ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္က ခ်ီးက်ဴးဂုဏ္ျပဳထုိက္သူအျဖစ္ မူးယစ္သတင္းေပး အရပ္သားအား ေရြးခ်ယ္

ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္က ခ်ီးက်ဴးဂုဏ္ျပဳထုိက္သူအျဖစ္ မူးယစ္သတင္းေပး အရပ္သားအား ေရြးခ်ယ္
ဇန်နဝါရီ 23, 2017
By Tachileik News Agency

စိတ္ၾကြေဆးျပား(၁၄)သန္းအား ဖမ္းဆီးရမိရန္ တာဝန္သိ သတင္းေပးသည့္ အရပ္သားအား ခ်ီးက်ဴး ဂုဏ္ျပဳထုိက္သူအျဖစ္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ရံုးမွ ေရြးခ်ယ္လုိက္သည့္အေပၚ ႀကိဳဆိိုမႈမ်ားႏွင့္အတူ သတင္းေပးသူ၏ လံုၿခံဳေရးအတြက္ ပူပန္မႈလည္းရိွေၾကာင္း သိရသည္။

‘ဒီကိစၥ က ေကာင္းပါတယ္။ ဆုေပး ဒဏ္ေပးစနစ္ေပါ့။ ဒီလို မူးယစ္ေဆးဝါးသတင္းေပးတဲ႔သူေတြ ကို ဂုဏ္ျပဳတာကို ႀကိဳဆိုပါတယ္။ ၿပီးေတာ့ မႈးယစ္ေဆးဝါးနဲ႔ ဆက္ႏြယ္တဲ႔သူေတြဆိုရင္ ဘယ္သူ႔ကိုမဆို ေဖာ္ထုတ္အေရးယူသင့္ပါတယ္။ တစ္ခုေတာ့ သတိထားသင့္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မူးယစ္ေဆးဝါး ေရာင္းဝယ္တဲ့ သူေတြက အုပ္စုႀကီးေတာ့ သတင္းေပးတဲ႔ သူရဲ႕ အသက္အႏၲရာယ္ကိုေတာ့ တရားဥပေဒ စိုးမိုးမႈနည္းေနတဲ႔ အေပၚ မွာ စိုးရိမ္ရပါတယ္။”ဟု ျမန္မာႏုိင္ငံလံုးဆုိင္ရာ ရွမ္းလူငယ္ကြန္ရက္မွ စိုင္းဆိုင္လင္းက ေျပာသည္။

ပန္းေတာင္းၿမိဳ႕နယ္ ဥသွ်စ္ပင္ၿမိဳ႕မွ ဆိုင္ကယ္ျပင္လုပ္ငန္း လုပ္ကိုင္သူ အသက္ ၃၅ ႏွစ္အရြယ္ ကိုရာဇာဟိန္း၏ တာဝန္သိမႈေၾကာင့္ စိတ္ၾကြရူးသြပ္ေဆးျပား (၁၄)သန္း ဖမ္းဆီးရမိခဲ့သည့္ အတြက္ ၂၀၁၆ ခုႏွစ္္ ဒီဇင္ဘာလအတြက္ ခ်ီ္းက်ဴးဂုဏ္ျပဳထုိက္သူအျဖစ္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ရံုးမွ ေရြးခ်ယ္လိုက္ျခင္းျဖစ္သည္။

ယင္းကဲ့သုိ႔ ေရြးခ်ယ္ဂုဏ္ျပဳျခင္းေၾကာင့္ တာဝန္သိျပည္သူမ်ား မ်ားလာႏုိင္ၿပီး ယခုကဲ့သို႔ ေရြးခ်ယ္ျခင္းအား ယခုထက္ ပိုမိုသတိထားမိရန္ ေဆာင္ရြက္သင့္သည္ဟု လူငယ္တစ္ဦးျဖစ္္သူ INGO အဖြဲ႕ျဖစ္သည့္ Pact Myanmar မွ ဒုတိယညိႇႏိႈင္းေရးမွဴး ေဒါက္တာေကာင္းျမတ္ဘိုက မွတ္ခ်က္ျပဳသည္။

