လယ္တဲသို႔ အလည္သြားသူအား တစ္ရြာတည္းေနသူက ဓါးျဖင့္ခုတ္မႈ မိုင္းျဖတ္တြင္ ျဖစ္ပြား

လယ္တဲသို႔ အလည္သြားသူအား တစ္ရြာတည္းေနသူက ဓါးျဖင့္ခုတ္မႈ မိုင္းျဖတ္တြင္ ျဖစ္ပြား
ဖေဖော်ဝါရီ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ နမ့္ကုန္းအုပ္စု ေဟာင္ဟင္ေက်းရြာတြင္ ေဖေဖၚဝါရီလ (၁၇) ရက္ေန႔ ည(၉)နာရီ (၃၀)မိနစ္ခန္႔က လယ္တဲသို႔ အလည္သြားသူအား ဓါးျဖင့္ခုတ္သျဖင့္ ေဖေဖၚဝါရီလ (၁၈) ရက္ေန႔တြင္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ေဟာင္ဟင္ေက်းရြာေန ဦးအိုက္ရီကုန္းက ေဖေဖၚဝါရီလ (၁၈) ရက္ေန႔ ေန႔လယ္ (၁၂)နာရီ (၄၅)မိနစ္ခန္႔တြင္ မိုင္းျဖတ္ၿမိဳ႕မ ရဲစခန္းသို ႔ေရာက္လာၿပီး ေဖေဖၚဝါရီလ(၁၇)ရက္ေန႔က ေနအိမ္မွ (၃)ဖာလံုခန္႔အကြာရိွ ဦးေပါ့ေထာက္ပန္၏ လယ္တဲသို႔ အလည္အပတ္သြားေရာက္စဥ္ ရြာေျမာက္ဘက္ရိွ လူသြားလမ္းတြင္ တစ္ရြာတည္းေန စိုင္းေက်ာ့က ဓါးျဖင့္ ခုတ္သျဖင့္ ဦးေခါင္း၊ မ်က္ႏွာႏွင့္ လက္တို႔တြင္ ဒဏ္ရာမ်ားရသြားသျဖင့္ အေရးယူေပးရန္ တိုင္ၾကားလာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဓါးခုတ္မႈႏွင့္ ပတ္သက္၍ တရားခံဟု ယူဆထားရသူ စိုင္းေက်ာ့အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၃/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္လိုက္ၿပီး စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရွိရသည္။

သတင္း - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် နမ့်ကုန်းအုပ်စု ဟောင်ဟင်ကျေးရွာတွင် ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ည(၉)နာရီ (၃၀)မိနစ်ခန့်က လယ်တဲသို့ အလည်သွားသူအား ဓားဖြင့်ခုတ်သဖြင့် ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဟောင်ဟင်ကျေးရွာနေ ဦးအိုက်ရီကုန်းက ဖေဖော်ဝါရီလ (၁၈) ရက်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်ခန့်တွင် မိုင်းဖြတ်မြို့မ ရဲစခန်းသို့ရောက်လာပြီး ဖေဖော်ဝါရီလ(၁၇)ရက်နေ့က နေအိမ်မှ (၃)ဖာလုံခန့်အကွာရှိ ဦးပေါ့ထောက်ပန်၏ လယ်တဲသို့ အလည်အပတ်သွားရောက်စဉ် ရွာမြောက်ဘက်ရှိ လူသွားလမ်းတွင် တစ်ရွာတည်းနေ စိုင်းကျော့က ဓားဖြင့် ခုတ်သဖြင့် ဦးခေါင်း၊ မျက်နှာနှင့် လက်တို့တွင် ဒဏ်ရာများရသွားသဖြင့် အရေးယူပေးရန် တိုင်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓားခုတ်မှုနှင့် ပတ်သက်၍ တရားခံဟု ယူဆထားရသူ စိုင်းကျော့အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ) ၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်လိုက်ပြီး စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~