ေက်ာက္မဲၿမိဳ႕တြင္ ဆုိင္ကယ္ခိုးယူခံရမႈ တိုးလာေသာ္လည္း အမႈဖြင့္တုိင္ၾကားသူ မရိွ

ေက်ာက္မဲၿမိဳ႕တြင္ ဆုိင္ကယ္ခိုးယူခံရမႈ တိုးလာေသာ္လည္း အမႈဖြင့္တုိင္ၾကားသူ မရိွ
မတ် 19, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္၂၀၁၇ ခုႏွစ္အတြင္း ဆိုင္ကယ္ခိုးယူခံရမႈ သိသာစြာမ်ားျပား လာေသာ္လည္း သက္ဆိုင္ရာသို႔ လာေရာက္အမႈဖြင့္ တိုင္တန္းမႈ လံုးဝမရွိေၾကာင္း သိရသည္။
“ဇန္နဝါရီလကေန လက္ရွိအခ်ိန္ထိ ဆိုင္ကယ္ေပ်ာက္မႈလာတိုင္တန္းတာကို လက္ခံအမႈဖြင့္ေပးရတာ တစ္ခုမွ မရွိေသးပါဘူး။ ကာယကံရွင္ကိုယ္တိုင္က လာေရာက္ တိုင္တန္းထားတာမ်ိဳး လံုးဝမရွိပါဘူး။ ေပ်ာက္ဆံုးမႈေတြ ရွိေနတယ္ဆိုတာက လိုင္စင္မဲ့ဆိုင္ကယ္ေတြ အမ်ားဆံုးျဖစ္မယ္”ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။
ဆိိုင္ကယ္ေပ်ာက္ဆံုးမႈ မတုိင္ၾကားျခင္းမွာ လုိင္စင္မဲ့ ဆုိင္ကယ္မ်ား ျဖစ္ေနသည့္အတြက္ ျဖစ္ႏုိင္ေၾကာင္း အဆိုပါ ရဲအရာရိွက သံုးသပ္သည္။
“အေဆာင္ဖြင့္ထားတာေတာ့ ေလးႏွစ္ရွိၿပီ။ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္တုန္းက ဆိုင္ကယ္တစ္စီး ေပ်ာက္ဖူးတယ္။ ဟိုေန႔ကလည္း တစ္စီးေပ်ာက္တယ္။ ရဲကိုေတာ့ မတိုင္ထားပါဘူး။ ေပ်ာက္တဲ့ ဆိုင္ကယ္ကလည္း လိုင္စင္ မပါဘူးဆိုေတာ့ မတိုင္တန္းေတာ့ဘူး “ဟု အထက္တန္း ေက်ာင္းသူ/သား မ်ားအတြက္ ေဘာ္ဒါေဆာင္ ဖြင့္လွစ္ထားသူ ဦးသိန္းႏိုင္က ေျပာသည္။
၂၀၁၂ ခုႏွစ္အတြင္းမွ စတင္၍ ေက်ာက္မဲၿမိဳ႕တြင္ အထက္တန္းေက်ာင္းသား ေဘာ္ဒါေဆာင္မ်ားႏွင့္ လူစည္ကားရာ ေနရာမ်ားတြင္ ဆိုင္ကယ္ခိုးယူခံရမႈမ်ား တစ္စတစ္စမ်ားျပားလာျခင္း ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“ကြ်န္ေတာ္တို႔ ဆိုင္ကယ္ေပ်ာက္ေတာ့ ရဲစခန္းကို သြားၿပီးတိုင္တယ္။ ဆိုင္ကယ္က Cyclone ( ဆိုင္ကလုန္း) 125 cc ဗ်။ ဝယ္ထားတာ မၾကာေသးဘူး။ ေပ်ာက္တဲ့ေန႔က စခန္းမွာသြားတိုင္ေတာ့ ဆိုင္ကယ္က လိုင္စင္မပါလို႔ ခိုးတဲ့သူက ေထာင္(၃)ႏွစ္၊ ဆိုင္ကယ္ပိုင္ရွင္က ေထာင္(၁)ႏွစ္က်မယ္ ဆိုလို႔ အမႈမဖြင့္ေတာ့ပဲ ျပန္လာခဲ့တာ”ဟု ဆိုင္ကယ္ေပ်ာက္သူ တစ္ဦးက ေျပာသည္။
ဆိုင္ကယ္ခိုးသူမ်ားမွာ ေက်ာက္မဲၿမိဳ႕တြင္း၌ ျပန္လည္ေရာင္းခ်သည္ကို ေတြ႔ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“ေန႔စဥ္ လိုအပ္ခ်က္အရ မရွိမျဖစ္ ဝယ္စီးၾကေပမဲ့ လိုင္စင္မဲ့ဆိုေတာ့ ေပ်ာက္သြားလည္း ေတာ္ရံုတန္ရံု မတိုင္ရဲၾကဘူးဆိုေတာ့ ခိုးတဲ့သူကိုလည္း ဘယ္ေတာ့မွ မမိဘူး။ ဒါေၾကာင့္ ေပ်ာက္တာေတြက ပိုပိုၿပီး မ်ားလာတာ။ ၿမိဳ႕ခံရဲေတြကေတာ့ အရင္ကထက္ ပိုၿပီး လံုၿခံဳေရးယူတာ ညကင္းလွည့္တာေတြ ျမင္လာရတယ္။ ဒါေပမဲ့ အက်ိဳးသက္ေရာက္မႈေတာ့ ထူးထူးျခားျခား ေတြ႔ရတာမ်ိဳးေတာ့ မရွိေသးဘူး “ဟု ေက်ာက္မဲရွိ အၿငိမ္းစား ရဲအရာရွိတစ္ဦးက ေျပာသည္။
