ကျပ်သိန်းပေါင်းတစ်သောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်တွင် ဖမ်းဆီးရမိ

ကျပ်သိန်းပေါင်းတစ်သောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်တွင် ဖမ်းဆီးရမိ
မတျ 9, 2017
By Tachileik News Agency
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  မတ်လ (၈) ရက်နေ့ ညနေ (၆)နာရီခွဲဝန်းကျင် အချိန်ခန့်က မယ်ခေါင်ရပ်ကွက်၊ မြို့ပတ်လမ်း၊ အောင်မင်္ဂလာ တိုက်တန်း၊ ၈ ခန်းတွဲ တတိယထပ်ရှိ ဒေါ်နန်းအွေ့ နေထိုင်သည့် အခန်း အမှတ်(၈)အား ဝင်ရောက်ရှာဖွေရာ ဒေါ်နန်းအွေ့အား တွေ့ရပြီး အခန်းတွင်း ပီနံအိတ် (၇)လုံးတွင် ထည့်ထားသည့် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၄၈၆,၀၀၀)ပြား၊ အလေးချိန် (၄၈.၆)ကီလို၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၇,၂၉၀)သိန်းခန့်၊ စိတ်ကြွဆေးပြား ရိုက်နှိပ်ရန် အသင့် ရောစပ်ထားသည့် နီညိုရောင် အမှုန့်အလေးချိန် (၄၀)ကီလို၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၆,၀၀၀)ခန့်၊ စိတ်ကြွဆေးပြား ရိုက်နှိပ်ရန် အသင့်ရောစပ်ထားသည့် နီညိုရောင်အမှုန့်(အစို) အလေးချိန် (၁၁)ကီလိုခန့်ပါ (၁)ထုပ်၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၁၆၅၀) ခန့်၊ မက်သာ အက်ဖီတမင်း(အိုက်စ်) အဖြူရောင် ပုံဆောင်ခဲ အလေးချိန် (၂.၂၂)ကီလိုခန့်၊ ဒေသတန်ဖိုး (၅၅၅)သိန်းခန့်၊ ဆူဒိုအက်ဖီဒရင်းဆေးပြား အလေးချိန် (၃၁)ကီလိုခန့်၊ ဒေသတန်ဖိုး (၁၅၅)သိန်း ခန့့််နှင့် စိတ်ကြွဆေးပြားရိုက်နှိပ်သည့် မှို (၅၆)ချောင်းနှင့် ပုံစံသံကွင်း (၂၈)ခု၊ Mark II အမျိုးအစား အဖြူရောင် မော်တော်ယာဉ်(၁)စီးနှင့် အဆိုပါယာဉ်မှ ဒေါ်နန်းအွေ့အမည်ပါ ယာဉ်မောင်းလိုင်စင်တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်မှ ဒေါ်နန်းအွေ့ နေထိုင်သည့် အခန်းအား ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေရာ ကျပ်သိန်းပေါင်း(၁၅,၆၅၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆေးပြား ထုတ်လုပ်သည့် ဆက်စပ် ပစ္စည်းများကို ဖမ်းဆီး ရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မတ်လ (၈) ရက်နေ့ ညနေ (၆)နာရီခွဲဝန်းကျင် အချိန်ခန့်က မယ်ခေါင်ရပ်ကွက်၊ မြို့ပတ်လမ်း၊ အောင်မင်္ဂလာ တိုက်တန်း၊ ၈ ခန်းတွဲ တတိယထပ်ရှိ ဒေါ်နန်းအွေ့ နေထိုင်သည့် အခန်း အမှတ်(၈)အား ဝင်ရောက်ရှာဖွေရာ ဒေါ်နန်းအွေ့အား တွေ့ရပြီး အခန်းတွင်း ပီနံအိတ် (၇)လုံးတွင် ထည့်ထားသည့် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၄၈၆,ဝဝဝ)ပြား၊ အလေးချိန် (၄၈.၆)ကီလို၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၇,၂၉၀)သိန်းခန့်၊ စိတ်ကြွဆေးပြား ရိုက်နှိပ်ရန် အသင့် ရောစပ်ထားသည့် နီညိုရောင် အမှုန့်အလေးချိန် (၄၀)ကီလို၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၆,ဝဝဝ)ခန့်၊ စိတ်ကြွဆေးပြား ရိုက်နှိပ်ရန် အသင့်ရောစပ်ထားသည့် နီညိုရောင်အမှုန့်(အစို) အလေးချိန် (၁၁)ကီလိုခန့်ပါ (၁)ထုပ်၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၁၆၅၀) ခန့်၊ မက်သာ အက်ဖီတမင်း(အိုက်စ်) အဖြူရောင် ပုံဆောင်ခဲ အလေးချိန် (၂.၂၂)ကီလိုခန့်၊ ဒေသတန်ဖိုး (၅၅၅)သိန်းခန့်၊ ဆူဒိုအက်ဖီဒရင်းဆေးပြား အလေးချိန် (၃၁)ကီလိုခန့်၊ ဒေသတန်ဖိုး (၁၅၅)သိန်း ခန့်နှင့် စိတ်ကြွဆေးပြားရိုက်နှိပ်သည့် မှို (၅၆)ချောင်းနှင့် ပုံစံသံကွင်း (၂၈)ခု၊ Mark II အမျိုးအစား အဖြူရောင် မော်တော်ယာဉ်(၁)စီးနှင့် အဆိုပါယာဉ်မှ ဒေါ်နန်းအွေ့အမည်ပါ ယာဉ်မောင်းလိုင်စင်တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဒေါ်နန်းအွေ့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၆(ခ)/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်ထားရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~