အနာဂတ် လွိုင်မွေ ချယ်ရီမြေ ရှင်သန် လှပရေး ဘယ်သူတွေ ပါဝင် ထိန်းသိမ်းမလဲ
အနာဂတ် လွိုင်မွေ ချယ်ရီမြေ ရှင်သန် လှပရေး ဘယ်သူတွေ ပါဝင် ထိန်းသိမ်းမလဲ
ဇနျနဝါရီ 16, 2017
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အထင်ကရ နေရာတစ်ခုဖြစ်သည့် ကျိုင်းတုံခရိုင်၊ လွိုင်မွေမြို့တွင် ချယ်ရီပန်းများ ဖူးပွင့်ချိန်ဖြစ်သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရပ်နီး၊ရပ်ဝေးမှ  လာရောက် လည်ပတ်သူများ အစည်ကားဆုံးအချိန်ဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၅၅၄၂)တွင် တည်ရှိနေသည့် လွိုင်မွေမြို့သို့ အလည်အပတ် လာရောက်သူများအား ဆွဲဆောင်ရာနေရာမှာ တစ်နှစ်ပတ်လုံးရေခမ်းခြောက်ခြင်းမရှိသည့် ရေကန်နှင့် အဆိုပါရေကန်အနီးမှ နှစ်(၁၀၀)ကျော်သက်တမ်းရှိသည့် ဗြိတိသျှအုပ်ချုပ်မှုခေတ်မှ အိမ်ကြီးတို့ ဖြစ်သည်။
တောင်စခန်းမြို့ သို့မဟုတ် ချယ်ရီမြို့ဟု ဒေသက ခေါ်ဝေါ်နေကြသည့် လွိုင်မွေမြို့မှ အဆိုပါရေကန်မှာ ၁၉၂၇ ခုနှစ်တွင် ရွာသူကြီးဦးစံသာက ရေထွက်စမ်းမှရေများကို ဆည်ဖို့ပိတ်လိုက်ရာမှ လွိုင်မွေကန်ဟု ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။
ချယ်ရီပန်းပင်များပေါက်ရောက်နိုင်သည့်ဒေသဖြစ်သော်လည်း ကျိုင်းတုံခရိုင်အတွင်း လွိုင်မွေမြို့တွင်သာ ချယ်ရီပင်များရှိသည့်အတွက် ချယ်ရီပန်းများပွင့်သည့်ကာလများတွင် ချယ်ရီပင်များစီတန်းရှိနေသည့် လွိုင်မွေရေကန်နှင့် နှစ်(၁၀၀)အိမ်သို့ ရပ်ဝေးရပ်နီးမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေလေ့ရှိသည်။
လွိုင်မွေမြို့လယ်ရှိ အချို့သော ချယ်ရီပင်များတွင် ချယ်ရီပန်းမခူးရ၊ အမှိုက်များ စည်းကမ်းမဲ့ မစွန့်ပစ်ရ၊ ချယ်ရီပန်းခူးပါက ဒဏ်ငွေ ကျပ်(၅၀၀၀)ဟု ဆိုင်းဘုတ်အသေးလေးများဖြင့် သတိပေးထားသည်ကို တွေ့ရသော်လည်း သက်ဆိုင်ရာမှ ကြပ်မတ်ဆောင်ရွက်မှု အားနည်းသည်ဟု ဒေသခံများက ဆိုသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် နယ်နမိတ်ထိစပ်နေသည့် တစ်ဖက်ထိုင်းနိုင်ငံသည် ရှိသည့် သဘာဝအလှများကို ပြုပြင်ထိန်းသိမ်း၍ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဆွဲဆောင်ထားနိုင်ချိန်တွင် ထိုင်းနိုင်ငံနှင့် နယ်ချင်းကပ်နေသည့် ရှမ်းအရှေ့ဒေသတွင် ကြွယ်ဝလှသည့် သဘာဝအလှတရားများကို မထိန်းသိမ်းနိုင်သည့်အပြင် ဖျက်ဆီးခံနေရသည်။
သို့သော် လွိုင်မွေမြို့၏ ချယ်ရီအနာဂတ်ကို ထိန်းသိမ်းသွားလိုသူများလည်း ဒေသတွင်းရှိနေသည်ကို တွေ့ရသည်။
