္းဆံု (၆) ေနရာတြင္ အခ်က္ျပ မီးပိြဳင္႔မ်ား တပ္ဆင္ရန္ က်ပ္သိန္း (၆၀၀)ခြင့္ျပဳထား
မတ် 16, 2017
By Tachileik News Agency
မေကြးတိုင္းေဒသႀကီး ၊ မေကြးၿမိဳ႕ရိွ ယာဥ္အသြားအလာ ရႈပ္ေထြးသည့္ လမ္းဆံု (၆)ေနရာ၌ အခ်က္ျပ မီးပိြဳင့္မ်ား တိုးခ်ဲ႕ တပ္ဆင္ရန္အတြက္ တုိင္းေဒသႀကီး အစိုးရအဖြဲ႕၏ က်ပ္သိန္း (၆၀၀) ခြင့္ျပဳခ်က္ျဖင့္ ေဆာင္ရြက္လွ်က္ရိွေၾကာင္း မေကြးၿမိဳ႕နယ္စည္ပင္သာယာေရးအဖဲြ႔ထံမွ သိရသည္။ 
“လက္ရိွ မီးပိြဳင့္(၃)ခု နဲ႔ မလံုေလာက္ေတာ႔ပါဘူး။ ေမာ္ေတာ္ယာဥ္အစီးေရ တိုးပြားလာေနတာေၾကာင္႔ တိုင္း ေဒသႀကီး အစိုးရအဖဲြ႔က ခ်ထားေပးတဲ့ ဘတ္ဂ်က္နဲ႔ ယာဥ္ေၾကာရႈပ္ေထြးတဲ့ လမ္းဆံု (၆)ခုမွာ အခ်က္ျပ မီးပိြဳင္႔ေတြ တပ္ဆင္ေပးဖို႔ စီစဥ္ ေဆာင္ရြက္ေနပါၿပီ။ အခု မတ္လကုန္ အၿပီးေဆာင္ရြက္ဖို႔ လ်ာထားေပမဲ့ ဧၿပီလ ဖက္ေတာ့ ကူးသြားမယ္ထင္ပါတယ္”ဟု မေကြးၿမိဳ႕နယ္ စည္ပင္အမႈေဆာင္အရာရိွ ဦးထင္ေအာင္က ေျပာသည္။ 
ျပည္ေတာ္သာလမ္းႏွင္႔ သစၥာလမ္းဆံု၊ ျပည္ေတာ္သာလမ္းႏွင္႔ အေဝရာလမ္းဆံု၊ အ.ထ.က(၁) လမ္းနွင္႔ သစၥာလမ္းဆံု၊ အ.ထ.က(၁)လမ္းနွင္႔ ေမတၱာလမ္းဆံု၊ ေတာင္တြင္းလမ္းႏွင္႔ အေဝရာလမ္းဆံု၊ ျပည္ေတာ္ သာလမ္းႏွင္႔ ၿမိဳ႕မေစ်းလမ္းဆံုတို႔တြင္ မီးပိြဳင့္မ်ားတိုးခ်ဲ႕တပ္ဆင္မည္ျဖစ္ေၾကာင္း သိရသည္။ 
“အခုလို မီးပိြဳင္႔ေတြကို တိုးခ်ဲ႕တပ္ဆင္ႏိုင္ေတာ႔မွာျဖစ္လို႔ ယာဥ္မေတာ္တဆမႈ ျဖစ္ပြားမယ့္ အႏၱရာယ္ကို အ တိုင္းအတာ တစ္ခုအထိ ကာကြယ္ႏိုင္မွာျဖစ္ေပမဲ့ မီးနီျပထားတာကိုပဲ အတင္းျဖတ္ေမာင္းေနတာေတြရိွ ေနေတာ့ ယာဥ္အသံုးျပဳသူေတြ အေနနဲ႔ကလည္း မီးပိြဳင္႔က အခ်က္ျပစနစ္ကို နားလည္လိုက္နာဖို႔ေတာ႔ လိုပါ တယ္”ဟု ကန္သာရပ္ကြက္ေန ဦးစိန္ႏိုင္က ေျပာသည္။ 
မေကြးၿမိဳ႕နယ္တြင္ လူဦးေရ (၂၇၀,၀၀၀)ေက်ာ္၊ စက္တပ္ယာဥ္ (၆၂,၀၀၀)ေက်ာ္ရိွၿပီး ယာဥ္ထိန္း အင္အားမွာ (၃၀) ခန္႔သာရိွသျဖင့္ အခ်က္ျပမီးပြိဳင့္တိုင္းတြင္ ယာဥ္ထိန္းမ်ား ထားရိွႏိုင္ရန္ အခက္အခဲ ရိွမည္ျဖစ္ေၾကာင္း ယာဥ္ထိန္းတပ္ဖဲြ႔ထံမွ သိရသည္။
သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ယာဉ်အသွားအလာ ရှုပ်ထွေးသည့် လမ်းဆုံ (၆)နေရာ၌ အချက်ပြ မီးပွိုင့်များ တိုးချဲ့ တပ်ဆင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကျပ်သိန်း (၆၀၀) ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ 
“လက်ရှိ မီးပွိုင့်(၃)ခု နဲ့ မလုံလောက်တော့ပါဘူး။ မော်တော်ယာဉ်အစီးရေ တိုးပွားလာနေတာကြောင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့က ချထားပေးတဲ့ ဘတ်ဂျက်နဲ့ ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းဆုံ (၆)ခုမှာ အချက်ပြ မီးပွိုင့်တွေ တပ်ဆင်ပေးဖို့ စီစဉ် ဆောင်ရွက်နေပါပြီ။ အခု မတ်လကုန် အပြီးဆောင်ရွက်ဖို့ လျာထားပေမဲ့ ဧပြီလ ဖက်တော့ ကူးသွားမယ်ထင်ပါတယ်”ဟု မကွေးမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးထင်အောင်က ပြောသည်။ 
ပြည်တော်သာလမ်းနှင့် သစ္စာလမ်းဆုံ၊ ပြည်တော်သာလမ်းနှင့် အဝေရာလမ်းဆုံ၊ အ.ထ.က(၁) လမ်းနှင့် သစ္စာလမ်းဆုံ၊ အ.ထ.က(၁)လမ်းနှင့် မေတ္တာလမ်းဆုံ၊ တောင်တွင်းလမ်းနှင့် အဝေရာလမ်းဆုံ၊ ပြည်တော် သာလမ်းနှင့် မြို့မဈေးလမ်းဆုံတို့တွင် မီးပွိုင့်များတိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။ 
“အခုလို မီးပွိုင့်တွေကို တိုးချဲ့တပ်ဆင်နိုင်တော့မှာဖြစ်လို့ ယာဉ်မတော်တဆမှု ဖြစ်ပွားမယ့် အန္တရာယ်ကို အ တိုင်းအတာ တစ်ခုအထိ ကာကွယ်နိုင်မှာဖြစ်ပေမဲ့ မီးနီပြထားတာကိုပဲ အတင်းဖြတ်မောင်းနေတာတွေရှိ နေတော့ ယာဉ်အသုံးပြုသူတွေ အနေနဲ့ကလည်း မီးပွိုင့်က အချက်ပြစနစ်ကို နားလည်လိုက်နာဖို့တော့ လိုပါ တယ်”ဟု ကန်သာရပ်ကွက်နေ ဦးစိန်နိုင်က ပြောသည်။ 
မကွေးမြို့နယ်တွင် လူဦးရေ (၂၇၀,ဝဝဝ)ကျော်၊ စက်တပ်ယာဉ် (၆၂,ဝဝဝ)ကျော်ရှိပြီး ယာဉ်ထိန်း အင်အားမှာ (၃၀) ခန့်သာရှိသဖြင့် အချက်ပြမီးပွိုင့်တိုင်းတွင် ယာဉ်ထိန်းများ ထားရှိနိုင်ရန် အခက်အခဲ ရှိမည်ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ထံမှ သိရသည်။
သတင်း - ဖီးနစ် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~