“ဒီလို ခ်ီးက်ဴးဂုဏ္ျပဳတာကို ေကာင္းတယ္လို႔ ျမင္ပါတယ္။ ဒါမွ တာဝန္သိ၊ တာဝန္ေက်တဲ့ ျပည္သူေတြ ပိုမ်ားလာမွာပါ။ ဒါေပမဲ့ ေၾကညာတာကိုေတာ့ လူသိပ္မသိတာ တစ္မ်ိဳးျဖစ္မိတယ္။ လူပိုသိရင္ ပိုေကာင္းမွာလို႔ ထင္ပါတယ္”ဟု ေဒါက္တာေကာင္းျမတ္ဘိုက ဆိုသည္။

ႏုိ္င္ငံသူႏိုင္ငံသားမ်ား အေနျဖင့္ ကိုရာဇာဟိန္း ကဲ့သို႔ပင္ ႏုိင္ငံေတာ္အစိုးရ၏ မူးယစ္ေဆးဝါး ေလ်ာ့နည္း ကင္းစင္ေရး လုပ္ငန္းစဥ္မ်ားတြင္ တာဝန္သိျပည္သူတစ္ေယာက္အေနျဖင့္ ျမင့္ျမတ္ေသာ လုပ္ေဆာင္ခ်က္၊ ႏုိင္ငံသားေကာင္းစိတ္ဓာတ္ အရင္းခံ၍ ပိုမိုေကာင္းမြန္သည့္ အေျပာင္းအလဲမ်ား ဖန္တီးေဖာ္ေဆာင္ကာ အနာဂတ္ႏုိင္ငံတည္ေဆာက္ေရးတြင္ ပါဝင္ကူညီေပးၾကပါရန္ တိုက္တြန္းလွ်က္ မွတ္တမ္းတင္ ဂုဏ္ျပဳအပ္ပါသည္”ဟု ဇန္နဝါရီလ ၂၂ ရက္ေန႔ ေန႔စြဲျဖင့္ ထုတ္ျပန္သည့္ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ထုတ္ျပန္ခ်က္တြင္ တိုက္တြန္းထားသည္။

“ဒီလို ဂုဏ္ျပဳေပးတာဟာ သိပ္ေကာင္းတ့ဲ လုပ္ေဆာင္ခ်က္တစ္ခုပါ။ ေနာင္လည္း အစဥ္အလာ တစ္ခုအေနန႔ဲ လုုပ္သင့္ပါတယ္။ ဒီဇင္ဘာလအတြက္ ေရြးခ်ယ္မႈန႔ဲ ပတ္သက္ၿပီးေတာ့ မူးယစ္ေဆးဝါးအမႈကို ေဖာ္ထုတ္ေပးႏိုင္တ့ဲအတြက္ ဂုဏ္ျပဳဆုန႔ဲ ထိုက္တန္ပါတယ္။ ဒါေပမဲ့ တစ္ဖက္ကလည္း ဂုဏ္ျပဳခံရသူရဲ႕ အသက္အႏၱရာယ္ဆိုတ့ဲ လုံျခံဳေရးကိုလည္း ထည့္သြင္းစဥ္းစားသင့္တယ္။ လက္႐ွိတိုင္းျပည္ အေျခအေနကလည္း တရားဥပေဒစိုးမိုးမႈအရမ္းအားနည္းေနတ့ဲအေျခအေနမွာ ဂုဏ္ျပဳခံရသူရဲ႕ လုံျခံဳေရးကို ဆုေရြးခ်ယ္တ့ဲသူေတြအေနနဲ႔ မျဖစ္မေနထည့္သြင္းစဥ္းစားေပးသင့္ပါတယ္။
ၿပီးၿပီးေရာ လုပ္လိုက္တာမ်ဳိးမျဖစ္ဖို႔လိုတယ္”ဟု Software Engineer တစ္ဦးျဖစ္သည့္ မန္ဆြင္းကိမ္းက ဆိုသည္။

