တကၠသိုလ္ဝင္ စာေမးပြဲ က်င္းပေနလွ်က္ရွိသည့္ မိုင္းတံုအထက္တန္းေက်ာင္း မီးေလာင္မႈျဖစ္ပြား

တကၠသိုလ္ဝင္ စာေမးပြဲ က်င္းပေနလွ်က္ရွိသည့္ မိုင္းတံုအထက္တန္းေက်ာင္း မီးေလာင္မႈျဖစ္ပြား
မတ် 15, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းတံုၿမိဳ႕ အထက္တန္းေက်ာင္းရိွ စာေျဖခန္းအျဖစ္ အသံုးျပဳေနသည့္ တစ္ထပ္ေက်ာင္းေဆာင္တြင္ နံနက္ (၅)နာရီခန္႔က မီးေလာင္မႈ ျဖစ္ပြားသျဖင့္ စာေျဖခန္းအစားထိုး စီစဥ္ေပးလိုက္ရေၾကာင္း သိရသည္။
"ဒီမနက္ငါးနာရီခြဲေလာက္မွာ အိပ္ယာႏိုးလို႔ အိမ္သာသြားဖို႔ ပင္မေက်ာင္းေဆာင္ကေန ထြက္လာတ့ဲအခ်ိန္ တစ္ထပ္ေက်ာင္းေဆာင္ မီးေလာင္ေနတာ ေတြ႔ရတာနဲ႔ သက္ဆိုင္ရာကုိ အေၾကာင္းၾကားခ့ဲတာပါ။ တမင္ဝင္လာၿပီး မီးရိွဳ႕ဖ်က္ဆီးခံရတာပါ။ ေျခာက္နာရီခြဲေလာက္ မီးၿငိႇမ္းသတ္ ႏိုင္ခ့ဲပါတယ္”ဟု စာစစ္ဌာန ႀကီးၾကပ္ေရးမွဴး ဆရာ ဦးသန္းစုိးက ေျပာသည္။
အဆိုပါ တစ္ထပ္ေက်ာင္းေဆာင္ စာေျဖခန္း မီးေလာင္မႈေၾကာင့္ ေျဖဆိုသူ (၂၃)ဦးအတြက္ ျပင္ဆင္ထားသည့္ စာေရးခံု(၁၂)လံုးႏွင့္ ထိုင္ခံု(၈)လံုး၊ စာသင္ခန္း မ်က္ႏွာက်က္မ်ား မီးေလာင္ပ်က္စီးခ့ဲရာ ကာလတန္ဖိုး က်ပ္ေျခာက္သိန္းခန္႔ဆံုးရံွဳးသြားေၾကာင္း သိရသည္။
" ေက်ာင္းျခံစည္း႐ုိးက ပတ္လည္လံုျခံမွဳရေအာင္ ေဆာင္ရြက္ထားေပမယ့္ အေ႐ွ႕ဘက္အုတ္တံတိုင္းက ေက်ာ္ဝင္လို႔ရတယ္။ ညစဥ္ ကြၽန္ေတာ္လည္း လွည့္လည္ ၾကည့္႐ွဳပါတယ္။ မေန႔ညက (၁၂)နာရီအထိ ထူးျခားမွဳ ဘာမွမရိွခ့ဲပါဘူး။ ကြၽန္ေတာ္ကုိယ္တိုင္လည္း စာေမးပြဲအျပင္ေျဖ ဝင္ေရာက္ ေျဖဆိုေနတာပါ။ တရားဝင္ခန္႔ အပ္ထားတ့ဲ ေက်ာင္းေစာင့္လည္း ျဖစ္ပါတယ္။ ပင္မေက်ာင္းေဆာင္ အေပၚထပ္မွာ ေနပါတယ္။ အျပင္ကေနလာၿပီး မီးဝင္ရ္ိွဳ႕တယ္လို႔ ထင္ပါတယ္"ဟု ေက်ာင္းေစာင့္တာဝန္ထမ္းေဆာင္ေနသူ ကုိတီေမာေ႐ွက ဆိုသည္။
မိုင္းတံုစာစစ္ဌာနတြင္ တကၠသိုလ္ဝင္စာေမးပြဲ ဝင္ေရာက္ေျဖဆိုခြင့္ ရရိွထားသူ(၁၇၃)ဦးအနက္ ေျဖဆိုသူ(၁၅၈)ဦးရိွကာ (၁၅)ဦး ဝင္ေရာက္ေျဖဆိုမွဳ မရိွေၾကာင္း ပညာေရးမွဴး႐ုံး၏ ေန႔စဥ္စာေျဖဆိုသူ မွတ္တမ္း မ်ားအရ သိရသည္။
