ရွမ္းျပည္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးေပၚ လက္နက္ကိုင္အဖြဲ႔မွ ဆက္ေၾကးေကာက္ေန၍ ယာဥ္မ်ား ေနာက္ျပန္လွည့္ေနရ

ရွမ္းျပည္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးေပၚ လက္နက္ကိုင္အဖြဲ႔မွ ဆက္ေၾကးေကာက္ေန၍ ယာဥ္မ်ား ေနာက္ျပန္လွည့္ေနရ
မတ် 14, 2017
By Tachileik News Agency


ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)။ ျပည္ေထာင္စု လမ္းမႀကီးေပၚ လားရႈိး - မူဆယ္ လမ္းပိုင္း၊ ကြတ္ခိုင္ ႏွင့္ နမ့္ဖက္ကာ ေက်းရြာအၾကားတြင္ မတ္လ(၁၄)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲ ၀န္းက်င္က ေျမာက္ပိုင္း မဟာမိတ္ တပ္ေပါင္းစုမွ ယာဥ္ႀကီး၊ ယာဥ္ငယ္မ်ားအား တားဆီးကာ ဆက္ေၾကး ေကာက္ခံေန၍ မူဆယ္မွ ဆင္းလာသည့္ ယာဥ္မ်ားမွ ေနာက္ျပန္လွည့္ေနရေၾကာင္း သိရသည္။

"ကြတ္ခိုင္ရႈခင္းသာ နားကေန ကားေတြကျပန္လွည့္ေနၾကတယ္၊ မူဆယ္က ဆင္းလာတဲ့ကားေတြ ေတာ္ေတာ္ မ်ားမ်ား ရပ္ထားတယ္၊ တစ္ခ်ိဳ႕က မူဆယ္ဘက္ကို ျပန္လွည့္သြားၾကၿပီ၊ ဆက္ေၾကးေကာက္တဲ့ ေနရာကိုေတာ့ ကြ်န္ေတာ္တို႔  မေရာက္ေသးဘူး"ဟု မူဆယ္မွ လားရႈိးသို႔ အေရးေပၚ လူနာ သယ္ေဆာင္ လာသည့္ မူဆယ္ၿမိဳ႕မွ ေစတနာ့ဝန္ထမ္း တစ္ဦးက ေျပာသည္။
ဆီေဘာက္ဆာ ယာဥ္အခ်ိဳ႕ႏွင့္ ကုန္တင္ကားႀကီးအခ်ိဳ႕ကို ကြတ္ခိုင္ၿမိဳ႕ႏွင့္ နမ့္ဖတ္ကာေက်းရြာ အၾကားရွိ နမ့္ကြတ္ ေက်းရြာအဝင္တြင္ ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္တပ္ဖြဲ႔မွ ကားေသာ့မ်ား ျဖဳတ္ယူသြားၿပီး လမ္းပိတ္ဆို႔ကာ ဆက္ေၾကးေကာက္ခံေနျခင္း ျဖစ္ေၾကာင္း သိရသည္။
လားရႈိးမွ မူဆယ္သို႔ တက္သြားသည့္ ကုန္တင္ ယာဥ္ႀကီး၊ ယာဥ္ငယ္မ်ားမွာ ကြတ္ခိုင္ၿမိဳ႕ အနီးတြင္ ရပ္တန္႔ထားရၿပီး အခ်ိဳ႕ယာဥ္မ်ားမွာ လားရိႈးသို႔ ျပန္လွည့္သြားေၾကာင္း ကြတ္ခိုင္သို႔ေရာက္ရွိေနသည့္ ယာဥ္ေမာင္းတစ္ဦးထံမွ သိရသည္။
မတ္လ ၁၄ ရက္ နံနက္ (၄)နာရီ ဝန္းက်င္မွစ၍ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာေက်းရြာအနီးတြင္ ေျမာက္ပိုင္း မဟာမိတ္တပ္ဖြဲ၏ ဝင္ေရာက္ ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ေက်းရြာေဒသခံ အသက္ ၁၃ ႏွစ္အရြယ္ အမ်ိဳးသမီး ငယ္တစ္ဦး ဦးေခါင္းဒဏ္ရာ ျပင္းထန္စြာရရွိထားၿပီး မူဆယ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ကုသေနရာမွ သတိျပန္မလည္လာသျဖင့္ ေန႔လယ္ပိုင္း တြင္ လားရိႈးၿမိဳ႕ျပည္သူ႔ေဆးရံုသို႔ ျပန္လည္ ပို႔ေဆာင္ကုသရန္အတြက္ သယ္ေဆာင္လာရေၾကာင္း မူဆယ္ကရုဏာလူမႈကူညီေရးအသင္းမွ သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (မြောက်ပိုင်း)။ ပြည်ထောင်စု လမ်းမကြီးပေါ် လားရှိုး - မူဆယ် လမ်းပိုင်း၊ ကွတ်ခိုင် နှင့် နမ့်ဖက်ကာ ကျေးရွာအကြားတွင် မတ်လ(၁၄)ရက်နေ့ နေ့လယ်(၂)နာရီခွဲ ဝန်းကျင်က မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုမှ ယာဉ်ကြီး၊ ယာဉ်ငယ်များအား တားဆီးကာ ဆက်ကြေး ကောက်ခံနေ၍ မူဆယ်မှ ဆင်းလာသည့် ယာဉ်များမှ နောက်ပြန်လှည့်နေရကြောင်း သိရသည်။

