လောင်းကစားဆိုင်ခန်းများ ဖွင့်ထားကြောင်း မတိုင်ကြားပါက အနီးပတ်ဝန်းကျင်ကိုပါ အရေးယူမည်
လောင်းကစားဆိုင်ခန်းများ ဖွင့်ထားကြောင်း မတိုင်ကြားပါက အနီးပတ်ဝန်းကျင်ကိုပါ အရေးယူမည်
မတျ 12, 2017
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လောင်းကစားဆိုင်ခန်းများ လာရောက် ဖွင့်လှစ်ထားပါက ဆိုင်ခန်း၏ လေးဘက်လေးတန်ရှိ ဆိုင်ခန်းများ၊ နေအိမ်များ အနေဖြင့် ရဲစခန်းသို့ သတင်းပို့တိုင်ကြားရန် လိုအပ်ပြီး ပျက်ကွက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ အနေဖြင့် သတင်းပေး တိုင်ကြားသူရှိလျှင် ချက်ချင်း ဆောင်ရွက်နိုင်ရန် လောင်းကစားဝရမ်းဖြင့် အဆိုပါ နေအိမ်၊ ဆိုင်ခန်းအား ဝင်ရောက်ရှာဖွေ ဖမ်းဆီးနိုင်မည်ဖြစ်သဖြင့် ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ကြောင်း ရဲမှူးက ဆိုသည်။
ပြည်သူများ အနေဖြင့် လောင်းကစားဆိုင်များ အကြောင်းကို အမှတ်(၁) မြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊ အေးသာယာရဲစခန်း၊ ရွှေညောင်ရဲစခန်း၊ ကျောက်တလုံးရဲစခန်းများသို့ သတင်းပေး တိုင်ကြားနိုင်သည့် အပြင် မြို့နယ်ရဲစခန်း ဖုန်း  ( ၀၈၁ -၂၁၂၁၀၂၀ ) အား အချိန်မရွေး ဖုန်းဆက်ပြီး သတင်းပေးကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။
သတင်း - နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လောင်းကစားဆိုင်ခန်းများ လာရောက် ဖွင့်လှစ်ထားပါက ဆိုင်ခန်း၏ လေးဘက်လေးတန်ရှိ ဆိုင်ခန်းများ၊ နေအိမ်များ အနဖြေင့် ရဲစခန်းသို့ သတင်းပို့တိုင်ကြားရန် လိုအပ်ပြီး ပျက်ကွက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
“လောင်းကစားနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ကို သတင်းပေးပါ။ သတင်း မပေးဘူးဆိုရင် လောင်းကစား လုပ်နေတဲ့ ဆိုင်ရဲ့ ဘယ်ညာ ရှေ့နောက်ဝဲယာ လေးဖက်လေးတန်ကို အရေးယူဖို့ စဉ်းစားထားတယ်။ ပြည်သူတွေကနေ ကျွန်တော်တို့ကို သတင်းပေးရမယ့် တာဝန်ရှိတယ်လေ။ ပြည်သူတွေက ကျွန်တော်တို့ အိမ်ဘေးမှာ အိမ်ဖက်မှာ လောင်းကစားတွေ လာဖွင့်နေတယ် ဆိုပြီး လာတိုင်ပါ။ ဒါမှကျွန်တော်တို့လည်း သိမယ်လေ။ မပြောရင် ကျွန်တော်တို့ ဖက်ကနေ ဘယ်လို အရေးယူရမလဲ”ဟု တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး မြင့်ဦးထံမှ သိရသည်။
ရဲတပ်ဖွဲ့ အနဖြေင့် သတင်းပေး တိုင်ကြားသူရှိလျှင် ချက်ချင်း ဆောင်ရွက်နိုင်ရန် လောင်းကစားဝရမ်းဖြင့် အဆိုပါ နေအိမ်၊ ဆိုင်ခန်းအား ဝင်ရောက်ရှာဖွေ ဖမ်းဆီးနိုင်မည်ဖြစ်သဖြင့် ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ကြောင်း ရဲမှူးက ဆိုသည်။
“မှုခင်း ကျဆင်းရေးတွေ တစ်လကို နှစ်ကြိမ်လောက် အစည်းအဝေး အမြဲတမ်းလုပ်တယ်။ တကယ်လို့ ရပ်ကွက်ထဲမှာ လောင်းကစား လုပ်နေတာတွေရှိရင် သူတို့ကို ဖမ်းဆီးနိုင်ဖို့အတွက် လောင်းကစား ဝရမ်းထုတ်ပေးမယ်လို့ ပြောပြထားပြီးသားပါ။ တာဝန်ရှိ ပြည်သူအနေနဲ့လည်း တွေ့ရင် နီးစပ်ရာ ရဲစခန်းကို တိုင်ကြားနိုင်ပါတယ်။ ပြောတာနဲ့ ချက်ချင်း လာမှာပါ။ တကယ်စိတ်ချပါ။ ကြိုတင် ကာကွယ်မှုလုပ်မှ ဒုစရိုက်လုပ်ငန်းတွေ ပပျောက်မှာပါ” ဟု ရဲမှူးက ပြောသည်။
ပြည်သူများ အနဖြေင့် လောင်းကစားဆိုင်များ အကြောင်းကို အမှတ်(၁) မြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊ အေးသာယာရဲစခန်း၊ ရွှေညောင်ရဲစခန်း၊ ကျောက်တလုံးရဲစခန်းများသို့ သတင်းပေး တိုင်ကြားနိုင်သည့် အပြင် မြို့နယ်ရဲစခန်း ဖုန်း ( ဝ၈၁ -၂၁၂၁၀၂၀ ) အား အချိန်မရွေး ဖုန်းဆက်ပြီး သတင်းပေးကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။
သတင်း - နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~