ေလာက္ကိုင္ေဒသစစ္ေဘးေရွာင္ေက်ာင္းသားမ်ား နီးစပ္ရာစာစစ္ဌာနမ်ားသို႔ ဆက္သြယ္ ေျဖဆိုႏုိင္

ေလာက္ကိုင္ေဒသစစ္ေဘးေရွာင္ေက်ာင္းသားမ်ား နီးစပ္ရာစာစစ္ဌာနမ်ားသို႔ ဆက္သြယ္ ေျဖဆိုႏုိင္
မတ် 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႕မွ တကၠသိုလ္ဝင္တန္း ေျဖဆိုမည့္ ေက်ာင္းသားမ်ား နီးစပ္ရာ စာစစ္ဌာနမ်ားတြင္ ေျဖဆိုခြင့္ ရရွိရန္ စီစဥ္ေပးထားၿပီး ေျဖဆိိုရန္ အေၾကာင္း မညီညြတ္ပါက သီးသန္႔ေျဖဆိုခြင့္ စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ထံမွ သိရသည္။

“ကေလးေတြ ေျဖဆိုမယ့္ ကိစၥကို ေလာေလာဆယ္ စိတ္ခ် လံုျခံဳမႈရွိေအာင္ စာစစ္ဌာန ေျပာင္းေရႊ႕လိုက္တယ္။ ေဒသကြပ္ကဲမႈ စာစစ္ဌာနခ်ဳပ္ ( ေလာက္ကိုင္ )ကို စာစစ္ဌာန ေျပာင္းလိုက္တယ္။ စစ္ေဘးေရွာင္သြားတဲ့ ကေလးေတြက တစ္ေနရာစီ ေရာက္ေနတယ္။ လာရိႈး ေရာက္လိုက္၊ ကြမ္လံု ေရာက္လိုက္ ဆိုေတာ့ ေရာက္တဲ့ အရပ္မွာရွိတဲ့ စာစစ္ဌာနမွာ ေျဖဆိုခြင့္ရေအာင္ ေဆာင္ရြက္ ေပးသြားမွာပါ။ သူတို႔ကလည္း ေရာက္တဲ့ အရပ္မွာ ဘယ္ေနရာ ေရာက္ေနတယ္ဆိုတာ သတင္းပို႕ရမယ္။ တစ္ကယ္လို႔ (၈)ရက္ေန႔မွာ ေျဖဆိုခြင့္ မရခဲ့ရင္၊ သူတို႔ိ ဖိအားေၾကာင့္ မေျဖဆိုနိုင္ဘူး ဆိုရင္၊ ခရီးလြန္တာေတြ ျဖစ္ေနခဲ့ရင္ ျပည္ေထာင္စုအစိုးရ ရဲ႕ ညြန္ၾကားခ်က္ စာ၀င္လာတာက သီးသန္႔ေျဖဆိုခြင့္ ရေအာင္၊ ျပန္လည္ၿပီးေတာ့ ေျဖဆိုခြင့္ရေအာင္ စီမံ ေဆာင္ရြက္ေပးသြားမွာပါ”ဟု ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

ေလာက္ကိုင္ၿမိဳ႕အား MNDAA လက္နက္ကိုင္အဖြဲ႕က မတ္လ(၆) ရက္ေန႔ နံနက္(၂)နာရီခန္႔မွစ၍ ဝင္ေရာက္ တုိက္ခိုက္မႈေၾကာင့္ ေဒသခံမ်ားသည္ အနီးဆံုးတရုတ္ႏုိင္ငံ အပါအဝင္ နီးစပ္ရာေဒသမ်ားသို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကရျခင္းျဖစ္သျဖင့္ ေမလ (၈) ရက္ေန႔တြင္ စတင္ေျဖဆိုမည့္ တကၠသိုလ္ဝင္တန္း ေက်ာင္းသားမ်ား အတြက္ ယင္းကဲ့သို႔ ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေလာက္ကိုင္တိုက္ပြဲအတြင္း ေသဆံုးသြားသည့္ ေက်ာင္းဆရာမတစ္ဦးအတြက္ ေထာက္ပံ့ေၾကးေပးရန္ႏွင့္ စစ္ေဘးေရွာင္မ်ားအား ကူညီေထာက္ပံ့ေရး အတြက္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔က စီစဥ္ ေဆာင္ရြက္ေနၿပီ ျဖစ္ေၾကာင္းလည္း သိရွိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားများ နီးစပ်ရာ စာစစ်ဌာနများတွင် ဖြေဆိုခွင့် ရရှိရန် စီစဉ်ပေးထားပြီး ဖြေဆိုရန် အကြောင်း မညီညွတ်ပါက သီးသန့်ဖြေဆိုခွင့် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“ကလေးတွေ ဖြေဆိုမယ့် ကိစ္စကို လောလောဆယ် စိတ်ချ လုံခြုံမှုရှိအောင် စာစစ်ဌာန ပြောင်းရွှေ့လိုက်တယ်။ ဒေသကွပ်ကဲမှု စာစစ်ဌာနချုပ် ( လောက်ကိုင် )ကို စာစစ်ဌာန ပြောင်းလိုက်တယ်။ စစ်ဘေးရှောင်သွားတဲ့ ကလေးတွေက တစ်နေရာစီ ရောက်နေတယ်။ လာရှိုး ရောက်လိုက်၊ ကွမ်လုံ ရောက်လိုက် ဆိုတော့ ရောက်တဲ့ အရပ်မှာရှိတဲ့ စာစစ်ဌာနမှာ ဖြေဆိုခွင့်ရအောင် ဆောင်ရွက် ပေးသွားမှာပါ။ သူတို့ကလည်း ရောက်တဲ့ အရပ်မှာ ဘယ်နေရာ ရောက်နေတယ်ဆိုတာ သတင်းပို့ရမယ်။ တစ်ကယ်လို့ (၈)ရက်နေ့မှာ ဖြေဆိုခွင့် မရခဲ့ရင်၊ သူတို့ ဖိအားကြောင့် မဖြေဆိုနိုင်ဘူး ဆိုရင်၊ ခရီးလွန်တာတွေ ဖြစ်နေခဲ့ရင် ပြည်ထောင်စုအစိုးရ ရဲ့ ညွန်ကြားချက် စာဝင်လာတာက သီးသန့်ဖြေဆိုခွင့် ရအောင်၊ ပြန်လည်ပြီးတော့ ဖြေဆိုခွင့်ရအောင် စီမံ ဆောင်ရွက်ပေးသွားမှာပါ”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

လောက်ကိုင်မြို့အား MNDAA လက်နက်ကိုင်အဖွဲ့က မတ်လ(၆) ရက်နေ့ နံနက်(၂)နာရီခန့်မှစ၍ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဒေသခံများသည် အနီးဆုံးတရုတ်နိုင်ငံ အပါအဝင် နီးစပ်ရာဒေသများသို့ ထွက်ပြေး တိမ်းရှောင်နကြေရခြင်းဖြစ်သဖြင့် မေလ (၈) ရက်နေ့တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများ အတွက် ယင်းကဲ့သို့ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

လောက်ကိုင်တိုက်ပွဲအတွင်း သေဆုံးသွားသည့် ကျောင်းဆရာမတစ်ဦးအတွက် ထောက်ပံ့ကြေးပေးရန်နှင့် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ရေး အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က စီစဉ် ဆောင်ရွက်နပြေီ ဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~