၂၀၁၇ခုႏွစ္ မတ္လဆန္းမွစ၍ ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ ဆုိင္ကယ္မ်ားအား ခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနတြင္ လိုင္စင္မ်ား လုပ္ေဆာင္ ေပးေနေသာ္လည္း ေက်ာက္မဲၿမိဳ႕တြင္ ပထမတစ္ပတ္အတြင္း လိုင္စင္ေလွ်ာက္ထားသူ နည္းပါးေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင်၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်ခိုးယူခံရမှု သိသာစွာများပြား လာသော်လည်း သက်ဆိုင်ရာသို့ လာရောက်အမှုဖွင့် တိုင်တန်းမှု လုံးဝမရှိကြောင်း သိရသည်။
“ဇန်နဝါရီလကနေ လက်ရှိအချိန်ထိ ဆိုင်ကယ်ပျောက်မှုလာတိုင်တန်းတာကို လက်ခံအမှုဖွင့်ပေးရတာ တစ်ခုမှ မရှိသေးပါဘူး။ ကာယကံရှင်ကိုယ်တိုင်က လာရောက် တိုင်တန်းထားတာမျိုး လုံးဝမရှိပါဘူး။ ပျောက်ဆုံးမှုတွေ ရှိနေတယ်ဆိုတာက လိုင်စင်မဲ့ဆိုင်ကယ်တွေ အများဆုံးဖြစ်မယ်”ဟု ကျောက်မဲမြို့ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ဆိုင်ကယ်ပျောက်ဆုံးမှု မတိုင်ကြားခြင်းမှာ လိုင်စင်မဲ့ ဆိုင်ကယ်များ ဖြစ်နေသည့်အတွက် ဖြစ်နိုင်ကြောင်း အဆိုပါ ရဲအရာရှိက သုံးသပ်သည်။
“အဆောင်ဖွင့်ထားတာတော့ လေးနှစ်ရှိပြီ။ ပြီးခဲ့တဲ့ နှစ်နှစ်တုန်းက ဆိုင်ကယ်တစ်စီး ပျောက်ဖူးတယ်။ ဟိုနေ့ကလည်း တစ်စီးပျောက်တယ်။ ရဲကိုတော့ မတိုင်ထားပါဘူး။ ပျောက်တဲ့ ဆိုင်ကယ်ကလည်း လိုင်စင် မပါဘူးဆိုတော့ မတိုင်တန်းတော့ဘူး “ဟု အထက်တန်း ကျောင်းသူ/သား များအတွက် ဘော်ဒါဆောင် ဖွင့်လှစ်ထားသူ ဦးသိန်းနိုင်က ပြောသည်။
၂၀၁၂ ခုနှစ်အတွင်းမှ စတင်၍ ကျောက်မဲမြို့တွင် အထက်တန်းကျောင်းသား ဘော်ဒါဆောင်များနှင့် လူစည်ကားရာ နေရာများတွင် ဆိုင်ကယ်ခိုးယူခံရမှုများ တစ်စတစ်စများပြားလာခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ ဆိုင်ကယ်ပျောက်တော့ ရဲစခန်းကို သွားပြီးတိုင်တယ်။ ဆိုင်ကယ်က Cyclone ( ဆိုင်ကလုန်း) 125 cc ဗျ။ ဝယ်ထားတာ မကြာသေးဘူး။ ပျောက်တဲ့နေ့က စခန်းမှာသွားတိုင်တော့ ဆိုင်ကယ်က လိုင်စင်မပါလို့ ခိုးတဲ့သူက ထောင်(၃)နှစ်၊ ဆိုင်ကယ်ပိုင်ရှင်က ထောင်(၁)နှစ်ကျမယ် ဆိုလို့ အမှုမဖွင့်တော့ပဲ ပြန်လာခဲ့တာ”ဟု ဆိုင်ကယ်ပျောက်သူ တစ်ဦးက ပြောသည်။
ဆိုင်ကယ်ခိုးသူများမှာ ကျောက်မဲမြို့တွင်း၌ ပြန်လည်ရောင်းချသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“နေ့စဉ် လိုအပ်ချက်အရ မရှိမဖြစ် ဝယ်စီးကြပေမဲ့ လိုင်စင်မဲ့ဆိုတော့ ပျောက်သွားလည်း တော်ရုံတန်ရုံ မတိုင်ရဲကြဘူးဆိုတော့ ခိုးတဲ့သူကိုလည်း ဘယ်တော့မှ မမိဘူး။ ဒါကြောင့် ပျောက်တာတွေက ပိုပိုပြီး များလာတာ။ မြို့ခံရဲတွေကတော့ အရင်ကထက် ပိုပြီး လုံခြုံရေးယူတာ ညကင်းလှည့်တာတွေ မြင်လာရတယ်။ ဒါပေမဲ့ အကျိုးသက်ရောက်မှုတော့ ထူးထူးခြားခြား တွေ့ရတာမျိုးတော့ မရှိသေးဘူး “ဟု ကျောက်မဲရှိ အငြိမ်းစား ရဲအရာရှိတစ်ဦးက ပြောသည်။
၂၀၁၇ခုနှစ် မတ်လဆန်းမှစ၍ ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များအား ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် လိုင်စင်များ လုပ်ဆောင် ပေးနေသော်လည်း ကျောက်မဲမြို့တွင် ပထမတစ်ပတ်အတွင်း လိုင်စင်လျှောက်ထားသူ နည်းပါးကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~