က်ဳိင္းတံုတြင္ ကမၻာ့စားသံုးသူ အခြင့္အေရးမ်ားေန႔ အထိမ္းအမွတ္ အသိပညာေပး

က်ဳိင္းတံုတြင္ ကမၻာ့စားသံုးသူ အခြင့္အေရးမ်ားေန႔ အထိမ္းအမွတ္ အသိပညာေပး
မတ် 15, 2017
By Tachileik News Agency
ကမၻာ့စားသံုးသူ အခြင့္အေရးမ်ားေန႔ အထိမ္းအမွတ္ အျဖစ္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ထုတ္ကုန္မ်ား လံုၿခံဳစိတ္ခ်မႈဆိုင္ရာ အသိပညာေပးကုန္စည္ျပပြဲအား စားသုံးသူေရးရာဦးစီးဌာနက ပုဂၢလိက စားသံုးကုန္ျဖန္႔ခ်ိေရး လုပ္ငန္းတစ္ခုႏွင့္ မတ္လ (၁၅) ရက္ေန႔တြင္ ပူးေပါင္းက်င္းပေၾကာင္း သိရသည္။ 
အဆိုပါ ျပပြဲအား က်ိဳင္းတံုၿမိဳ႕ စည္ပင္ ခန္းမတြင္ က်င္းပရာ က်ိဳင္းတံုၿမိဳ႕မ ွစားသံုးကုန္ ျဖန္႔ခ်ိေရး လုပ္ငန္းျဖစ္သည့္ 68 ျဖန္႔ခ်ိေရးမွ တင္သြင္းျဖန္႔ခ်ိသည့္ ကုန္ပစၥည္းမ်ားကို ထုတ္ကုန္မ်ား လုံျခံဳစိတ္ခ်မႈ ဆိုင္ရာ အသိပညာေပး ကုန္ပစၥည္းမ်ားအျဖစ္ ျပသထားျခင္းျဖစ္သည္။ 
"စားသုံးသူ အကာအကြယ္ေပးေရး ဆိုင္ရာ ဥပေဒေတြကို ျပည္သူေတြက နားလည္မႈ အားနည္းေနေသးတဲ႔ အတြက္ အသိပညာေပး ေဟာေျပာပြဲေတြ၊ ေျမျပင္ကြင္းဆင္း စစ္ေဆးမႈေတြ၊ စားသုံးသူအျငင္းပြားမႈ ျပႆနာေတြကို ေျဖရွင္းေဆာင္ရြက္ေပးေနတာပါ" ဟု စားသံုးသူေရးရာဦးစီးဌာနမွ ဒုတိယျပည္နယ္ ဦးစီးမွဴး ဦးလွစိုးက အဆိုပါ ျပပြဲတြင္ ေျပာသည္။ 
စားသံုးသူေရးရာဦးစီးဌာနမွ လမ္းညႊန္ခ်က္မ်ားအတိုင္း လုိက္နာသည့္ တရားဝင္တင္သြင္းသည့္ ကုန္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ စားသံုးသူမ်ား အသိပညာရရိွရန္ ရည္ရြယ္၍ စားသံုးသူေရးရာ ဦးစီးဌာနႏွင့္ ပူးေပါင္း ေဆာင္ရြက္ျခင္းျဖစ္သည္ဟု အဆိုပါ ျပပြဲတြင္ ကုန္ပစၥည္းမ်ား ျပသထားသည့္ 68 ျဖန္႔ခ်ိေရးက ဆိုသည္။ 
"စားသုံးသူေတြအေနနဲ႔က ဘယ္ပစၥည္းက တရားဝင္ျဖစ္တယ္။ ဘယ္ဟာကေတာ႔ တရားဝင္ မဟုတ္ဘူးဆိုတာ ေတြေဝေနတာေတြရိွတဲ႔ အတြက္ ကၽြန္ေတာ္တို႔က စားသုံးသူေရးရာ ဦးစီးဌာနရဲ႕ လမ္းညႊန္မႈ ေအာက္ကေန ကြၽန္ေတာ္တို႔ရဲ႕ ကုန္ပစၥည္းေတြကို မွတ္ပံုတင္တာ၊ က်န္းမာေရး ေထာက္ခံခ်က္ ရယူထားၿပီးေတာ့ စားသံုးသူေတြ ဆီကို တာဝန္ယူၿပီး ျဖန္႔ခ်ိေနတာျဖစ္တဲ့ အေၾကာင္း ခ်ျပခ်င္တဲ့ အတြက္ေၾကာင့္ ပူးေပါင္းေဆာင္ရြက္ျဖစ္တာပါ"ဟု 68 ျဖန္႔ခ်ိေရးမွ ဦးမင္းဟိန္းထက္က ေျပာသည္။ 
အဆိုပါ အခမ္းအနားတြင္ က်ဳိင္းတံုခရိုင္အစားအေသာက္နွင္႔ ေဆးဝါးႀကီးၾကပ္ ကြပ္ကဲေရး ဦးစီး ဌာနမွ ဒု-ဦးစီးမွဴး ေဒၚသီရိေဇာ္၊ ခရိုင္ စိုက္ပ်ိဳးေရး ဦးစီးဌာနမွ ဒု-ဦးစီးမွဴး ေဒၚခင္ေဌးရီ၊ ခရိုင္ ေမြးျမဴေရးနွင္႔ ကုသေရး ဦးစီးဌာနမွ ဦးစီးမွဴး ေဒါက္တာခိုင္ၿမဲစည္သူနွင္႔ ခရိုင္ စားသုံးသူေရးရာ ဦးစီးဌာနမွ ဦးစီးမွဴး ဦးသန္းစိုးတို႔က အသိပညာေပး ေဟာေျပာခဲ့ၿပီး 68 ျဖန္႔ခ်ိေရးကလည္း အခ်ိဳရည္မ်ားနွင္႔ အသင္႔ေဖ်ာ္အမႈန္႔မ်ားကို ခင္းက်င္းျပသထားသည္။ 
အခမ္းအနားသို႔ အာခါတိုင္းရင္းသားေရးရာဝန္ႀကီး ဦးအာေဗလ၊ ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲနိုင္၊ စားသံုးသူေရးရာဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴးဦးလွစိုး၊ ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္ အဆင့္ ဌာန ဆိုင္ရာမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားနွင္႔ ေဒသခံမ်ား တက္ေရာက္ၾကသည္။ 
သတင္း/ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ထုတ်ကုန်များ လုံခြုံစိတ်ချမှုဆိုင်ရာ အသိပညာပေးကုန်စည်ပြပွဲအား စားသုံးသူရေးရာဦးစီးဌာနက ပုဂ္ဂလိက စားသုံးကုန်ဖြန့်ချိရေး လုပ်ငန်းတစ်ခုနှင့် မတ်လ (၁၅) ရက်နေ့တွင် ပူးပေါင်းကျင်းပကြောင်း သိရသည်။

