က်ိဳင္းတံုၿမိဳ႕လယ္တြင္ ဓားျပေငြေတာင္းခံသူအား ရဲတပ္ဖြဲ႕က ၂၄ နာရီအတြင္း ဖမ္းဆီးရမိထား

က်ိဳင္းတံုၿမိဳ႕လယ္တြင္ ဓားျပေငြေတာင္းခံသူအား ရဲတပ္ဖြဲ႕က ၂၄ နာရီအတြင္း ဖမ္းဆီးရမိထား
မတ် 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိုင္္္းတံုၿမိဳ႕လယ္တြင္ မတ္လ (၈) ရက္ေန႔ နံနက္ပိုင္းက ဆရာမတစ္ဦးအား ဓားျပၿခိမ္းေျခာက္၍ ေငြေတာင္းခံသြားသူအား အမႈဖြင့္ တုိင္ၾကားျခင္း မရိွေသာ္လည္း က်ိဳင္းတံုရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား ခ်က္ခ်င္း လုပ္ေဆာင္ထားေၾကာင္း သိရသည္။

“မေန႔က ၿမိဳ႕လယ္မွာ အမ်ိဳးသမီးတစ္ဦးကို ဓားျပၿခိမ္ေျခာက္ေငြေတာင္းခံသူ အမ်ိဳးသားကို ေန႔မကူးခင္ ဖမ္းမိထားပါတယ္”ဟု က်ိဳင္းတံုၿမဳိ႕မရဲတပ္ဖြဲ႔မွ ဒုရဲမွဴး ေအာင္ျမင့္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရားလိုျဖစ္သူမွ ရဲစခန္းတြင္လာေရာက္အမႈဖြင့္လွစ္ျခင္း မရွိသည့္အတြက္ ရဲလုပ္ထုံးလုပ္နည္းအရ စိစစ္ ေမးျမန္းေနဆဲျဖစ္ၿပီး အမႈက်ဴးလြန္သူအား ရဲစခန္းတြင္ ထိန္းသိမ္းထားဆဲျဖစ္ေၾကာင္း က်ိဳင္းတံုၿမိဳ႕မရဲ စခန္းမွ သိရသည္။

မတ္လ (၈) ရက္ေန႔ နံနက္ (၁၀) နာရီဝန္းက်င္က က်ိဳင္းတံုၿမိဳ႕လယ္ရွိ တကၠသိုလ္ဓာတ္ပံုဆိုင္ေရွ႕တြင္ ဆရာမတစ္ဦးအား အမ်ိဳးသားတစ္ဦးက ဓားျပ ၿခိမ္းေျခာက္၍ ေငြေၾကးေတာင္းယူသြားေၾကာင္း သတင္းအရ မတ္လ(၈)ရက္ေန႔တြင္ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္မွာ က်ိဳင္းတံုၿမိဳ႕တြင္ ျဖစ္ေလ့ျဖစ္ထမရိွသည့္ မႈခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့လယ်တွင် မတ်လ (၈) ရက်နေ့ နံနက်ပိုင်းက ဆရာမတစ်ဦးအား ဓားပြခြိမ်းခြောက်၍ ငွေတောင်းခံသွားသူအား အမှုဖွင့် တိုင်ကြားခြင်း မရှိသော်လည်း ကျိုင်းတုံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ချက်ချင်း လုပ်ဆောင်ထားကြောင်း သိရသည်။

“မနေ့က မြို့လယ်မှာ အမျိုးသမီးတစ်ဦးကို ဓားပြခြိမ်ခြောက်ငွေတောင်းခံသူ အမျိုးသားကို နေ့မကူးခင် ဖမ်းမိထားပါတယ်”ဟု ကျိုင်းတုံမြို့မရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်မြင့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားလိုဖြစ်သူမှ ရဲစခန်းတွင်လာရောက်အမှုဖွင့်လှစ်ခြင်း မရှိသည့်အတွက် ရဲလုပ်ထုံးလုပ်နည်းအရ စိစစ် မေးမြန်းနေဆဲဖြစ်ပြီး အမှုကျူးလွန်သူအား ရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ကျိုင်းတုံမြို့မရဲ စခန်းမှ သိရသည်။

မတ်လ (၈) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်က ကျိုင်းတုံမြို့လယ်ရှိ တက္ကသိုလ်ဓာတ်ပုံဆိုင်ရှေ့တွင် ဆရာမတစ်ဦးအား အမျိုးသားတစ်ဦးက ဓားပြ ခြိမ်းခြောက်၍ ငွေကြေးတောင်းယူသွားကြောင်း သတင်းအရ မတ်လ(၈)ရက်နေ့တွင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ ကျိုင်းတုံမြို့တွင် ဖြစ်လေ့ဖြစ်ထမရှိသည့် မှုခင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်  

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~