ေလာက္ကိုင္ တိုက္ပြဲေရွာင္မ်ား အတြက္ လူမႈဝန္ထမ္းကယ္ဆယ္ေရးနွင့္ျပန္လည္ေနရာခ်ထားေရးက တတိယအႀကိမ္ ပံ့ပိုး

ေလာက္ကိုင္ တိုက္ပြဲေရွာင္မ်ား အတြက္ လူမႈဝန္ထမ္းကယ္ဆယ္ေရးနွင့္ျပန္လည္ေနရာခ်ထားေရးက တတိယအႀကိမ္ ပံ့ပိုး
မတ် 21, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေလာက္ကိုင္ေဒသမွ တိုက္ပြဲမ်ားေၾကာင့္ လားရိႈးၿမိဳ႕သို႔ တိမ္းေရွာင္လာသူမ်ား အနက္ လူဦးေရ (၁၀၀)ခန္႔ မန္ဆူရွမ္းေက်ာင္းတြင္ ခိုလံႈေနဆဲျဖစ္သျဖင့္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးမွ မတ္လ (၂၁)ရက္ေန႔တြင္ တတိယ အႀကိမ္ေျမာက္ စားနပ္ရိကၡာမ်ား ပံ့ပိုးေပးေၾကာင္း သိရသည္။
လူမႈဝန္ထမ္းကယ္ဆယ္ေရးနွင့္ ျပန္လည္ေနရာခ်ထားေရးဌာနမွ ဒုတိယျပည္နယ္ညႊန္ၾကားေရးမွဴး ဦးေက်ာ္ေက်ာ္ထြန္းက ဦးေဆာင္ၿပီး မန္ဆူဆရာေတာ္ထံ တုိက္ပဲြေရွာင္ျပည္သူမ်ား အတြက္ ဆန္ဖိုး အလွဴေငြက်ပ္ (၄,၂၂၂,၃၀၀)ႏွင့္ ဆီ၊ ဆား၊ ငါးေသတၲာမ်ားကုိ လွဴဒါန္းခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။
မတ္လ (၆)ရက္ေန႔က ျဖစ္ပြားသည့္ ေလာက္ကိုင္ေဒသ တိုက္ပြဲေၾကာင့္ လားရိႈးၿမိဳ႕သို႔ တိမ္းေရွာင္လာသူ လူဦးေရ (၆,၄၀၀)ေက်ာ္ရိွသည့္ အနက္ ေနရပ္ေဒသ အသီးသီးသုိ႔ ျပန္ပို႔ေပးၿပီးေနာက္ က်န္ရွိသည့္ ေလာက္ကိုင္ေဒသခံ (၁၀၀)ခန္႔ မွာ မန္ဆူရွမ္းေက်ာင္းတြင္ ခိုလွံဳေနဆဲျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ခမ္းဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသမှ တိုက်ပွဲများကြောင့် လားရှိုးမြို့သို့ တိမ်းရှောင်လာသူများ အနက် လူဦးရေ (၁၀၀)ခန့် မန်ဆူရှမ်းကျောင်းတွင် ခိုလှုံနေဆဲဖြစ်သဖြင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးမှ မတ်လ (၂၁)ရက်နေ့တွင် တတိယ အကြိမ်မြောက် စားနပ်ရိက္ခါများ ပံ့ပိုးပေးကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ ဒုတိယပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက ဦးဆောင်ပြီး မန်ဆူဆရာတော်ထံ တိုက်ပွဲရှောင်ပြည်သူများ အတွက် ဆန်ဖိုး အလှူငွေကျပ် (၄,၂၂၂,၃၀၀)နှင့် ဆီ၊ ဆား၊ ငါးသေတ္တာများကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ (၆)ရက်နေ့က ဖြစ်ပွားသည့် လောက်ကိုင်ဒေသ တိုက်ပွဲကြောင့် လားရှိုးမြို့သို့ တိမ်းရှောင်လာသူ လူဦးရေ (၆,၄၀၀)ကျော်ရှိသည့် အနက် နေရပ်ဒေသ အသီးသီးသို့ ပြန်ပို့ပေးပြီးနောက် ကျန်ရှိသည့် လောက်ကိုင်ဒေသခံ (၁၀၀)ခန့် မှာ မန်ဆူရှမ်းကျောင်းတွင် ခိုလှုံနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ခမ်းဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~