လွိုင်မွေမြို့ရှိ ချယ်ရီပင်များ ရှင်သန်ထိန်းသိမ်းရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်နေသည့် ဒေသတွင်း လူမှုရေးအဖွဲ့ဖြစ်သည့် Green live's လွိုင်မွေအဖွဲ့က သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ချယ်ရီပင်များ စိုက်ပျိုးခြင်းနှင့် ရှိပြီးသားအပင်များအား ထိန်းသိမ်းနိုင်ရေးအပြင် ချယ်ရီပင်များ နှင့် အခြားပန်းအလှပင်ကြီးကိုလည်း ရာသီအလိုက် ပွင့်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့ထဲမှ လွိုင်မွေမြို့သို့ သွားရမည့် အကွာအဝေးမှာ (၂၁)မိုင်ရှိပြီး ယခင်က လမ်းမကောင်း၍ သွားလာရ နှောင့်နှေးမှုများရှိခဲ့သော်လည်း ယခုအခါ ကျိုင်းတုံမြို့ထဲမှ လွိုင်မွေမြို့သို့ သွားရာ လမ်းတစ်လျှောက်မှာလည်း ကောင်းမွန်နေပြီဖြစ်သည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အထင်ကရ နေရာတစ်ခုဖြစ်သည့် ကျိုင်းတုံခရိုင်၊ လွိုင်မွမြေို့တွင် ချယ်ရီပန်းများ ဖူးပွင့်ချိန်ဖြစ်သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရပ်နီး၊ရပ်ဝေးမှ လာရောက် လည်ပတ်သူများ အစည်ကားဆုံးအချိန်ဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၅၅၄၂)တွင် တည်ရှိနေသည့် လွိုင်မွမြေို့သို့ အလည်အပတ် လာရောက်သူများအား ဆွဲဆောင်ရာနေရာမှာ တစ်နှစ်ပတ်လုံးရေခမ်းခြောက်ခြင်းမရှိသည့် ရေကန်နှင့် အဆိုပါရေကန်အနီးမှ နှစ်(၁၀၀)ကျော်သက်တမ်းရှိသည့် ဗြိတိသျှအုပ်ချုပ်မှုခေတ်မှ အိမ်ကြီးတို့ ဖြစ်သည်။
တောင်စခန်းမြို့ သို့မဟုတ် ချယ်ရီမြို့ဟု ဒေသက ခေါ်ဝါ်နကြေသည့် လွိုင်မွမြေို့မှ အဆိုပါရေကန်မှာ ၁၉၂၇ ခုနှစ်တွင် ရွာသူကြီးဦးစံသာက ရေထွက်စမ်းမှရေများကို ဆည်ဖို့ပိတ်လိုက်ရာမှ လွိုင်မွေကန်ဟု ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။
ချယ်ရီပန်းပင်များပေါက်ရောက်နိုင်သည့်ဒေသဖြစ်သော်လည်း ကျိုင်းတုံခရိုင်အတွင်း လွိုင်မွမြေို့တွင်သာ ချယ်ရီပင်များရှိသည့်အတွက် ချယ်ရီပန်းများပွင့်သည့်ကာလများတွင် ချယ်ရီပင်များစီတန်းရှိနေသည့် လွိုင်မွေရေကန်နှင့် နှစ်(၁၀၀)အိမ်သို့ ရပေ်ဝးရပ်နီးမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေလေ့ရှိသည်။
ဒေသ၏ အထင်ကရနေရာတစ်ခုအဖြစ် ဧည့်သည်များ ဝင်ရောက်လာရန် ဆွဲဆောင်နိုင်သည့် နေရာတစ်ခု အဖြစ် ဖွံ့ဖြိုးလာမည့်အစား ထိန်းသိမ်းမှုအားနည်းခြင်းနှင့် တစ်ဦးချင်း၏ တာဝန်သိတတ်မှု အားနည်းခြင်း များကြောင့် လွိုင်မွေ၏အလှသည် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်သည့် အနေအထားတွင် ရောက်နေသည်။
လွိုင်မွေ၏ ချယ်ရီပန်းပင်များမှာ ကိုင်းများချိုးဖဲ့ ယူခြင်း၊ ကိုင်းများ ခုတ်ယူခံရခြင်းများကြောင့် ဒီဇင်ဘာတွင် စတင်ပွင့်ဖူးလာသည့် ချယ်ရီပန်းအလှမှာ ဇန်နဝါရီလတွင် မမြင်ရတော့ဘဲဖြစ်နေသည်။
"ချယ်ရီပန်းတွေ ဘယ်ရှိတော့မလဲ။ တော်တော်များများပဲ လွိုင်မွေက ချယ်ရီပန်းတွေ၊ ကိုင်းတွေ ခူးယူ ချိုးဖဲ့လာတာတွေ များတယ်။ တွေ့မြင်နေရတယ်။ တကယ်တော့ ချယ်ရီပန်းဆိုတာက သဘာဝအလှနဲ့မှ ပိုတင့်တယ်တာ"ဟု တာချီလိတ်မှ ကျိုင်းတုံခရိုင် အသွားလမ်းတွင်ရှိသည့် ပန်ကွဲတောင်တွင် ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။
