မိုင္းျဖတ္ - က်ဳိင္းတံု လမ္းေပၚတြင္ ယာဥ္တစ္စီး အရွိန္လြန္ကာ ေရေခ်ာင္းထဲထိုးက်

မိုင္းျဖတ္ - က်ဳိင္းတံု လမ္းေပၚတြင္ ယာဥ္တစ္စီး အရွိန္လြန္ကာ ေရေခ်ာင္းထဲထိုးက်
ဖေဖော်ဝါရီ 17, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္တြင္ မိုင္းျဖတ္မွ က်ဳိင္းတံုသို႔ သြားသည့္ ယာဥ္တစ္စီး  အရွိန္လြန္ကာ  မိုင္တိုင္အမွတ္ ( ၇၁၂ ) ႏွင့္ ( ၇၁၃)အၾကားရွိ ေရေခ်ာင္းထဲသို႔ က်သြားမႈ ေဖေဖာ္၀ါရီလ(၁၇)ရက္ေန႔ ညေန(၆)နာရီ၀န္းက်င္ အခ်ိန္က ျဖစ္ပြားရာ ယာဥ္ေပၚတြင္ ပါလာသူမ်ားအနက္ ႏွစ္ဦးအား တာခ်ီလိတ္ေဆးရံုသို႔ ပို႔ထားရေၾကာင္း သိရသည္။

"မိုင္းျဖတ္ကေန က်ဳိင္းတံုကို အသြား မိုင္တိုင္ အမွတ္  ( ၇၁၂ ) နဲ႔ ( ၇၁၃)အၾကားမွာ ကားက အရွိန္လြန္ၿပီး က်သြားတာ၊ ကားကေတာ့ ခုထိ ေခ်ာင္းထဲက မဆယ္ရေသးဘူး၊ ဒဏ္ရာရရွိသူေတြကိုေတာ့ မိုင္းျဖတ္ သဂၤဟလူမႈကူညီေရးအသင္း ကေနၿပီး အလင္းေရာင္ပရဟိတအသင္းကို ခ်ိတ္ဆက္ၿပီးေတာ့ တာခ်ီလိတ္ေဆးရံုကို ေခၚသြားတယ္လို႔  သိရတယ္ဗ်"ဟု မိုင္းျဖတ္ၿမိဳ႕ေဒသခံ တစ္ဦးက ေျပာသည္။

Vigo Hilux အမ်ဳိးအစား ေမာ္ေတာ္ယာဥ္ေပၚတြင္ ပါ၀င္သည့္ (၃)ဦးအနက္ ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕ အလင္းေရာင္ပရဟိတအသင္းမွ တာခ်ီလိတ္ေဆးရံုသို႔ ပို႔ထားရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းျဖစ္သူ စိုင္း၀န္းထီအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၃/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၃၃၈ ျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း ႏွင့္  ၎တို႔သည္ မိုင္းျဖတ္ၿမိဳ႕တြင္ ေနထိုင္သူမ်ား ျဖစ္ေၾကာင္း  သိရသည္။

သတင္း - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်တွင် မိုင်းဖြတ်မှ ကျိုင်းတုံသို့ သွားသည့် ယာဉ်တစ်စီး အရှိန်လွန်ကာ မိုင်တိုင်အမှတ် ( ၇၁၂ ) နှင့် ( ၇၁၃)အကြားရှိ ရေချောင်းထဲသို့ ကျသွားမှု ဖေဖော်ဝါရီလ(၁၇)ရက်နေ့ ညနေ(၆)နာရီဝန်းကျင် အချိန်က ဖြစ်ပွားရာ ယာဉ်ပေါ်တွင် ပါလာသူများအနက် နှစ်ဦးအား တာချီလိတ်ဆေးရုံသို့ ပို့ထားရကြောင်း သိရသည်။

"မိုင်းဖြတ်ကနေ ကျိုင်းတုံကို အသွား မိုင်တိုင် အမှတ် ( ၇၁၂ ) နဲ့ ( ၇၁၃)အကြားမှာ ကားက အရှိန်လွန်ပြီး ကျသွားတာ၊ ကားကတော့ ခုထိ ချောင်းထဲက မဆယ်ရသေးဘူး၊ ဒဏ်ရာရရှိသူတွေကိုတော့ မိုင်းဖြတ် သဂငှ်လူမှုကူညီရေးအသင်း ကနပြေီး အလင်းရောင်ပရဟိတအသင်းကို ချိတ်ဆက်ပြီးတော့ တာချီလိတ်ဆေးရုံကို ခေါ်သွားတယ်လို့ သိရတယ်ဗျ"ဟု မိုင်းဖြတ်မြို့ဒေသခံ တစ်ဦးက ပြောသည်။

Vigo Hilux အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် ပါဝင်သည့် (၃)ဦးအနက် နှစ်ဦးအား တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမှ တာချီလိတ်ဆေးရုံသို့ ပို့ထားရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ စိုင်းဝန်းထီအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း နှင့်၎င်းတို့သည် မိုင်းဖြတ်မြို့တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~