အရပ္သား တစ္ဦးျဖစ္သည့္ ကိုရာဇာဟိန္းသည္ ဆီသယ္ယာဥ္တစ္စီးအား မသကၤာသျဖင့္ သက္ဆိုင္ရာ တာဝန္ရိွသူမ်ားထံ ဆက္သြယ္အေၾကာင္းၾကားၿပီး ၎ကိုယ္တုိင္ ေတာအတြင္း (၈) ရက္တုိင္တိုင္ ေက်ာက္တြင္း လုပ္သားအေယာင္ေဆာင္ကာ ေစာင့္ၾကည့္ သတင္းေပးမႈေၾကာင့္ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ ၁၁ ရက္ေန႔တြင္ ေညာင္ဂ်ိဳး လဝကဂိတ္တြင္ WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၁၄) သန္းအား တင္ေဆာင္လာသည့္ ကားကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကိုရာဇာဟိန္းအေၾကာင္း ျပည္တြင္းသတင္းဂ်ာနယ္အခ်ိဳ႕တြင္ အင္တာဗ်ဴးမ်ား ေဖာ္ျပစဥ္ကလည္း ၎၏ လံုၿခံဳေရးအတြက္ စိုးရိမ္သူမ်ားက ေထာက္ျပမႈမ်ားလည္း ထြက္ေပၚေနျခင္းျဖစ္သည္။