"ကွတ်ခိုင်ရှုခင်းသာ နားကနေ ကားတွေကပြန်လှည့်နကြေတယ်၊ မူဆယ်က ဆင်းလာတဲ့ကားတွေ တော်တော် များများ ရပ်ထားတယ်၊ တစ်ချို့က မူဆယ်ဘက်ကို ပြန်လှည့်သွားကြပြီ၊ ဆက်ကြေးကောက်တဲ့ နေရာကိုတော့ ကျွန်တော်တို့ မရောက်သေးဘူး"ဟု မူဆယ်မှ လားရှိုးသို့ အရေးပေါ် လူနာ သယ်ဆောင် လာသည့် မူဆယ်မြို့မှ စေတနာ့ဝန်ထမ်း တစ်ဦးက ပြောသည်။

ဆီဘောက်ဆာ ယာဉ်အချို့နှင့် ကုန်တင်ကားကြီးအချို့ကို ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကျေးရွာ အကြားရှိ နမ့်ကွတ် ကျေးရွာအဝင်တွင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့မှ ကားသော့များ ဖြုတ်ယူသွားပြီး လမ်းပိတ်ဆို့ကာ ဆက်ကြေးကောက်ခံနခြေင်း ဖြစ်ကြောင်း သိရသည်။

လားရှိုးမှ မူဆယ်သို့ တက်သွားသည့် ကုန်တင် ယာဉ်ကြီး၊ ယာဉ်ငယ်များမှာ ကွတ်ခိုင်မြို့ အနီးတွင် ရပ်တန့်ထားရပြီး အချို့ယာဉ်များမှာ လားရှိုးသို့ ပြန်လှည့်သွားကြောင်း ကွတ်ခိုင်သို့ရောက်ရှိနေသည့် ယာဉ်မောင်းတစ်ဦးထံမှ သိရသည်။

မတ်လ ၁၄ ရက် နံနက် (၄)နာရီ ဝန်းကျင်မှစ၍ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးတွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ၏ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာဒေသခံ အသက် ၁၃ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦး ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာရရှိထားပြီး မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေရာမှ သတိပြန်မလည်လာသဖြင့် နေ့လယ်ပိုင်း တွင် လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပြန်လည် ပို့ဆောင်ကုသရန်အတွက် သယ်ဆောင်လာရကြောင်း မူဆယ်ကရုဏာလူမှုကူညီရေးအသင်းမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~