" ဒါစာေမးပြဲ ေျဖဆိုေနတ့ဲ ေက်ာင္းသားေတြထဲက ၾကဳိတင္ၾကံစည္ၿပီး ေဆာင္ရြက္ခ့ဲတယ္လို႔ သုံးသပ္ မိပါတယ္။ လက္ရိွ ဒီစာသင္ခန္းမွာ ဝင္ေရာက္ ေျဖဆိုေနတ့ဲ ေက်ာင္းသားေတြကုိ စိစစ္သြားဖို႔န႔ဲ အမွဳမွန္ ေပၚေပါက္ေစဖို႔ စစ္ေဆး ေဆာင္ရြက္သြားပါမယ္။ ဒါဟာ စာေမးပြဲကုိ ထိခိုက္ေစလိုတ့ဲ ရည္ရြယ္ခ်က္နဲ႔ ေဆာင္ရြက္တာ ထင္႐ွားတ့ဲအတြက္ ဥပဒအရ ေဖာ္ထုတ္အေရးယူနိုင္ဖို႔ ေဆာင္ရြက္ သြားမွာပါ"ဟု မိုင္းတံုၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးေသာမတ္စ္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
မီးေလာင္မႈ ျဖစ္ပြားရာသို႔ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔ဦးစီးဌာနက နံနက္(၅)နာရီ (၁၅)မိန္နစ္ခန္႔မွစ၍ (၆)နာရီခြဲအထိ မီးၿငႇိမ္းသတ္ခဲ့ၿပီး အျခား စာသင္ေဆာင္မ်ားသို႔ ကူးစက္ေလာင္ကၽြမ္းျခင္း မရိွေၾကာင္း သိရသည္။
စာေမးပြဲ ေျဖဆိိုခ်ိန္တြင္ ေက်ာင္းသားမ်ား အခ်ိန္မီေျဖဆိုႏုိင္ေရးအတြက္ အေျခခ်စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးလိွဳင္လင္းေက်ာ္ႏွင့္ မိုင္းတံုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဆန္းဝင္း၊ ၿမိဳ႕နယ္ရဲတပ္ဖြ႔ဲမွဴး ရဲမွဴးေသာမတ္စ္ တို႔လာေရာက္ႀကီးၾကပ္ေဆာင္ရြက္ေပးခ့ဲေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိုင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၄/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ(၄၃၆)အရ အမွဳဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ေအာင္ေဇယ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့ အထက်တန်းကျောင်းရှိ စာဖြေခန်းအဖြစ် အသုံးပြုနေသည့် တစ်ထပ်ကျောင်းဆောင်တွင် နံနက် (၅)နာရီခန့်က မီးလောင်မှု ဖြစ်ပွားသဖြင့် စာဖြေခန်းအစားထိုး စီစဉ်ပေးလိုက်ရကြောင်း သိရသည်။

