ေက်ာက္မဲနံနက္ခင္းေစ်းမွ ပ်ံက်ေစ်းသည္မ်ား စနစ္တက်ေရာင္းႏုိင္ေရး စတင္လုပ္ေဆာင္ေန

ေက်ာက္မဲနံနက္ခင္းေစ်းမွ ပ်ံက်ေစ်းသည္မ်ား စနစ္တက်ေရာင္းႏုိင္ေရး စတင္လုပ္ေဆာင္ေန
ဖေဖော်ဝါရီ 25, 2017
By Tachileik News Agency
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕မွ နံနက္ခင္းေစ်း(မဂၤလာေစ်း) ပ်ံက်ေစ်းသည္မ်ားအား ကုန္စိမ္း ေစ်းတန္းတြင္ စနစ္တက် ေရာင္းခ်ႏိုင္ေရး စီစဥ္ေနၿပီး လက္ရိွတြင္ ယခင္ေစ်းသိမ္းခ်ိန္ နံနက္(၉)နာရီ အစား (၇)နာရီခြဲသို႔ ေျပာင္းလဲ သတ္မွတ္လိုက္ေၾကာင္း ပ်ံက်ေစ်းသည္မ်ားထံမွ သိရသည္။
“မနက္ (၇) နာရီခြဲမွာ ေစ်းသိမ္းခိုင္းတယ္။ ေရာင္းတာကေတာ့ ေရာင္းရပါတယ္။ အတြင္းထဲမွာ ေရာင္းဖို႔က်ေတာ့ လာဝယ္မယ့္သူ နည္းတယ္။ ေစ်းဝယ္ေတာ္ေတာ္မ်ားမ်ားက ဆိုင္ကယ္နဲ႔လာၿပီး လမ္းေပၚကေန အလြယ္တကူ ဝယ္လို႔ရတဲ့ ေနရာမွာပဲ ဝယ္ၾကတာျဖစ္တဲ့အတြက္ လမ္းေဘးမွာ ေရာင္းရတာက ပိုၿပီးအဆင္ေျပတယ္။ အတြင္းထဲ ကိုေျပာင္းၿပီး ေရာင္းခိုင္းရင္ လမ္းေဘးမွာ ေရာင္းရသေလာက္ မေရာင္းရမွာေတာ့ စိုးရိမ္တယ္”ဟု ေက်ာက္မဲၿမိဳ့ မဂၤလာေစ်းအနီး တြင္ ရာသီေပၚ ကုန္စိမ္းမ်ား ေရာင္းခ်သည့္ ေစ်းသည္အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
ပ်ံက်ေစ်းသည္မ်ားမွာ ကားလမ္းမအထိ တိုးခ်ဲ႕ေရာင္းခ်ေနသျဖင့္ ေဖေဖၚဝါရီလ (၂၂) ရက္ေန႔မွစ၍ ေစ်းသိမ္းခ်ိန္အား ေျပာင္းလဲသတ္မွတ္လိုက္ျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနမွ သိရသည္။
“ပ်ံက်ေစ်းသည္ေတြ ေရာင္းခ်မႈက စည္းကမ္းမဲ့ ေရာင္းခ်တာေတြရွိေနတယ္။ သူတို႔ေတြကို မူလတည္းက အဲဒီေနရာ ေတြကို သတ္မွတ္ေပးထားတာမ်ိဳး မရွိဘူး။ ေစ်းသည္ေတြက တျဖည္းျဖည္းခ်င္းနဲ႔ မီးပိြဳင့္ေထာင့္နား (ေစ်းဧရိယာနဲ႔ ေနာက္ထပ္ ဘေလာက္တစ္ခု)အထိ တိုးၿပီးေတာ့ ေရာင္းခ်လာၾကတယ္။ ဒါေၾကာင့္ လမ္းပိတ္ဆို႔မႈေတြ မျဖစ္ေပၚေစဖို႔ ပ်ံက်ေစ်းသည္ေတြကို စည္းကမ္းေတြ စတင္ သတ္မွတ္ရျခင္းျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္စည္ပင္ သာယာေရး ဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မဂၤလာေစ်းအတြင္း ဆိုင္ခန္းမ်ားသတ္မွတ္ေပးထားေသာ္လည္း ေစ်းအျပင္ရွိ ကားလမ္းမေဘးတြင္ ေရာင္းခ်သူ တျဖည္းျဖည္း မ်ားျပားလာျခင္း ျဖစ္ေၾကာင္း သိရသည္။
“နဂိုကဆိုရင္ မနက္(၉)နာရီေလာက္မွ ဖယ္ေပးတဲ့အတြက္ ေက်ာင္းသူေက်ာင္းသားေတြ အသြားအလာခက္ခဲ တာေတြရွိတယ္။ ခုက ကေလးေတြစာေမးပြဲ ကာလလည္းျဖစ္တဲ့အတြက္ အခုလိုအခ်ိန္ေစာၿပီး သတ္မွတ္ေပး ရျခင္းျဖစ္ပါတယ္”ဟု ၿမိဳ႕နယ္စည္ပင္ အမႈေဆာင္အရာရွိက ေျပာသည္။
ၿမိဳ႕နယ္ စည္ပင္သာယာေရး ဝန္ထမ္းမ်ားက နံနက္ (၄) နာရီေစ်းဖြင့္ခ်ိန္မွစ၍ ေစ်းသိမ္းခ်ိန္ နံနက္ (၇)နာရီအထိ လိုက္လံစစ္ေဆးျခင္း၊ ယာဥ္ေၾကာပိတ္ဆို႔မႈမျဖစ္ေစရန္ လမ္းနံေဘးပလက္ေဖာင္း ဧရိယာ အတြင္းသာ ေစ်းခင္းေရာင္းခ်ေစရန္ ထိန္းသိမ္းေဆာင္ရြက္ျခင္းမ်ားကို လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။
