ေတာင္ႀကီးၿမိဳ႕ ေမတၱာရွင္ကုသိုလ္ျဖစ္ေဆးရံုတြင္ လူနာ(၂၁၈)ဦးအား မ်က္စိခြဲစိတ္ ကုသေပးခဲ့

ေတာင္ႀကီးၿမိဳ႕ ေမတၱာရွင္ကုသိုလ္ျဖစ္ေဆးရံုတြင္ လူနာ(၂၁၈)ဦးအား မ်က္စိခြဲစိတ္ ကုသေပးခဲ့
မတ် 10, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕မွ ေမတၱာရွင္ကုသိုလ္ျဖစ္ ေဆးရံုတြင္ ဖြင့္လွစ္ၿပီး ႏွစ္လနီးပါး ကာလအတြင္း လူနာ(၂၁၈)ဦးအား မ်က္စိခြဲစိတ္ ကုသေပးခဲ့ၿပီးေၾကာင္း ေမတၱာရွင္အသင္း (ေတာင္ႀကီး)မွ သိရသည္။
အဆိုပါ ေဆးရံုအား ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ (၁၂) ရက္ေန႔က စတင္ဖြင့္လွစ္ကာ ေသာၾကာေန႔မွ လြဲ၍ မ်က္စိေဝဒနာရွင္ မ်ားကုိ ေန႔စဥ္ အခမဲ့ ကုသေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
“တျခားကုသေရး အပိုင္းမွာေတာ့ ဘာမွ မလုပ္နိုင္ေသးဘူး။ ေဆးရံုက ေဆာက္တာ မၾကာေသးဘူးဆိုေတာ့ လိုအပ္ခ်က္ေတြလည္း အမ်ားႀကီး ရွိပါတယ္။ ၀န္ထမ္းလည္း မလံုေလာက္ေသးဘူး။ ေရလည္း အျပည့္အ၀ မရေသးဘူး။ အခုေလာေလာဆယ္က အလွဴရွင္ေတြရဲ႕ ေရေတြနဲ႔ပဲ အသံုးျပဳေနရတယ္”ဟု ေမတၱာရွင္အသင္း (ေတာင္ႀကီး)မွ အတြင္းေရးမွဴး ဦးေမာ္တင္က ေျပာသည္။
ေမတၱာရွင္ ပရဟိတအသင္းသည္ ၂၀၀၁ ခုႏွစ္ ဇန္န၀ါရီလ (၁) ရက္ေန႕တြင္ စတင္ဖြဲ႕စည္းခ့ဲၿပီး အသင္း၏ ေမတၱာရွင္ကုသိုလ္ျဖစ္ေဆးရံုအား ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္၊ ေမတၱာရွင္လမ္း၊ အကြက္အမွတ္(၃၀)၊ ဦးပိုင္အမွတ္(၄)တြင္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ (၁၂) ရက္တြင္ စတင္ဖြင့္လွစ္ကာ အထူးကု ဆရာ၀န္ႀကီးမ်ား၊ ဆရာ၀န္မ်ားက အခေၾကးေငြမယူဘဲ ေစတနာျဖင့္ကုသေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
“အမ်ားဆံုးက အသက္ ၆၀ နဲ႔ ၇၀ ၾကားမွာမ်ားပါတယ္။ အမ်ိဳးသမီးေတြပိုမ်ားပါတယ္။ အခုက ၀န္ထမ္းလည္း မလံုေလာက္ေသးေတာ့ ဒီေလာက္ပဲ လုပ္ေနရေသးတယ္။ ၀န္ထမ္းေတြကိုလည္း တခ်ဳိ႕ေခၚထားပါတယ္။ ဦးတို႔မွာကလည္း ေငြအတိုင္းအတာ မလံုေလာက္ေသးတဲ့ အတြက္ေၾကာင့္ အကုန္လံုးေတာ့ မျပည့္စံုေသးပါဘူး။ ခြဲစိတ္ကုသမႈ အပိုင္းမွာေတာ့ ပိတ္ရက္ကလြဲလို႔ မ်က္စိကုသတဲ့ သူေတြရွိရင္ ဦးတို႔ ေဆးရံုက ကုသမႈကို လုပ္ေပးပါတယ္။ ေဆးခန္းမွာ ျပည့္စံုဖို႔အတြက္ အလွဴရွင္ေတြလည္း ဖိတ္ေခၚပါတယ္”ဟု ဦးေမာ္တင္က ေျပာသည္။
အဆိုပါ ေမတၱာရွင္ကုသိုလ္ျဖစ္ေဆးရံုတြင္ ၀န္ထမ္းအင္အား (၃၁) ဦးသာ ရွိေသာေၾကာင့္ အျခား ကုသေရးအပိုင္း မျပဳလုပ္နိင္ေသးဘဲ မ်က္စိခြဲစိတ္ကုသမႈကိုသာ ျပဳလုပ္ေပးႏုိင္ေသးေၾကာင္း သိရသည္။
ေမတၱာရွင္ကုသိုလ္ျဖစ္ ေဆးခန္း စတင္တည္ေထာင္ခဲ့သည့္ ေန႔မွစ၍ ၂၀၁၆ ခုနွစ္ ဒီဇင္ဘာလ (၃၁) ရက္ေန႔ အထိ ကုသေပးခဲ့ေသာ လူနာဦးေရ မွာ စုစုေပါင္း (၂၃၅,၁၂၂) ဦး ရွိၿပီး ပညာသင္စရိတ္ ေထာက္ပံ့ေပးေသာ တကၠသိုလ္ ေက်ာင္းသား (၁၇)ဦးႏွင့္ သဘာ၀ေဘးအႏၱရာယ္ က်ေရာက္ေသာ ေဒသမ်ား တြင္လည္း သြားေရာက္ ကူညီမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့မှ မေတ္တာရှင်ကုသိုလ်ဖြစ် ဆေးရုံတွင် ဖွင့်လှစ်ပြီး နှစ်လနီးပါး ကာလအတွင်း လူနာ(၂၁၈)ဦးအား မျက်စိခွဲစိတ် ကုသပေးခဲ့ပြီးကြောင်း မေတ္တာရှင်အသင်း (တောင်ကြီး)မှ သိရသည်။