သတင္း - အင္မိုင္ခ
Photo:Myanmar State Counsellor Office


~~~~~~~~⊰❂ unicode ~~~~~~~~

စိတ်ကြွဆေးပြား(၁၄)သန်းအား ဖမ်းဆီးရမိရန် တာဝန်သိ သတင်းပေးသည့် အရပ်သားအား ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ရွေးချယ်လိုက်သည့်အပေါ် ကြိုဆိုမှုများနှင့်အတူ သတင်းပေးသူ၏ လုံခြုံရေးအတွက် ပူပန်မှုလည်းရှိကြောင်း သိရသည်။

‘ဒီကိစ္စ က ကောင်းပါတယ်။ ဆုပေး ဒဏ်ပေးစနစ်ပေါ့။ ဒီလို မူးယစ်ဆေးဝါးသတင်းပေးတဲ့သူတွေ ကို ဂုဏ်ပြုတာကို ကြိုဆိုပါတယ်။ ပြီးတော့ မှုးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့သူတွေဆိုရင် ဘယ်သူ့ကိုမဆို ဖော်ထုတ်အရေးယူသင့်ပါတယ်။ တစ်ခုတော့ သတိထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ သူတွေက အုပ်စုကြီးတော့ သတင်းပေးတဲ့ သူရဲ့ အသက်အန္တရာယ်ကိုတော့ တရားဥပဒေ စိုးမိုးမှုနည်းနေတဲ့ အပေါ် မှာ စိုးရိမ်ရပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်မှ စိုင်းဆိုင်လင်းက ပြောသည်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့မှ ဆိုင်ကယ်ပြင်လုပ်ငန်း လုပ်ကိုင်သူ အသက် ၃၅ နှစ်အရွယ် ကိုရာဇာဟိန်း၏ တာဝန်သိမှုကြောင့် စိတ်ကြွရူးသွပ်ဆေးပြား (၁၄)သန်း ဖမ်းဆီးရမိခဲ့သည့် အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွက် ချီ်းကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရွေးချယ်ဂုဏ်ပြုခြင်းကြောင့် တာဝန်သိပြည်သူများ များလာနိုင်ပြီး ယခုကဲ့သို့ ရွေးချယ်ခြင်းအား ယခုထက် ပိုမိုသတိထားမိရန် ဆောင်ရွက်သင့်သည်ဟု လူငယ်တစ်ဦးဖြစ်သူ INGO အဖွဲ့ဖြစ်သည့် Pact Myanmar မှ ဒုတိယညှိနှိုင်းရေးမှူး ဒေါက်တာကောင်းမြတ်ဘိုက မှတ်ချက်ပြုသည်။

“ဒီလို ချီးကျူးဂုဏ်ပြုတာကို ကောင်းတယ်လို့ မြင်ပါတယ်။ ဒါမှ တာဝန်သိ၊ တာဝန်ကျေတဲ့ ပြည်သူတွေ ပိုများလာမှာပါ။ ဒါပေမဲ့ ကြေညာတာကိုတော့ လူသိပ်မသိတာ တစ်မျိုးဖြစ်မိတယ်။ လူပိုသိရင် ပိုကောင်းမှာလို့ ထင်ပါတယ်”ဟု ဒေါက်တာကောင်းမြတ်ဘိုက ဆိုသည်။

နို်င်ငံသူနိုင်ငံသားများ အနဖြေင့် ကိုရာဇာဟိန်း ကဲ့သို့ပင် နိုင်ငံတော်အစိုးရ၏ မူးယစ်ဆေးဝါး လျော့နည်း ကင်းစင်ရေး လုပ်ငန်းစဉ်များတွင် တာဝန်သိပြည်သူတစ်ယောက်အနဖြေင့် မြင့်မြတ်သော လုပ်ဆောင်ချက်၊ နိုင်ငံသားကောင်းစိတ်ဓာတ် အရင်းခံ၍ ပိုမိုကောင်းမွန်သည့် အပြောင်းအလဲများ ဖန်တီးဖော်ဆောင်ကာ အနာဂတ်နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ကူညီပေးကြပါရန် တိုက်တွန်းလျှက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်”ဟု ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

“ဒီလို ဂုဏ်ပြုပေးတာဟာ သိပ်ကောင်းတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ နောင်လည်း အစဉ်အလာ တစ်ခုအနေနဲ့ လုပ်သင့်ပါတယ်။ ဒီဇင်ဘာလအတွက် ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ မူးယစ်ဆေးဝါးအမှုကို ဖော်ထုတ်ပေးနိုင်တဲ့အတွက် ဂုဏ်ပြုဆုနဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ဂုဏ်ပြုခံရသူရဲ့ အသက်အန္တရာယ်ဆိုတဲ့ လုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်။ လက်ရှိတိုင်းပြည် အခြေအနေကလည်း တရားဥပဒေစိုးမိုးမှုအရမ်းအားနည်းနေတဲ့အခြေအနေမှာ ဂုဏ်ပြုခံရသူရဲ့ လုံခြုံရေးကို ဆုရွေးချယ်တဲ့သူတွေအနေနဲ့ မဖြစ်မနေထည့်သွင်းစဉ်းစားပေးသင့်ပါတယ်။
ပြီးပြီးရော လုပ်လိုက်တာမျိုးမဖြစ်ဖို့လိုတယ်”ဟု Software Engineer တစ်ဦးဖြစ်သည့် မန်ဆွင်းကိမ်းက ဆိုသည်။

အရပ်သား တစ်ဦးဖြစ်သည့် ကိုရာဇာဟိန်းသည် ဆီသယ်ယာဉ်တစ်စီးအား မသင်္ကာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားပြီး၎င်းကိုယ်တိုင် တောအတွင်း (၈) ရက်တိုင်တိုင် ကျောက်တွင်း လုပ်သားအယောင်ဆောင်ကာ စောင့်ကြည့် သတင်းပေးမှုကြောင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ညောင်ဂျိုး လဝကဂိတ်တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၄) သန်းအား တင်ဆောင်လာသည့် ကားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရာဇာဟိန်းအကြောင်း ပြည်တွင်းသတင်းဂျာနယ်အချို့တွင် အင်တာဗျူးများ ဖော်ပြစဉ်ကလည်း၎င်း၏ လုံခြုံရေးအတွက် စိုးရိမ်သူများက ထောက်ပြမှုများလည်း ထွက်ပေါ်နခြေင်းဖြစ်သည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~