တာခ်ီလိတ္တြင္ တရားမဝင္ေရႊတြင္းတူးေနသည့္ တရုတ္ႏုိင္ငံသားမ်ားအား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ တရားမဝင္ေရႊတြင္းတူးေနသည့္ တရုတ္ႏုိင္ငံသားမ်ားအား ဖမ္းဆီးရမိ
ဇန်နဝါရီ 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးေက်းရြာအုပ္စု ေဟြလန္းေက်းရြာေျမာက္ဘက္ (၃)မိုင္ခန္႔အကြာတြင္ တရားမဝင္ ေရႊတူးေဖၚေနသည့္ ေရႊတြင္းတြင္ အလုပ္လုပ္ေနသည့္ တရုတ္ႏုိင္ငံသား(၈)ဦးႏွင့္ ျမန္မာႏုိ္င္ငံသား(၂၀)တို႔အား ဇန္နဝါရီလ (၉) ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါ ေဒသတြင္ တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္စဥ္ ေရႊတြင္းမ်ား တူးေဖာ္ထားသည္ကို ေတြ႔ရသျဖင့္ သက္ဆုိင္ရာဌာနမ်ား လာေရာက္စစ္ေဆးေပးရန္ အေၾကာင္းၾကားသျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕၊ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးဌာန၊ မိုင္းကိုးေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၊ မိုင္းကိုးေက်းရြာအုပ္စု ျပည္သူ႔စစ္အဖြဲ႕၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း ေရႊသတၱဳတူးေဖာ္လုပ္ငန္းရွင္မ်ား ေကာ္မတီအဖြဲ႕တို႔မွ တာဝန္ရိွသူမ်ား ပါဝင္သည့္အဖြဲ႕က သြားေရာက္စစ္ေဆးရာ တာခ်ီလိတ္ၿမိဳ႕မွ ေက်ာ္စိန္(ခ) တြမ္ရင္ဟူးက မန္ေနဂ်ာအျဖစ္ ဦးေဆာင္လုပ္ကိုင္ေနသည့္ တရားမဝင္ေရႊတြင္းတြင္ အလုပ္လုပ္ေနသည့္ တရုတ္ႏုိင္ငံသားမ်ားႏွင့္ အတူ တရုတ္မီးစက္ (၄)လံုး၊ ဒိုဇာယာဥ္ (၁)စီး၊ ဘက္ဟိုး(၃)စီး၊ ေျမသယ္ဆယ္ဘီးယာဥ္ (၃)စီး၊ ဒီဇယ္ေပပါ (၁၀)လံုးႏွင့္အတူ ေရႊတူးေဖာ္ထားသည္တို႔ကို စစ္ေဆးေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ တရုတ္ႏုိင္ငံသား (၈)ဦးမွာ တရုတ္ႏုိင္ငံ ဟူနန္ျပည္နယ္မွျဖစ္ၿပီး ေရႊတြင္းလုပ္သား လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသား(၂၁)အနက္ အမ်ိဳးသမီးတစ္ဦးမွာ ဖမ္းဆီးစဥ္ ထြက္ေျပး တိမ္းေရွာင္သြားေၾကာင္း သိရသည္။

လက္ရိွတြင္ ဖမ္းဆီးရမိထားသည့္ ဦးစီးလုပ္ကိုင္သူ ေက်ာ္စိန္(ခ) တြမ္ရင္ဟူအပါအဝင္ ေရႊတြင္းလုပ္သားမ်ားျဖစ္သည့္ တရုတ္ႏုိင္ငံသား(၈)ဦးႏွင့္ ျမန္မာႏုိင္ငံသား(၂၁)တို႔အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ ထိန္းသိမ္းထားၿပီး အမႈဖြင့္လွစ္အေရးယူႏုိင္ရန္ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓာတ္ပံု - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဟွေလန်းကျေးရွာမြောက်ဘက် (၃)မိုင်ခန့်အကွာတွင် တရားမဝင် ရွှေတူးဖော်နေသည့် ရွှေတွင်းတွင် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသား(၈)ဦးနှင့် မြန်မာနို်င်ငံသား(၂၀)တို့အား ဇန်နဝါရီလ (၉) ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ဒေသတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ရွှေတွင်းများ တူးဖော်ထားသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာဌာနများ လာရောက်စစ်ဆေးပေးရန် အကြောင်းကြားသဖြင့် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဌာန၊ မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူး၊ မိုင်းကိုးကျေးရွာအုပ်စု ပြည်သူ့စစ်အဖွဲ့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေသတ္တုတူးဖော်လုပ်ငန်းရှင်များ ကော်မတီအဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က သွားရောက်စစ်ဆေးရာ တာချီလိတ်မြို့မှ ကျော်စိန်(ခ) တွမ်ရင်ဟူးက မန်နေဂျာအဖြစ် ဦးဆောင်လုပ်ကိုင်နေသည့် တရားမဝင်ရွှေတွင်းတွင် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသားများနှင့် အတူ တရုတ်မီးစက် (၄)လုံး၊ ဒိုဇာယာဉ် (၁)စီး၊ ဘက်ဟိုး(၃)စီး၊ မြေသယ်ဆယ်ဘီးယာဉ် (၃)စီး၊ ဒီဇယ်ပေပါ (၁၀)လုံးနှင့်အတူ ရွှေတူးဖော်ထားသည်တို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား (၈)ဦးမှာ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှဖြစ်ပြီး ရွှေတွင်းလုပ်သား လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား(၂၁)အနက် အမျိုးသမီးတစ်ဦးမှာ ဖမ်းဆီးစဉ် ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ဦးစီးလုပ်ကိုင်သူ ကျော်စိန်(ခ) တွမ်ရင်ဟူအပါအဝင် ရွှေတွင်းလုပ်သားများဖြစ်သည့် တရုတ်နိုင်ငံသား(၈)ဦးနှင့် မြန်မာနိုင်ငံသား(၂၁)တို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမှုဖွင့်လှစ်အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~