က်ဳိင္းလပ္တြင္ သံုးဘီးဆိုင္ကယ္ ေမာင္းလာသူထံမွ စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ

က်ဳိင္းလပ္တြင္ သံုးဘီးဆိုင္ကယ္ ေမာင္းလာသူထံမွ စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ
မတ် 9, 2017
By Tachileik News Agency
တာခ်ီလိတ္ခရိုင္၊ က်ိဳင္းလပ္ၿမိဳ႕  မိုင္းပါလွ်ိဳးနယ္ေျမရဲတပ္ဖြဲ႔က မတ္လ (၉) ရက္ နံနက္ (၁၀)နာရီအခ်ိန္တြင္ နယ္ေျမလွည့္ကင္းေဆာင္ရြက္စဥ္  သံုးဘီးဆုိင္ကယ္ေမာင္းႏွင္လာသူ တစ္ဦးအား စစ္ေဆးရာမွ စိတ္ၾကြေဆးျပား (၈၅၈)ျပားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။
မုိင္းပါလွ်ိဳးနယ္ေျမရဲစခန္းမွ ေခတၱစခန္းမွဴး အပါအဝင္ ရပ္/ေက်းအဖြဲ႔ဝင္မ်ား ပါဝင္သည့္အဖြဲ႔သည္ နယ္ေျမလွည့္ကင္း ေဆာင္ရြက္ေနစဥ္ နမ့္ခင္းအုပ္စု၊ ပန္ပဲ(ထက္)ေက်းရြာအနီးတြင္ က်ိဳင္းလပ္မွ တာေလဘက္သို႔ ေမာင္းႏွင္လာသည့္ သံုးဘီးဆိုင္ကယ္အား မသကၤာသျဖင့္ ရပ္တန္႔စစ္ေဆးရာမွ ယာဥ္ေမာင္း အုိက္ေဒါ့ရွဲထံမွ ကာလတန္ဖိုး က်ပ္ (၂၁၄၅၀၀၀)ရွိသည့္ WY စာတန္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၈၅၈)ျပား၊ ေလးခ်ိန္(၈၅.၈)ဂရမ္ခန္႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အိုက္ေဒါ့ရွဲအား မိုင္းပါလွ်ိဳးနယ္ေျမရဲစခန္းတြင္ မယ(ပ) ၂/၂၀၁၇၊ မူး/စိတ္ ၁၅/၁၉(က)/၂၀ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျှိုးနယ်မြေရဲတပ်ဖွဲ့က မတ်လ (၉) ရက် နံနက် (၁၀)နာရီအချိန်တွင် နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် သုံးဘီးဆိုင်ကယ်မောင်းနှင်လာသူ တစ်ဦးအား စစ်ဆေးရာမှ စိတ်ကြွဆေးပြား (၈၅၈)ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး အပါအဝင် ရပ်/ကျေးအဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် နမ့်ခင်းအုပ်စု၊ ပန်ပဲ(ထက်)ကျေးရွာအနီးတွင် ကျိုင်းလပ်မှ တာလေဘက်သို့ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာမှ ယာဉ်မောင်း အိုက်ဒေါ့ရှဲထံမှ ကာလတန်ဖိုး ကျပ် (၂၁၄၅၀၀၀)ရှိသည့် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၈၅၈)ပြား၊ လေးချိန်(၈၅.၈)ဂရမ်ခန့်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ဒေါ့ရှဲအား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ) ၂/၂၀၁၇၊ မူး/စိတ် ၁၅/၁၉(က)/၂၀ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~