ေလာက္ကိုင္စစ္ေဘးေရွာင္ လူဦးေရ ၁၀၀ ခန္႔ လားရိႈးမန္ဆူရွမ္းေက်ာင္းတြင္ ခိုလႈံေနရဆဲ

ေလာက္ကိုင္စစ္ေဘးေရွာင္ လူဦးေရ ၁၀၀ ခန္႔ လားရိႈးမန္ဆူရွမ္းေက်ာင္းတြင္ ခိုလႈံေနရဆဲ
မတ် 19, 2017
By Tachileik News Agency
ေလာက္ကုိင္ေဒသမွ တိုက္ပြဲေၾကာင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕သို႔ တိုက္ပြဲ ေရွာင္လာသူ မ်ားအား ေနရပ္ ေဒသမ်ားသို႔ ပို႔ေဆာင္ၿပီးေနာက္ လူဦးေရ (၁၀၀)ခန္႔မွာ မတ္လ (၁၈)ရက္ေန႔အထိ မန္ဆူရွမ္းေက်ာင္းတြင္ ခိုလံႈေနရဆဲျဖစ္ကာ ေရသန္႔မ်ား လိုအပ္ေနေၾကာင္း သိရသည္။
လားရိႈးၿမိဳ႕သုိ႔ တိမ္းေရွာင္လာသူအမ်ားစုမွာ ျမန္မာႏုိင္ငံအလယ္ပိုင္းေဒသမ်ားမွ ေလာက္ကိုင္ေဒသသို႔ သြားေရာက္ အလုပ္ လုပ္ကိုင္ေနၾကသူမ်ားျဖစ္ၿပီး ေလာက္ကိုင္ေဒသခံအခ်ိဳ႕လည္း ပါဝင္ေၾကာင္း သိရသည္။
“ေလာက္ကိုင္ဘက္မွာ အဝင္အထြက္ ပိတ္ထားတာေတြေတာ့ ရွိေသးတယ္။ ျပည္သူ (၅၀၀)ေလာက္လည္း ပိတ္မိေနေသးတယ္။ ၿပီးေတာ့ တရုတ္ျပည္ဘက္ကို သြားပုန္းေနတဲ့ျပည္သူ (၅၀၀၀) ေလာက္လည္း က်န္ေနေသးတယ္လို႔ေတာ့ သတင္းရထားပါတယ္။ ေလာက္ကိုင္ေဒသမွာ ပိတ္မိေနတဲ့ လူ (၅၀၀) ေလာက္ကေတာ့ လားရိႈးကိုလာမယ့္အေျခအေနရွိတယ္။ ခုခ်ိန္ထိ စခန္းမွာရွိေနေသးတဲ့ လူဦးေရ (၁၀၀) ေလာက္ကေတာ့ ေလာက္ကိုင္ေဒသက ေဒသခံေတြလို႔ သိရတယ္။ သူတို႔ကေတာ့ အေျခအေန ေကာင္းတဲ့အခ်ိန္က်မွ ေနရပ္ျပန္ႏိုင္မွာ”ဟု လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးမွ တာဝန္ရွိသူတစ္ဦးျဖစ္သည့္ ကိုရိုင္ခြ်ဲက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေလာက္ကိုင္ေဒသတိုက္ပြဲေၾကာင့္ လားရိႈးၿမိဳ႕သို႔ တိမ္းေရွာင္လာသူ ဦးေရမွာ မတ္လ(၇)ရက္ေန႔မွ မတ္လ(၁၈)ရက္ေန႔ အထိ စုစုေပါင္း (၆၄၀၀)ေက်ာ္ရိွသည့္ အနက္ (၆၃၀၀)ေက်ာ္အား ေနရပ္ အသီးသီးသို႔ ျပန္ပို႔ႏုိင္ခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။
“သူတို႔ကို ျပန္ပို႔ဖို႔အတြက္ စစျဖစ္ခ်င္း ေန႔ေတြကေတာ့ တစ္ရက္ကို ကား (၁၀) စီး၊ (၁၅) စီးေလာက္ သံုးရတာေပါ့။ ေနာက္ပိုင္းရက္ေတြ (၃)စီး၊ (၄)စီးေလာက္ေတာ့ ပံုမွန္ ပို႔ေပးရတယ္”ဟု ကိုရိုင္ခြ်ဲက ေျပာသည္။
လားရိႈးၿမိဳ႕ မန္ဆူရွမ္းေက်ာင္းသို႔ တိမ္းေရွာင္လာသည့္ တိုက္ပြဲေရွာင္ ျပည္သူမ်ား၏ စားနပ္ရိကၡာႏွင့္ ေနရပ္ျပန္ပို႔ေရးတို႔ အတြက္ မန္ဆူရွမ္းေက်ာင္း ဆရာေတာ္၊ ဌာနဆိုင္ရာ အဖြဲ႕အစည္းမ်ား၊ လူမႈေရး အဖြဲ႔အစည္း မ်ားက ပူးေပါင္း ကူညီခဲ့ၾကျခင္းျဖစ္ၿပီး လားရိႈးၿမိဳ႕ျပည္သူ႔ ေဆးရံုမွ တာဝန္ရွိသူမ်ား၊ စစ္ဘက္ဆိုင္ရာ က်န္းမာေရးဌာနမွ တာဝန္ရွိသူမ်ားက က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား လုပ္ေဆာင္ ေပးေနေၾကာင္း သိရသည္။
