တာချီလိတ်တွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ

တာချီလိတ်တွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ
မတျ 28, 2017
By Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း လမ်းတစ်နေရာတွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိရ၍ တာချီလိတ်တပ်နယ်နှင့်ပြည်သူ့စစ်များ၊ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များမှ စစ်ဆေးနေလျက်ရှိရကြောင်း သိရသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရွှေနဂါးအိမ်ဆောက်ပစ္စည်းဆိုင်အနီးရှိ သဲပုံအနီးတွင် မတ်လ(၂၈)ရက်နေ့ နံနက်(၁၁း၂၅)နာရီဝန်းကျင်အချိန်က တွေ့ရှိရခြင်းဖြစ်ကြောင်း နှင့် အဆိုပါ လက်ပစ်ဗုံးမှာ စနစ်တံပါရှိနေဆဲဖြစ်ပြီး သက်ဆိုင်ရာမှ လက်ပစ်ဗုံးအား စစ်ဆေးနေဆဲဖြစ်ကြောင် ကနဦး သိရှိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~