ေတာင္ဒဂံုၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမေဘးမွ ေနအိမ္တစ္လံုးအား အမည္မသိ လူတစ္စုမွ ဖ်က္ၿပီး ခိုးယူသြား

ေတာင္ဒဂံုၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမေဘးမွ ေနအိမ္တစ္လံုးအား အမည္မသိ လူတစ္စုမွ ဖ်က္ၿပီး ခိုးယူသြား
မတ် 18, 2017
By Tachileik News Agency
ရန္ကုန္ၿမိဳ႕ ေတာင္ဒဂုံၿမဳိ႕နယ္ (၂၅) ရပ္ကြက္၊ ျပည္ေထာင္စုလမ္းမ ေယာက္ေကာ္ ပန္းျခံေရွ႕ရိွ လူမေနသည့္ ေနအိမ္ၿခံဝင္းမွ ပ်ဥ္ေထာင္အိမ္ တစ္လံုးအား မတ္လ(၁၇)ရက္ေန႔က ခိုးယူခံလိုက္ရေၾကာင္း သိရသည္။
“အခုက အိမ္ထဲက ဘာပစၥည္းေတြ ပါသြားလဲဆိိုတာကို စာရင္းျပန္လုပ္ေနပါတယ္။ ၿပီးရင္ေတာ့ ရဲစခန္းမွာ အမႈဖြင့္မွာပါ။ ဒီျပည္ေထာင္စုလမ္းမႀကီးဆိုတာ တအားလူစည္တဲ့ လမ္းမႀကီး။ ေခ်ာင္ထဲမွာ မဟုတ္ဘူး။ ေနာက္အိမ္ေရွ႕က ေယာက္ေကာ္ ပန္းၿခံဆိုတာလည္း လူအဝင္အထြက္ ရိွေနတဲ့ေနရာ။ ဒီလိုေနရာမွာ ျဖစ္တယ္ဆိုေတာ့ လံုၿခံဳေရးက အေတာ္ကို ေၾကာက္စရာေကာင္းတယ္လို႔ ခံစားေနရတယ္”ဟု ေနအိမ္ပိုင္ရွင္ ဦးလူေမာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အိမ္ၿခံဝင္းအား လံုၿခံဳစြာ ကာရံထားၿပီး အဆိုပါ သစ္သားအိမ္တြင္ လူေနထုိင္ျခင္း မရိွဘဲ အိမ္မွ အသံုးနည္းသည့္ ပစၥည္းမ်ား သိမ္းဆည္းရန္ေနရာ အျဖစ္ အသံုးျပဳေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီေလာက္အတင့္ရဲစြာနဲ႔ လုပ္လိမ့္မယ္လို႔ ထင္မထားမိပါဘူးခင္ဗ်ာ။ ခုပတ္ဝန္းက်င္ကို ေမးၾကည့္ေတာ့ မေန႔က ေန႔လယ္ေလာက္က လူဆယ္ေလာက္ေလာက္ ကားႀကီး တစ္စီးနဲ႔ေရာက္လာၿပီး အိမ္ကို ဖ်က္ေနတာ ေတြ႔တယ္တဲ့ေလ”ဟု အဆိုပါေနအိမ္ပိုင္ရွင္ ဦးလူေမာ္က ေျပာသည္။
အိမ္ခိုးယူခံလုိက္ရသည့္ ေနအိမ္ၿခံဝင္းမွာ ၎တို႔လက္ရိွဖြင့္ထားသည့္ ဆိုင္အနီးဝန္းက်င္တြင္ရိွေနၿပီး မတ္လ (၁၈) ရက္ေန႔က အဆိုပါ ၿခံဝင္းေရွ႕မွ ျဖတ္သြားစဥ္ ၿခံဝင္းအတြင္းမွ ေနအိမ္ မရွိေတာ့သည္ကို ေတြ႕လိုက္ရျခင္းျဖစ္ေၾကာင္း ဦးလူေမာ္ထံမွ သိရသည္။
“ဒီေန႔ ကၽြန္ေတာ္ဆိုင္နဲ႔ သုံးမိနစ္ေလာက္ ကားေမာင္းရတဲ့ အကြာအေဝးရိွတဲ့ အိမ္ေလးေရွ႕ကို ျဖတ္ေတာ့ အိမ္ကိုမေတြ႕ေတာ့တာနဲ႔ ကားကိုေနာက္ျပန္ဆုတ္ၿပီး အံ့ၾသတႀကီး ၾကည့္ေနမိတယ္။ အိမ္က လုံးဝ မရွိေတာ့ဘူး။ ဒီအိမ္ဟာ ပ်ဥ္းကတိုးသစ္ေတြနဲ႔ ေဆာက္ထားလို႔ ႏွေမ်ာၿပီး မေရာင္းဘဲ ထားထားတဲ့ အိမ္ပါ”ဟု ဦးလူေမာ္က ေျပာသည္။
အဆိုပါကိစၥႏွင့္ ပတ္သက္၍ ေတာင္ဒဂံုၿမိဳ႕နယ္ရဲစခန္းတြင္ အမႈဖြင့္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - လူေမာ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် (၂၅) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမ ယောက်ကော် ပန်းခြံရှေ့ရှိ လူမနေသည့် နေအိမ်ခြံဝင်းမှ ပျဉ်ထောင်အိမ် တစ်လုံးအား မတ်လ(၁၇)ရက်နေ့က ခိုးယူခံလိုက်ရကြောင်း သိရသည်။

