ဖာခ်ယ္ေက်းရြာတြင္ မူးယစ္ေဆးေရာင္းခ်သူအား ဖမ္းဆီးအေရးယူ

ဖာခ်ယ္ေက်းရြာတြင္ မူးယစ္ေဆးေရာင္းခ်သူအား ဖမ္းဆီးအေရးယူ
မတ် 20, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခရိုင္၊ မုိင္းတံုၿမိဳ႕နယ္ ၊ ဖာခ်ယ္ေက်းရြာအုပ္စု ၊ ဖာခ်ယ္ေက်းရြာရွိ နန္းကုလား(ခ) အီနန္း၏ ေနအိမ္အား မတ္လ(၂၀)ရက္ေန႔ နံနက္(၉)နာရီ (၄၀)မိနစ္၀န္းက်င္က သတင္းအရ ဝင္ေရာက္ရွာေဖြရာ ကာလတန္ဖိုး(၇၉၅၀၀၀)က်ပ္ရွိသည့္  စိတ္ၾကြေဆးျပား (၃၁၈)ျပား အား ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။
မိုင္းဆတ္ႏွင့္ မိုင္းတံုရဲစခန္းမ်ားမွ တာဝန္ရိွသူမ်ားႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ အဆိုပါ ေနအိမ္အား မူးယစ္ေဆးဝါး ေရာင္းခ်ေနေၾကာင္း သတင္းအရ ဝင္ေရာက္ရွာေဖြရာမွ နန္းကုလား(ခ)အီနန္း၏ ခ်ိဳင္းၾကားတြင္ ထည့္ထားသည့္  စိတ္ၾကြေဆးျပား (၃၁၈)ျပားအား ရွာေဖြ ေတြ႕ရိွရျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ လက္ဝယ္ဖမ္းဆီးရမိသည့္ နန္းကုလား (ခ) အီနန္းအား မိုင္းတံုျမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၅/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - ေအာင္ေဇယ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဖာချယ်ကျေးရွာအုပ်စု၊ ဖာချယ်ကျေးရွာရှိ နန်းကုလား(ခ) အီနန်း၏ နေအိမ်အား မတ်လ(၂၀)ရက်နေ့ နံနက်(၉)နာရီ (၄၀)မိနစ်ဝန်းကျင်က သတင်းအရ ဝင်ရောက်ရှာဖွေရာ ကာလတန်ဖိုး(၇၉၅၀၀၀)ကျပ်ရှိသည့် စိတ်ကြွဆေးပြား (၃၁၈)ပြား အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မိုင်းဆတ်နှင့် မိုင်းတုံရဲစခန်းများမှ တာဝန်ရှိသူများနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အဆိုပါ နေအိမ်အား မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာမှ နန်းကုလား(ခ)အီနန်း၏ ချိုင်းကြားတွင် ထည့်ထားသည့် စိတ်ကြွဆေးပြား (၃၁၈)ပြားအား ရှာဖွေ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွဆေးပြားများနှင့်အတူ လက်ဝယ်ဖမ်းဆီးရမိသည့် နန်းကုလား (ခ) အီနန်းအား မိုင်းတုံမြို့မ ရဲစခန်းတွင် မယ(ပ)၅/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~