လက္ရိွတြင္ က်န္ရိွသည့္ တုိက္ပြဲေရွာင္မ်ား အတြက္ ေရသန္႔မ်ား လိုအပ္ေနေသးေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

လောက်ကိုင်ဒေသမှ တိုက်ပွဲကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ တိုက်ပွဲ ရှောင်လာသူများအား နေရပ် ဒေသများသို့ ပို့ဆောင်ပြီးနောက် လူဦးရေ (၁၀၀)ခန့်မှာ မတ်လ (၁၈)ရက်နေ့အထိ မန်ဆူရှမ်းကျောင်း တွင် ခိုလှုံနေရဆဲဖြစ်ကာ ရေသန့်များလိုအပ်နေကြောင်း သိရသည်။
လားရှိုးမြို့သို့ တိမ်းရှောင်လာသူအများစုမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လောက်ကိုင်ဒေသသို့ သွားရောက် အလုပ် လုပ်ကိုင်နကြေသူများဖြစ်ပြီး လောက်ကိုင်ဒေသခံအချို့လည်း ပါဝင်ကြောင်း သိရသည်။
“လောက်ကိုင်ဘက်မှာ အဝင်အထွက် ပိတ်ထားတာတွေတော့ ရှိသေးတယ်။ ပြည်သူ (၅၀၀)လောက်လည်း ပိတ်မိနေသေးတယ်။ ပြီးတော့ တရုတ်ပြည်ဘက်ကို သွားပုန်းနေတဲ့ပြည်သူ (၅၀၀၀) လောက်လည်း ကျန်နေသေးတယ်လို့တော့ သတင်းရထားပါတယ်။ လောက်ကိုင်ဒေသမှာ ပိတ်မိနေတဲ့ လူ (၅၀၀) လောက်ကတော့ လားရှိုးကိုလာမယ့်အခြေအနေရှိတယ်။ ခုချိန်ထိ စခန်းမှာရှိနေသေးတဲ့ လူဦးရေ (၁၀၀) လောက်ကတော့ လောက်ကိုင်ဒေသက ဒေသခံတွေလို့ သိရတယ်။ သူတို့ကတော့ အခြေအနေ ကောင်းတဲ့အချိန်ကျမှ နေရပ်ပြန်နိုင်မှာ”ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုရိုင်ချွဲက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လောက်ကိုင်ဒေသတိုက်ပွဲကြောင့် လားရှိုးမြို့သို့ တိမ်းရှောင်လာသူ ဦးရေမှာ မတ်လ(၇)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့ အထိ စုစုပေါင်း (၆၄၀၀)ကျော်ရှိသည့် အနက် (၆၃၀၀)ကျော်အား နေရပ် အသီးသီးသို့ ပြန်ပို့နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“သူတို့ကို ပြန်ပို့ဖို့အတွက် စစဖြစ်ချင်း နေ့တွေကတော့ တစ်ရက်ကို ကား (၁၀) စီး၊ (၁၅) စီးလောက် သုံးရတာပေါ့။ နောက်ပိုင်းရက်တွေ (၃)စီး၊ (၄)စီးလောက်တော့ ပုံမှန် ပို့ပေးရတယ်”ဟု ကိုရိုင်ချွဲက ပြောသည်။
လားရှိုးမြို့ မန်ဆူရှမ်းကျောင်းသို့ တိမ်းရှောင်လာသည့် တိုက်ပွဲရှောင် ပြည်သူများ၏ စားနပ်ရိက္ခါနှင့် နေရပ်ပြန်ပို့ရေးတို့ အတွက် မန်ဆူရှမ်းကျောင်း ဆရာတော်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်း များက ပူးပေါင်း ကူညီခဲ့ကြခြင်းဖြစ်ပြီး လားရှိုးမြို့ပြည်သူ့ ဆေးရုံမှ တာဝန်ရှိသူများ၊ စစ်ဘက်ဆိုင်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင် ပေးနေကြောင်း သိရသည်။
လက်ရှိတွင် ကျန်ရှိသည့် တိုက်ပွဲရှောင်များ အတွက် ရေသန့်များ လိုအပ်နေသေးကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~