"ဒီမနက်ငါးနာရီခွဲလောက်မှာ အိပ်ယာနိုးလို့ အိမ်သာသွားဖို့ ပင်မကျောင်းဆောင်ကနေ ထွက်လာတဲ့အချိန် တစ်ထပ်ကျောင်းဆောင် မီးလောင်နေတာ တွေ့ရတာနဲ့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ။ တမင်ဝင်လာပြီး မီးရှို့ဖျက်ဆီးခံရတာပါ။ ခြောက်နာရီခွဲလောက် မီးငြှိမ်းသတ် နိုင်ခဲ့ပါတယ်”ဟု စာစစ်ဌာန ကြီးကြပ်ရေးမှူး ဆရာ ဦးသန်းစိုးက ပြောသည်။

အဆိုပါ တစ်ထပ်ကျောင်းဆောင် စာဖြေခန်း မီးလောင်မှုကြောင့် ဖြေဆိုသူ (၂၃)ဦးအတွက် ပြင်ဆင်ထားသည့် စာရေးခုံ(၁၂)လုံးနှင့် ထိုင်ခုံ(၈)လုံး၊ စာသင်ခန်း မျက်နှာကျက်များ မီးလောင်ပျက်စီးခဲ့ရာ ကာလတန်ဖိုး ကျပ်ခြောက်သိန်းခန့်ဆုံးရှုံးသွားကြောင်း သိရသည်။

" ကျောင်းခြံစည်းရိုးက ပတ်လည်လုံခြံမှုရအောင် ဆောင်ရွက်ထားပေမယ့် အရှေ့ဘက်အုတ်တံတိုင်းက ကျော်ဝင်လို့ရတယ်။ ညစဉ် ကျွန်တော်လည်း လှည့်လည် ကြည့်ရှုပါတယ်။ မနေ့ညက (၁၂)နာရီအထိ ထူးခြားမှု ဘာမှမရှိခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း စာမေးပွဲအပြင်ဖြေ ဝင်ရောက် ဖြေဆိုနေတာပါ။ တရားဝင်ခန့် အပ်ထားတဲ့ ကျောင်းစောင့်လည်း ဖြစ်ပါတယ်။ ပင်မကျောင်းဆောင် အပေါ်ထပ်မှာ နေပါတယ်။ အပြင်ကနေလာပြီး မီးဝင်ရှို့်တယ်လို့ ထင်ပါတယ်"ဟု ကျောင်းစောင့်တာဝန်ထမ်းဆောင်နေသူ ကိုတီမောရှေက ဆိုသည်။

မိုင်းတုံစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ရရှိထားသူ(၁၇၃)ဦးအနက် ဖြေဆိုသူ(၁၅၈)ဦးရှိကာ (၁၅)ဦး ဝင်ရောက်ဖြေဆိုမှု မရှိကြောင်း ပညာရေးမှူးရုံး၏ နေ့စဉ်စာဖြေဆိုသူ မှတ်တမ်း များအရ သိရသည်။

" ဒါစာမေးပွဲ ဖြေဆိုနေတဲ့ ကျောင်းသားတွေထဲက ကြိုတင်ကြံစည်ပြီး ဆောင်ရွက်ခဲ့တယ်လို့ သုံးသပ် မိပါတယ်။ လက်ရှိ ဒီစာသင်ခန်းမှာ ဝင်ရောက် ဖြေဆိုနေတဲ့ ကျောင်းသားတွေကို စိစစ်သွားဖို့နဲ့ အမှုမှန် ပေါ်ပေါက်စေဖို့ စစ်ဆေး ဆောင်ရွက်သွားပါမယ်။ ဒါဟာ စာမေးပွဲကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ထင်ရှားတဲ့အတွက် ဥပဒအရ ဖော်ထုတ်အရေးယူနိုင်ဖို့ ဆောင်ရွက် သွားမှာပါ"ဟု မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောမတ်စ်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနက နံနက်(၅)နာရီ (၁၅)မိန်နစ်ခန့်မှစ၍ (၆)နာရီခွဲအထိ မီးငြှိမ်းသတ်ခဲ့ပြီး အခြား စာသင်ဆောင်များသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။

စာမေးပွဲ ဖြေဆိုချိန်တွင် ကျောင်းသားများ အချိန်မီဖြေဆိုနိုင်ရေးအတွက် အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးလှိုင်လင်းကျော်နှင့် မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဆန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောမတ်စ် တို့လာရောက်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းတုံမြို့မရဲစခန်းတွင် (ပ)၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ(၄၃၆)အရ အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~