“အခုက အိမ်ထဲက ဘာပစ္စည်းတွေ ပါသွားလဲဆိုတာကို စာရင်းပြန်လုပ်နေပါတယ်။ ပြီးရင်တော့ ရဲစခန်းမှာ အမှုဖွင့်မှာပါ။ ဒီပြည်ထောင်စုလမ်းမကြီးဆိုတာ တအားလူစည်တဲ့ လမ်းမကြီး။ ချောင်ထဲမှာ မဟုတ်ဘူး။ နောက်အိမ်ရှေ့က ယောက်ကော် ပန်းခြံဆိုတာလည်း လူအဝင်အထွက် ရှိနေတဲ့နေရာ။ ဒီလိုနေရာမှာ ဖြစ်တယ်ဆိုတော့ လုံခြုံရေးက အတော်ကို ကြောက်စရာကောင်းတယ်လို့ ခံစားနေရတယ်”ဟု နေအိမ်ပိုင်ရှင် ဦးလူမော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အိမ်ခြံဝင်းအား လုံခြုံစွာ ကာရံထားပြီး အဆိုပါ သစ်သားအိမ်တွင် လူနေထိုင်ခြင်း မရှိဘဲ အိမ်မှ အသုံးနည်းသည့် ပစ္စည်းများ သိမ်းဆည်းရန်နေရာ အဖြစ် အသုံးပြုနခြေင်းဖြစ်ကြောင်း သိရသည်။

“ဒီလောက်အတင့်ရဲစွာနဲ့ လုပ်လိမ့်မယ်လို့ ထင်မထားမိပါဘူးခင်ဗျာ။ ခုပတ်ဝန်းကျင်ကို မေးကြည့်တော့ မနေ့က နေ့လယ်လောက်က လူဆယ်လောက်လောက် ကားကြီး တစ်စီးနဲ့ရောက်လာပြီး အိမ်ကို ဖျက်နေတာ တွေ့တယ်တဲ့လေ”ဟု အဆိုပါနေအိမ်ပိုင်ရှင် ဦးလူမော်က ပြောသည်။

အိမ်ခိုးယူခံလိုက်ရသည့် နေအိမ်ခြံဝင်းမှာ၎င်းတို့လက်ရှိဖွင့်ထားသည့် ဆိုင်အနီးဝန်းကျင်တွင်ရှိနပြေီး မတ်လ (၁၈) ရက်နေ့က အဆိုပါ ခြံဝင်းရှေ့မှ ဖြတ်သွားစဉ် ခြံဝင်းအတွင်းမှ နေအိမ် မရှိတော့သည်ကို တွေ့လိုက်ရခြင်းဖြစ်ကြောင်း ဦးလူမော်ထံမှ သိရသည်။

“ဒီနေ့ ကျွန်တော်ဆိုင်နဲ့ သုံးမိနစ်လောက် ကားမောင်းရတဲ့ အကွာအဝေးရှိတဲ့ အိမ်လေးရှေ့ကို ဖြတ်တော့ အိမ်ကိုမတွေ့တော့တာနဲ့ ကားကိုနောက်ပြန်ဆုတ်ပြီး အံ့သြတကြီး ကြည့်နေမိတယ်။ အိမ်က လုံးဝ မရှိတော့ဘူး။ ဒီအိမ်ဟာ ပျဉ်းကတိုးသစ်တွေနဲ့ ဆောက်ထားလို့ နှမျောပြီး မရောင်းဘဲ ထားထားတဲ့ အိမ်ပါ”ဟု ဦးလူမော်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ဒဂုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - လူမော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~