မိုင္းယုတြင္ လက္ႏွစ္ဖက္ ေနာက္ျပန္ႀကိဳးတုပ္၍ အသတ္ခံထားရသည့္ အမ်ဳိးသားအေလာင္းေတြ႕ရွိ

မိုင္းယုတြင္ လက္ႏွစ္ဖက္ ေနာက္ျပန္ႀကိဳးတုပ္၍ အသတ္ခံထားရသည့္ အမ်ဳိးသားအေလာင္းေတြ႕ရွိ
ဇန်နဝါရီ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕၊ က်ိဳင္းကုန္းအုပ္စု ဇိအုန္ေက်းရြာအနီး ဝမ္ခိုးေခ်ာင္းနံေဘးတြင္ လက္ႏွစ္ဖက္ ေနာက္ျပန္ႀကိဳးတုပ္၍ အသတ္ခံထားရသည့္ အေလာင္းတစ္ေလာင္း ေတြ႔ရိွရသျဖင့္ ေသဆံုးသူအား အတည္ျပဳႏုိင္ေရးႏွင့္ တရားခံဖမ္းမိေရးအတြက္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဇိအုန္ရြာသူႀကီး ဦးလင္ရွီးက ဇန္နဝါရီလ (၂၀) ရက္ ညေန ေလးနာရီခြဲ၀န္းက်င္က မိုင္းယုနယ္ေျမ ရဲစခန္းသို႔ ဖုန္းျဖင့္ အေၾကာင္းၾကားသျဖင့္ တာဝန္ရိွသူမ်ားက အခင္းျဖစ္ေနရာသို႔ ညေန ငါးနာရီခြဲခန္႔တြင္ ေရာက္ရိွစစ္ေဆးရာ လက္သန္းလံုးခန္႔ အျပာေရာင္ပလတ္စတစ္ႀကိဳးျဖင့္ လည္ပင္းႏွင့္ လက္ႏွစ္ဖက္အား ေနာက္ျပန္တုပ္၍ ၎ႀကိဳးအား ငါးမူးလံုးခန္႔ အျဖဴေရာင္ပလတ္စတစ္ႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားၿပီး လည္ပင္းျပတ္ရွ ဒဏ္ရာတို႔ျဖင့္ ပုပ္ပြေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းအား ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ေသဆံုးသူအား ေဖာ္ထုတ္ႏိုင္ရန္ စံုစမ္းေနလွ်က္ရွိၿပီး ေသဆံုးသူမွာ အရပ္ငါးေပေလးလက္မခန္႔ရိွ အသက္ (၃၀)ႏွင့္ (၄၀)ႏွစ္အၾကားအရြယ္ျဖစ္ကာ မိုးကာအက်ႌ အျပာေရာင္ႏွင့္ အသားေရာင္ေဘာင္းဘီရွည္ကို ဝတ္ဆင္ထားေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈအား မိုင္းယုနယ္ေျမရဲစခန္းတြင္ (ပ)၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနၿပီး အေလာင္းကို စစ္ေဆးရန္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ ကျိုင်းကုန်းအုပ်စု ဇိအုန်ကျေးရွာအနီး ဝမ်ခိုးချောင်းနံဘေးတွင် လက်နှစ်ဖက် နောက်ပြန်ကြိုးတုပ်၍ အသတ်ခံထားရသည့် အလောင်းတစ်လောင်း တွေ့ရှိရသဖြင့် သေဆုံးသူအား အတည်ပြုနိုင်ရေးနှင့် တရားခံဖမ်းမိရေးအတွက် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဇိအုန်ရွာသူကြီး ဦးလင်ရှီးက ဇန်နဝါရီလ (၂၀) ရက် ညနေ လေးနာရီခွဲဝန်းကျင်က မိုင်းယုနယ်မြေ ရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားသဖြင့် တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ ညနေ ငါးနာရီခွဲခန့်တွင် ရောက်ရှိစစ်ဆေးရာ လက်သန်းလုံးခန့် အပြာရောင်ပလတ်စတစ်ကြိုးဖြင့် လည်ပင်းနှင့် လက်နှစ်ဖက်အား နောက်ပြန်တုပ်၍၎င်းကြိုးအား ငါးမူးလုံးခန့် အဖြူရောင်ပလတ်စတစ်ကြိုးဖြင့် ချည်နှောင်ထားပြီး လည်ပင်းပြတ်ရှ ဒဏ်ရာတို့ဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းအား တွေ့ရှိရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူအား ဖော်ထုတ်နိုင်ရန် စုံစမ်းနေလျှက်ရှိပြီး သေဆုံးသူမှာ အရပ်ငါးပေလေးလက်မခန့်ရှိ အသက် (၃၀)နှင့် (၄၀)နှစ်အကြားအရွယ်ဖြစ်ကာ မိုးကာအင်္ကျီ အပြာရောင်နှင့် အသားရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကြောင်း သိရသည်။

အဆိုပါသေဆုံးမှုအား မိုင်းယုနယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်နပြေီး အလောင်းကို စစ်ဆေးရန်လုပ်ဆောင်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~