တာချီလိတ်တွင် ကျပ်သိန်းပေါင်း (၁၃၄၈)ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ထပ်မံ ဖမ်းဆီးရမိ

တာချီလိတ်တွင် ကျပ်သိန်းပေါင်း (၁၃၄၈)ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ထပ်မံ ဖမ်းဆီးရမိ
မတျ 11, 2017
By Tachileik News Agency


တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ အောင်မင်္ဂလာတိုက်တန်းမှ ဒေါ်နန်းအွေ့၏ တိုက်ခန်းတွင် ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို မတ်လ(၈)ရက်နေ့က ဖမ်းဆီးရမိသဖြင့် တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေရာမှ ထပ်မံ စစ်ဆေး ပေါ်ပေါက်ချက်အရ မတ်လ(၁၀)ရက်နေ့တွင် နယ်မြေခံတပ်မှ ဗိုလ်မှူးအေးကိုကိုဇင် နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲမှူး၊ ဒုရဲမှုးကြီးထိန်းဝင်း နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးသန်းနု နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်သက်ဆိုင်ရာ  ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် ပူးပေါင်းအဖွဲ့ဖြင့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဒေါ်နန်းအွေ့ ပိုင်နေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်ခြံဝန်းအတွင်း သုံးထပ်တိုက်မှာ လူနေထိုင်ခြင်း မရှိဘဲ သော့ခတ်ထားပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေရာတွင် နေအိမ်တတိယထပ် အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြား (၇၃၁)ပြားနှင့် ICE (၄၀) ဂရမ်ခန့်၊ နေအိမ်ဒုတိယထပ် အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြား (၂၅၃၁)ပြား၊ ရောစပ်ပြီး စိတ်ကြွဆေးမှုန့်(၃၅)ဂရမ်ခန့်နှင့် ICE (၂၀) ဂရမ်ခန့်၊ နေအိမ်ဒုတိယထပ် မီးခံသေတ္တာအတွင်းမှ ပီနံအိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား (၈၆၀၀၀)၊ မီးခံသေတ္တာအတွင်းမှ ရွှေဖြူနှင့်ရွှေဟု ယူဆရသော လက်ဝတ်ရတနာမျိုးစုံ (၈)မျိုး၊ ငွေခါးပတ်(၁)ချောင်းနှင့် ငွေဟောင်းပြား (၆၁)ပြား ၊ နေအိမ်ခြံဝန်းကားဂိုဒေါင်အတွင်းမှ 7E-4947 နံပါတ်ပါ HARRIER SXU အနက်ရောင်တစ်စီး တို့အား ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။


မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိထားသည့် ဒေါ်နန်းအွေ့အား မတ်လ(၈)ရက်နေ့က တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၁၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၆(ခ)/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထားခြင်းဖြစ်ပြီး မတ်လ (၁၁)ရက်နေ့တွင် ထပ်မံဖမ်းဆီးရရှိမှုအတွက် မယ(ပ)၁၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် ထပ်မံအမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် နောက်ဆက်တွဲ ဖော်ထုတ်ချက်အရ တန်ဖိုး ကျပ်(၁,၃၄၈)သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မတ်လ (၁၀)ရက်နေ့ (၃)နာရီခွဲခန့်တွင် ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။
တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ အောင်မင်္ဂလာတိုက်တန်းမှ ဒေါ်နန်းအွေ့၏ တိုက်ခန်းတွင် ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို မတ်လ(၈)ရက်နေ့က ဖမ်းဆီးရမိသဖြင့် တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေရာမှ ထပ်မံ စစ်ဆေး ပေါ်ပေါက်ချက်အရ မတ်လ(၁၀)ရက်နေ့တွင် နယ်မြေခံတပ်မှ ဗိုလ်မှူးအေးကိုကိုဇင် နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲမှူး၊ ဒုရဲမှုးကြီးထိန်းဝင်း နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ပူးပေါင်းအဖွဲ့ဖြင့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဒေါ်နန်းအွေ့ ပိုင်နေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွခြေင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နေအိမ်ခြံဝန်းအတွင်း သုံးထပ်တိုက်မှာ လူနေထိုင်ခြင်း မရှိဘဲ သော့ခတ်ထားပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေရာတွင် နေအိမ်တတိယထပ် အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြား (၇၃၁)ပြားနှင့် ICE (၄၀) ဂရမ်ခန့်၊ နေအိမ်ဒုတိယထပ် အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြား (၂၅၃၁)ပြား၊ ရောစပ်ပြီး စိတ်ကြွဆေးမှုန့်(၃၅)ဂရမ်ခန့်နှင့် ICE (၂၀) ဂရမ်ခန့်၊ နေအိမ်ဒုတိယထပ် မီးခံသေတ္တာအတွင်းမှ ပီနံအိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား (၈၆၀၀၀)၊ မီးခံသေတ္တာအတွင်းမှ ရွှဖြေူနှင့်ရွှေဟု ယူဆရသော လက်ဝတ်ရတနာမျိုးစုံ (၈)မျိုး၊ ငွေခါးပတ်(၁)ချောင်းနှင့် ငွေဟောင်းပြား (၆၁)ပြား၊ နေအိမ်ခြံဝန်းကားဂိုဒေါင်အတွင်းမှ 7E-4947 နံပါတ်ပါ HARRIER SXU အနက်ရောင်တစ်စီး တို့အား ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေအိမ်မှ စိတ်ကြွဆေးပြား စုစုပေါင်း (၈၈,၅၃၁)ပြား ဒေသတန်ဖိုး ကျပ်(၁,၃၂၈)သိန်းခန့်၊ ရောစပ်ပြီး စိတ်ကြွဆေးမှုန့် (၃၅) ဂရမ် ဒေသတန်ဖိုး ကျပ်(၅.၅၂)သိန်းခန့်၊ ICE (၆၀) ဂရမ်ခန့် ဒေသတန်ဖိုး ကျပ်(၁၅)သိန်းနှင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းခဲ့ပြီး ဒေါ်နန်းအွေ့၏ အမှုအား ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိထားသည့် ဒေါ်နန်းအွေ့အား မတ်လ(၈)ရက်နေ့က တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၁၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၆(ခ)/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထားခြင်းဖြစ်ပြီး မတ်လ (၁၁)ရက်နေ့တွင် ထပ်မံဖမ်းဆိီးရရှိမှုအတွက် မယ(ပ)၁၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် ထပ်မံအမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~