ထို႔ျပင္ ေစ်းသည္မ်ား စည္းကမ္းတက် ေရာင္းခ်ႏိုင္ေစေရး အတြက္ မူလကုန္စိမ္းေစ်းတန္း ျဖစ္သည့္ မဂၤလာေစ်း အတြင္းရွိ ေစ်းဆိုင္ခန္းမ်ား၊ လမ္းသြယ္ဆိုင္ခန္းမ်ား၌ စနစ္တက် ျပန္လည္ ေရာင္းခ်ေစရန္အတြက္ တာ၀န္ရွိသူမ်ားက တိုင္ပင္ေဆြးေႏြးကာ ဆက္လက္ လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှ နံနက်ခင်းဈေး(မင်္ဂလာဈေး) ပျံကျဈေးသည်များအား ကုန်စိမ်း ဈေးတန်းတွင် စနစ်တကျ ရောင်းချနိုင်ရေး စီစဉ်နပြေီး လက်ရှိတွင် ယခင်ဈေးသိမ်းချိန် နံနက်(၉)နာရီ အစား (၇)နာရီခွဲသို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ပျံကျဈေးသည်များထံမှ သိရသည်။
“မနက် (၇) နာရီခွဲမှာ ဈေးသိမ်းခိုင်းတယ်။ ရောင်းတာကတော့ ရောင်းရပါတယ်။ အတွင်းထဲမှာ ရောင်းဖို့ကျတော့ လာဝယ်မယ့်သူ နည်းတယ်။ ဈေးဝယ်တော်တော်များများက ဆိုင်ကယ်နဲ့လာပြီး လမ်းပေါ်ကနေ အလွယ်တကူ ဝယ်လို့ရတဲ့ နေရာမှာပဲ ဝယ်ကြတာဖြစ်တဲ့အတွက် လမ်းဘေးမှာ ရောင်းရတာက ပိုပြီးအဆင်ပြေတယ်။ အတွင်းထဲ ကိုပြောင်းပြီး ရောင်းခိုင်းရင် လမ်းဘေးမှာ ရောင်းရသလောက် မရောင်းရမှာတော့ စိုးရိမ်တယ်”ဟု ကျောက်မဲမြို့ မင်္ဂလာဈေးအနီး တွင် ရာသီပေါ် ကုန်စိမ်းများ ရောင်းချသည့် ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။
ပျံကျဈေးသည်များမှာ ကားလမ်းမအထိ တိုးချဲ့ရောင်းချနေသဖြင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှစ၍ ဈေးသိမ်းချိန်အား ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
“ပျံကျဈေးသည်တွေ ရောင်းချမှုက စည်းကမ်းမဲ့ ရောင်းချတာတွေရှိနေတယ်။ သူတို့တွေကို မူလတည်းက အဲဒီနေရာ တွေကို သတ်မှတ်ပေးထားတာမျိုး မရှိဘူး။ ဈေးသည်တွေက တဖြည်းဖြည်းချင်းနဲ့ မီးပွိုင့်ထောင့်နား (ဈေးဧရိယာနဲ့ နောက်ထပ် ဘလောက်တစ်ခု)အထိ တိုးပြီးတော့ ရောင်းချလာကြတယ်။ ဒါကြောင့် လမ်းပိတ်ဆို့မှုတွေ မဖြစ်ပေါ်စေဖို့ ပျံကျဈေးသည်တွေကို စည်းကမ်းတွေ စတင် သတ်မှတ်ရခြင်းဖြစ်ပါတယ်”ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မင်္ဂလာဈေးအတွင်း ဆိုင်ခန်းများသတ်မှတ်ပေးထားသော်လည်း ဈေးအပြင်ရှိ ကားလမ်းမဘေးတွင် ရောင်းချသူ တဖြည်းဖြည်း များပြားလာခြင်းဖြစ်ကြောင်း သိရသည်။
“နဂိုကဆိုရင် မနက်(၉)နာရီလောက်မှ ဖယ်ပေးတဲ့အတွက် ကျောင်းသူကျောင်းသားတွေ အသွားအလာခက်ခဲ တာတွေရှိတယ်။ ခုက ကလေးတွေစာမေးပွဲကာလလည်းဖြစ်တဲ့အတွက် အခုလိုအချိန်စောပြီး သတ်မှတ်ပေး ရခြင်းဖြစ်ပါတယ်”ဟု မြို့နယ်စည်ပင် အမှုဆောင်အရာရှိက ပြောသည်။
မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများက နံနက် (၄) နာရီဈေးဖွင့်ချိန်မှစ၍ ဈေးသိမ်းချိန် နံနက် (၇)နာရီအထိ လိုက်လံစစ်ဆေးခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် လမ်းနံဘေးပလက်ဖောင်း ဧရိယာ အတွင်းသာ ဈေးခင်းရောင်းချစေရန် ထိန်းသိမ်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ထို့ပြင် ဈေးသည်များ စည်းကမ်းတကျ ရောင်းချနိုင်စေရေးအတွက် မူလကုန်စိမ်းဈေးတန်းဖြစ်သည့် မင်္ဂလာဈေး အတွင်းရှိ ဈေးဆိုင်ခန်းများ၊ လမ်းသွယ်ဆိုင်ခန်းများ၌ စနစ်တကျ ပြန်လည် ရောင်းချစေရန် အတွက် တာဝန်ရှိသူများက တိုင်ပင်ဆွေးနွေးကာ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~