လွိုင်မွမြေို့လယ်ရှိ အချို့သော ချယ်ရီပင်များတွင် ချယ်ရီပန်းမခူးရ၊ အမှိုက်များ စည်းကမ်းမဲ့ မစွန့်ပစ်ရ၊ ချယ်ရီပန်းခူးပါက ဒဏ်ငွေ ကျပ်(၅၀၀၀)ဟု ဆိုင်းဘုတ်အသေးလေးများဖြင့် သတိပေးထားသည်ကို တွေ့ရသော်လည်း သက်ဆိုင်ရာမှ ကြပ်မတ်ဆောင်ရွက်မှု အားနည်းသည်ဟု ဒေသခံများက ဆိုသည်။
"လူတစ်ယောက်ကို် နည်းနည်း နည်းနည်းနဲ့ ခူးသွားလိုက်ကြတာ နောက်ဆုံးတော့ ပြောင်သွားတာပဲ ရှိတယ်။ ကြပ်ကြပ်မတ်မတ် ဘယ်သူမှ မတားဆီးနိုင်တော့ ခက်တယ်လေ"ဟု လွိုင်မွေအနီး ဈေးရောင်းသူတစ်ဦးက ပြောပြသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် နယ်နမိတ်ထိစပ်နေသည့် တစ်ဖက်ထိုင်းနိုင်ငံသည် ရှိသည့် သဘာဝအလှများကို ပြုပြင်ထိန်းသိမ်း၍ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဆွဲဆောင်ထားနိုင်ချိန်တွင် ထိုင်းနို်င်ငံနှင့် နယ်ချင်းကပ်နေသည့် ရှမ်းအရှေ့ဒေသတွင် ကြွယ်ဝလှသည့် သဘာဝအလှတရားများကို မထိန်းသိမ်းနိုင်သည့်အပြင် ဖျက်ဆီးခံနေရသည်။
သို့သော် လွိုင်မွမြေို့၏ ချယ်ရီအနာဂတ်ကို ထိန်းသိမ်းသွားလိုသူများလည်း ဒေသတွင်းရှိနေသည်ကို တွေ့ရသည်။
လွိုင်မွမြေို့ရှိ ချယ်ရီပင်များ ရှင်သန်ထိန်းသိမ်းရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်နေသည့် ဒေသတွင်း လူမှုရေးအဖွဲ့ဖြစ်သည့် Green live's လွိုင်မွေအဖွဲ့က သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ချယ်ရီပင်များ စိုက်ပျိုးခြင်းနှင့် ရှိပြီးသားအပင်များအား ထိန်းသိမ်းနိုင်ရေးအပြင် ချယ်ရီပင်များ နှင့် အခြားပန်းအလှပင်ကြီးကိုလည်း ရာသီအလိုက် ပွင့်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်မတို့ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ လွိုင်မွေကို ချယ်ရီမြပြေန်ဖြစ်ဖို့ရယ် တခြားရာသီအလိုက် ပွင့်တဲ့ ပန်းတွေကိုပါ စိုက်သွားမှာပါ။ စိန်ပန်းနီ၊ အပြာ၊ စွယ်တော် ပါမယ်။ အဓိက ကတော့ လွိုင်မွမြေို့လယ်က ကန်ပတ်လည်နဲ့ တပ်မြေမဟုတ်တဲ့ နေရာတွေမှာ စိုက်သွားမှာပါ"ဟု Green live's လွိုင်မွေ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
ကျိုင်းတုံမြို့ထဲမှ လွိုင်မွမြေို့သို့ သွားရမည့် အကွာအေဝးမှာ (၂၁)မိုင်ရှိပြီး ယခင်က လမ်းမကောင်း၍ သွားလာရ နှောင့်နှေးမှုများရှိခဲ့သော်လည်း ယခုအခါ ကျိုင်းတုံမြို့ထဲမှ လွိုင်မွမြေို့သို့ သွားရာ လမ်းတစ်လျှောက်မှာလည်း ကောင်းမွန်နပြေီဖြစ်သည်။
ယခုနှစ်တွင် မှေးမှိန်နေခဲ့သည့် လွိုင်မွေချယ်ရီ၏အလှမှာ လူမှုအဖွဲ့အစည်းများ၊ သက်ဆိုင်ရာတာဝန်ရှိ သူများအပြင် ဒေသဝန်းကျင်နေထိုင်သူများ၊ လာရောက်လည်ပတ်သူများ၏ သဘာဝအလှတရားကို ထိန်းသိမ်းလိုသည့် စိတ်ဓာတ်များဖြင့် လာမည့်နှစ်များတွင် ပြန်လည်လှပခွင့်ရရန် ဖန်တီးနိုင်ကြမည်ဟု မျှော်လင့်ရပါသည်။
သတင်းဆောင်းပါး - ကိုဇောင်း
ဓာတ်ပုံ - ကိုဇောင်း၊ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~