ရှမ်းပြည်နယ်၏ ပထမဆုံး ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနမှ မေလတွင် စတင်ကုသပေးမည်

ရှမ်းပြည်နယ်၏ ပထမဆုံး ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနမှ မေလတွင် စတင်ကုသပေးမည်
မတျ 8, 2017
By Tachileik News Agency
အဆိုပါ ဌာနတွင် မြေမြှုပ်မိုင်းဒဏ် သို့မဟုတ် စစ်လက်နက် ပစ္စည်းများကြောင့် ကိုယ်အင်္ဂါ ဖြတ်တောက် လိုက်ရသူများ အပါအဝင် ယာဉ်မတော်တဆမှုနှင့် အကြောင်း အမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ကုသမှုခံယူလိုသူများကိုပါ လက်ခံကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ICRCသည် မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်မှစတင်၍ ကိုယ်ကာယပြန်လည်သန်စွမ်းရေးအစီအစဉ်ကို ဆောင်ရွက်နေပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးတွဲဆောင်ရွက်ကာ မန္တလေးမြို့အနီးရှိ ရေနံ့သာဆေးရုံမှ ခြေတုဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားဆေးရုံရှိ ကိုယ်ကာယ ပြန်လည် သန်စွမ်းရေးဌာနနှင့် ယခုဖွင့်လှစ်လိုက်သည့် ကျိုင်းတုံဆေးရုံမှ ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဌာနများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနဟာ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ဖြစ်လာတဲ့ ဆင်းရဲဒုက္ခကို လျော့ပါးသက်သာစေပြီး တစ်ချိန်တည်းမှာပဲ မသန်စွမ်းသူတွေအတွက် ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ၀န်ဆောင်မှုပေးတဲ့နေရာမှာ ပြည်တွင်းကလူတွေရဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်ကို မြင့်မားလာစေမှာ ဖြစ်ပါတယ်” ဟု ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်ကာယပြန်လည် သန်စွမ်းရေးအစီအစဉ် တာဝန်ခံဖြစ်သူ မစ္စတာ ဒီဒီယေးရက်ခ် က ပြောသည်။
မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ဘက်ပိုင်းတို့တွင် ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ သည် ကမ္ဘောဒီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံများနည်းတူ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန် များကြောင့် ထိခိုက်မှုအများဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ကြောင်း ICRC ကဆိုသည်။
သတင်း - ချယ်ရီထိုက်
Photo: Dr.Tin Aung Moe


~~~~~~~~⊰❂ unicode ~~~~~~~~

 ရှမ်းပြည်နယ်အတွင်း ပထမဆုံးသော ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မတ်လ (၈)ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး မေလမှစတင်၍ ခြေတုတပ်ခြင်း စတင်မည်ဖြစ်ကြောင်း သိရသည်။
“ဝန်ထမ်း ခန့်ထားခြင်းကိုတော့ ကျန်းမာရေးဝန်ကြီးဌာနဘက်က လုပ်ဆောင်မှာဖြစ်ပါတယ်။ ICRC အနေနဲ့က အဆောက်အဦ အပါအဝင် ခြေတုထုတ်လုပ်တဲ့ စက်လိုမျိုးပါ တစ်ပါတည်းပါ ပါတယ်။ လိုအပ်တဲ့ ပံ့ပိုးမှုတွေ အတွက် ဆက်ပြီး တာဝန်ယူသွားမှာပါ”ဟု ICRC ရန်ကုန်ရုံးမှ ပြန်ကြားဆက်ဆံရေးဌာနမှူး ဦးမိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ICRC က မြန်မာကျပ်ငွေ ၁ ဒသမ ၈၆ ဘီလျံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၃သန်း) ကုန်ကျခံ တည်ဆောက် ထားသည့် အဆိုပါဌာနတွင် ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်း (၂၇)ဦးခန့်ထားမည်ဖြစ်ပြီး တစ်နှစ်လျှင် လူနာဦးရေ (၉၁၀)အထိ လက်ခံကာ ခြေတုများ၊ အားပြုကိရိယာများ၊ အကြောအဆစ် ကုထုံးများဖြင့် အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
“အရင်တုန်းကဆိုရင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)က လူနာတွေဟာ ဆရာဝန်ပြဖို့၊ အကြောအဆစ် ကုသမှု ခံယူဖို့နဲ့ ခြေတုတပ်ဆင်ဖို့ အတွက် မန္တလေး ဒါမှမဟုတ် ရန်ကုန်အထိ နှစ်ရက်ကျော် ကြာအောင် အချိန်ယူ ဘတ်စ်ကားစီးပြီး သွားလာခဲ့ကြရတာပါ” ဟု ICRC၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ယုဂ်မွန်တာနီက ဆိုသည်။
အဆိုပါ ဌာနတွင် မြမြှေုပ်မိုင်းဒဏ် သို့မဟုတ် စစ်လက်နက် ပစ္စည်းများကြောင့် ကိုယ်အင်္ဂါ ဖြတ်တောက် လိုက်ရသူများ အပါအဝင် ယာဉ်မတော်တဆမှုနှင့် အကြောင်း အမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ကုသမှုခံယူလိုသူများကိုပါ လက်ခံကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ICRCသည် မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်မှစတင်၍ ကိုယ်ကာယပြန်လည်သန်စွမ်းရေးအစီအစဉ်ကို ဆောင်ရွက်နပြေီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးတွဲဆောင်ရွက်ကာ မန္တလေးမြို့အနီးရှိ ရေနံ့သာဆေးရုံမှ ခြေတုဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားဆေးရုံရှိ ကိုယ်ကာယ ပြန်လည် သန်စွမ်းရေးဌာနနှင့် ယခုဖွင့်လှစ်လိုက်သည့် ကျိုင်းတုံဆေးရုံမှ ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဌာနများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနဟာ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ဖြစ်လာတဲ့ ဆင်းရဲဒုက္ခကို လျော့ပါးသက်သာစပြေီး တစ်ချိန်တည်းမှာပဲ မသန်စွမ်းသူတွေအတွက် ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့နေရာမှာ ပြည်တွင်းကလူတွေရဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်ကို မြင့်မားလာစေမှာ ဖြစ်ပါတယ်” ဟု ICRC၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်ကာယပြန်လည် သန်စွမ်းရေးအစီအစဉ် တာဝန်ခံဖြစ်သူ မစ္စတာ ဒီဒီယေးရက်ခ် က ပြောသည်။
မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ဘက်ပိုင်းတို့တွင် ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ သည် ကမ္ဘောဒီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံများနည်းတူ မြမြှေုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန် များကြောင့် ထိခိုက်မှုအများဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ကြောင်း ICRC ကဆိုသည်။
ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများရှိ မသန်စွမ်းသူများကို ကူညီထောက်ပံ့ပေးနေသည့် ICRC၏ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး အစီအစဉ်အား ၁၉၇၉ ခုနှစ်မှစတင်ခဲ့ရာ ယခုအခါ နိုင်ငံပေါင်း (၄၈)နိုင်ငံတွင် ဌာနပေါင်း (၁၆၅)ခုဖြင့် ကူညီပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
Photo: Dr.Tin Aung Moe
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~