အဆိုပါ ပြပွဲအား ကျိုင်းတုံမြို့ စည်ပင် ခန်းမတွင် ကျင်းပရာ ကျိုင်းတုံမြို့မှစားသုံးကုန် ဖြန့်ချိရေး လုပ်ငန်းဖြစ်သည့် 68 ဖြန့်ချိရေးမှ တင်သွင်းဖြန့်ချိသည့် ကုန်ပစ္စည်းများကို ထုတ်ကုန်များ လုံခြုံစိတ်ချမှု ဆိုင်ရာ အသိပညာပေး ကုန်ပစ္စည်းများအဖြစ် ပြသထားခြင်းဖြစ်သည်။

"စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ ဥပဒေတွေကို ပြည်သူတွေက နားလည်မှု အားနည်းနေသေးတဲ့ အတွက် အသိပညာပေး ဟောပြောပွဲတွေ၊ မြပြေင်ကွင်းဆင်း စစ်ဆေးမှုတွေ၊ စားသုံးသူအငြင်းပွားမှု ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ပေးနေတာပါ" ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးလှစိုးက အဆိုပါ ပြပွဲတွင် ပြောသည်။

စားသုံးသူရေးရာဦးစီးဌာနမှ လမ်းညွှန်ချက်များအတိုင်း လိုက်နာသည့် တရားဝင်တင်သွင်းသည့် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူများ အသိပညာရရှိရန် ရည်ရွယ်၍ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု အဆိုပါ ပြပွဲတွင် ကုန်ပစ္စည်းများ ပြသထားသည့် 68 ဖြန့်ချိရေးက ဆိုသည်။

"စားသုံးသူတွေအနေနဲ့က ဘယ်ပစ္စည်းက တရားဝင်ဖြစ်တယ်။ ဘယ်ဟာကတော့ တရားဝင် မဟုတ်ဘူးဆိုတာ တွေဝေနေတာတွေရှိတဲ့ အတွက် ကျွန်တော်တို့က စားသုံးသူရေးရာ ဦးစီးဌာနရဲ့ လမ်းညွှန်မှု အောက်ကနေ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကို မှတ်ပုံတင်တာ၊ ကျန်းမာရေး ထောက်ခံချက် ရယူထားပြီးတော့ စားသုံးသူတွေ ဆီကို တာဝန်ယူပြီး ဖြန့်ချိနေတာဖြစ်တဲ့ အကြောင်း ချပြချင်တဲ့ အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်ဖြစ်တာပါ"ဟု 68 ဖြန့်ချိရေးမှ ဦးမင်းဟိန်းထက်က ပြောသည်။

အဆိုပါ အခမ်းအနားတွင် ကျိုင်းတုံခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဦးစီး ဌာနမှ ဒု-ဦးစီးမှူး ဒေါ်သီရိဇော်၊ ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခင်ဌေးရီ၊ ခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူနှင့် ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းစိုးတို့က အသိပညာပေး ဟောပြောခဲ့ပြီး 68 ဖြန့်ချိရေးကလည်း အချိုရည်များနှင့် အသင့်ဖျော်အမှုန့်များကို ခင်းကျင်းပြသထားသည်။

အခမ်းအနားသို့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးဦးလှစိုး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံများ တက်ရောက်ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~