အဆိုပါ ဆေးရုံအား ၂၀၁၇ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့က စတင်ဖွင့်လှစ်ကာ သောကြာနေ့မှ လွဲ၍ မျက်စိဝေဒနာရှင် များကို နေ့စဉ် အခမဲ့ ကုသပေးနခြေင်းဖြစ်ကြောင်း သိရသည်။

“တခြားကုသရေး အပိုင်းမှာတော့ ဘာမှ မလုပ်နိုင်သေးဘူး။ ဆေးရုံက ဆောက်တာ မကြာသေးဘူးဆိုတော့ လိုအပ်ချက်တွေလည်း အများကြီး ရှိပါတယ်။ ဝန်ထမ်းလည်း မလုံလောက်သေးဘူး။ ရေလည်း အပြည့်အဝ မရသေးဘူး။ အခုလောလောဆယ်က အလှူရှင်တွေရဲ့ ရေတွေနဲ့ပဲ အသုံးပြုနေရတယ်”ဟု မေတ္တာရှင်အသင်း (တောင်ကြီး)မှ အတွင်းရေးမှူး ဦးမော်တင်က ပြောသည်။

မေတ္တာရှင် ပရဟိတအသင်းသည် ၂၀၀၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်း၏ မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံအား တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မေတ္တာရှင်လမ်း၊ အကွက်အမှတ်(၃၀)၊ ဦးပိုင်အမှတ်(၄)တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်တွင် စတင်ဖွင့်လှစ်ကာ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များက အခကြေးငွေမယူဘဲ စေတနာဖြင့်ကုသပေးနခြေင်းဖြစ်ကြောင်း သိရသည်။

“အများဆုံးက အသက် ၆၀ နဲ့ ၇၀ ကြားမှာများပါတယ်။ အမျိုးသမီးတွေပိုများပါတယ်။ အခုက ဝန်ထမ်းလည်း မလုံလောက်သေးတော့ ဒီလောက်ပဲ လုပ်နေရသေးတယ်။ ဝန်ထမ်းတွေကိုလည်း တချို့ခေါ်ထားပါတယ်။ ဦးတို့မှာကလည်း ငွေအတိုင်းအတာ မလုံလောက်သေးတဲ့ အတွက်ကြောင့် အကုန်လုံးတော့ မပြည့်စုံသေးပါဘူး။ ခွဲစိတ်ကုသမှု အပိုင်းမှာတော့ ပိတ်ရက်ကလွဲလို့ မျက်စိကုသတဲ့ သူတွေရှိရင် ဦးတို့ ဆေးရုံက ကုသမှုကို လုပ်ပေးပါတယ်။ ဆေးခန်းမှာ ပြည့်စုံဖို့အတွက် အလှူရှင်တွေလည်း ဖိတ်ခေါ်ပါတယ်”ဟု ဦးမော်တင်က ပြောသည်။

အဆိုပါ မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံတွင် ဝန်ထမ်းအင်အား (၃၁) ဦးသာ ရှိသောကြောင့် အခြား ကုသရေးအပိုင်း မပြုလုပ်နိင်သေးဘဲ မျက်စိခွဲစိတ်ကုသမှုကိုသာ ပြုလုပ်ပေးနိုင်သေးကြောင်း သိရသည်။

မေတ္တာရှင်ကုသိုလ်ဖြစ် ဆေးခန်း စတင်တည်ထောင်ခဲ့သည့် နေ့မှစ၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ အထိ ကုသပေးခဲ့သော လူနာဦးရေ မှာ စုစုပေါင်း (၂၃၅,၁၂၂) ဦး ရှိပြီး ပညာသင်စရိတ် ထောက်ပံ့ပေးသော တက္ကသိုလ် ကျောင်းသား (၁၇)ဦးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ တွင်လည်း သွားရောက် ကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~