တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်လ၀ကရုံးများအား ခရိုင်ဦးစီးမှူးမှ လိုက်လံစစ်ဆေး

တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်လ၀ကရုံးများအား ခရိုင်ဦးစီးမှူးမှ လိုက်လံစစ်ဆေး
မတျ 17, 2017
By Tachileik News Agency
"ကျွန်တော့် တာချီလိတ်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်ဦးစီးမှူးရုံးတွေကို မတ်လ(၁၄)ရက်နေ့ ကနေ စပြီးတော့ ရုံးပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရုံးတွင်း သန့်ရှင်းရေး၊ ရုံးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုတွေကို လိုက်လံကြည့်ရှု စစ်ဆေးနေတာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက ပြောသည်။
တာချီလိတ်ခရိုင်အတွင်း တာချီလိတ်မြို့၊ မိုင်းဖြတ်မြို့၊ မိုင်းယောင်းမြို့၊ ကျိုင်းလပ်မြို့၊ တာလေမြို့၊ မိုင်းယုမြို့ များရှိ မြို့နယ်ဦးစီးမှူးရုံးများ၏ ရုံးအတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများနှင့် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရုံးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် အတွင်းရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများအား ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးက မတ်လ (၁၄) ရက်နေ့ ကတည်းက လိုက်လံ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

"ကျွန်တော့် တာချီလိတ်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်ဦးစီးမှူးရုံးတွေကို မတ်လ(၁၄)ရက်နေ့ ကနေ စပြီးတော့ ရုံးပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရုံးတွင်း သန့်ရှင်းရေး၊ ရုံးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုတွေကို လိုက်လံကြည့်ရှု စစ်ဆေးနေတာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင် လဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက ပြောသည်။

မိုင်းဖြတ်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးအား တာချီလိတ်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက မတ်လ(၁၆)ရက်နေ့ တွင် သွားရောက် စစ်ဆေးကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း တာချီလိတ်မြို့၊ မိုင်းဖြတ်မြို့၊ မိုင်းယောင်းမြို့၊ ကျိုင်းလပ်မြို့၊ တာလမြေို့၊ မိုင်းယုမြို့ များရှိ မြို့နယ်ဦးစီးမှူးရုံးများ၏ ရုံးအတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများနှင့် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရုံးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~