အထက(မိုင္းျဖတ္)၏ ပညာေရးစံုညီပြဲေတာ္အား ေက်ာင္းခန္းမအတြင္း က်င္းပ

အထက(မိုင္းျဖတ္)၏ ပညာေရးစံုညီပြဲေတာ္အား ေက်ာင္းခန္းမအတြင္း က်င္းပ
ဇန်နဝါရီ 21, 2017
By Tachileik News Agency

႐ွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ အေျခခံပညာအထက္တန္းေက်ာင္း၏  ပညာေရးစံုညီပြဲေတာ္ႏွင့္ ပညာရည္ခၽြန္ဆုေပးပြဲအား ႏွစ္စဥ္ေက်ာင္းဝင္းအတြင္း က်င္းပေနရာမွ ယခုႏွစ္တြင္ ခန္းမအတြင္း ေျပာင္းေရႊ႕က်င္းပသျဖင့္ တက္ေရာက္သည့္ လူဦးေရျဖင့္ ေနရာ မလံုေလာက္ျခင္းျဖစ္ခဲ့ေၾကာင္း သိရသည္။

"ကၽြန္ေတာ္ မိုင္းျဖတ္မွာ ေနလာတာ ၾကာပါၿပီ။ ဒီပြဲကို ေက်ာင္း၀င္းထဲမွာ စင္ေဆာက္ၿပီးေတာ့ ခမ္းခမ္းနားနား လုပ္တာေတြ႔ေနရပါတယ္။ ခုႏွစ္မွာေတာ့ ဘာျဖစ္လို႔လဲ မသိဘူး။ ခန္းမက်ဥ္းေလးထဲမွာ လုပ္တာေတြ႔ေနရပါတယ္။ ဆုလာယူတဲ့ ကေလးေတြ၊ လာေရာက္ေဖ်ာ္ေျဖေပးတဲ့ ကေလးေတြ၊ ပြဲလာၾကည့္တဲ့ ကေလးေတြနဲ႔ ေက်ာင္းသား မိဘေတြ ၊ ဆရာဆရာမေတြ ဆိုလို႔ရွိရင္ အျပင္မွာ မတ္တပ္ရပ္ၿပီး ဟိုနားကၾကည့္လိုက္ ဒီနားကၾကည့္ လိုက္နဲ႔ ေတြ႔ရပါတယ္“ဟု ပြဲသို႔လာေရာက္သည့္ ေက်ာင္းသားမိဘတစ္ဦးက ေျပာသည္။

႐ွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ အေျခခံပညာအထက္တန္းေက်ာင္းမွ ပညာရည္ခၽြန္ဆုရ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ေက်ာင္းတက္မွန္ႏွင့္ ပညာသင္ထူးခၽြန္ ဆရာ၊ ဆရာမမ်ားအား ဂုဏ္ျပဳဆုမ်ား ခ်ီးျမႇင့္ျခင္းကို ဇန္နဝါရီလ (၂၁) ရက္က က်င္းပရာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဆရာဆရာမမ်ား၊ ေက်ာင္းသားမိဘမ်ားႏွင့္ ေဒသတြင္း ဌာနဆိုင္ရာတာဝန္ရိွသူမ်ား စုစုေပါင္းလူဦးေရ (၃၀၀)ေက်ာ္ တက္ေရာက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္မတို႔ မုိင္းျဖတ္ပညာေရးဌာနအေနနဲ႔ အခုႏွစ္မွာ ပညာေရးစံုညီပြဲေတာ္နဲ႔ ပညာရည္ခၽြန္ဆုေပးပြဲအျပင္ ဆရာ၊ဆရာမေတြကိုပါ ကေလးေတြကို ပညာသင္ထူးခၽြန္၊ ေက်ာင္းမွန္မွန္တက္တဲ့ ဆရာ၊ဆရာမေတြကိုပါ ဂုဏ္ျပဳလက္မွတ္ေတြနဲ႔ ဆုေတြေပးပါတယ္”ဟု အလယ္တန္းျပဆရာမ ေဒၚသီတာျမင့္က ေျပာသည္။

အဆိုပါ အခမ္းအနားသို႔ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ မ်ဳိးတင့္ေအာင္ ႏွင့္ တပ္မေတာ္အရာရွိမ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္သည့္ ဦးစိုင္းေက်ာက္ႏွင့္ ဦးအားကို၊ ဌာနဆိုင္ရာအႀကီးအကဲမ်ားလည္း တက္ေရာက္ၾကေၾကာင္းသိရွိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအား နှစ်စဉ်ကျောင်းဝင်းအတွင်း ကျင်းပနေရာမှ ယခုနှစ်တွင် ခန်းမအတွင်း ပြောင်းရွှေ့ကျင်းပသဖြင့် တက်ရောက်သည့် လူဦးရဖြေင့် နေရာ မလုံလောက်ခြင်းဖြစ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော် မိုင်းဖြတ်မှာ နေလာတာ ကြာပါပြီ။ ဒီပွဲကို ကျောင်းဝင်းထဲမှာ စင်ဆောက်ပြီးတော့ ခမ်းခမ်းနားနား လုပ်တာတွေ့နေရပါတယ်။ ခုနှစ်မှာတော့ ဘာဖြစ်လို့လဲ မသိဘူး။ ခန်းမကျဉ်းလေးထဲမှာ လုပ်တာတွေ့နေရပါတယ်။ ဆုလာယူတဲ့ ကလေးတွေ၊ လာရောက်ဖျော်ဖြေပေးတဲ့ ကလေးတွေ၊ ပွဲလာကြည့်တဲ့ ကလေးတွေနဲ့ ကျောင်းသား မိဘတွေ၊ ဆရာဆရာမတွေ ဆိုလို့ရှိရင် အပြင်မှာ မတ်တပ်ရပ်ပြီး ဟိုနားကကြည့်လိုက် ဒီနားကကြည့် လိုက်နဲ့ တွေ့ရပါတယ်“ဟု ပွဲသို့လာရောက်သည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ပညာရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းတက်မှန်နှင့် ပညာသင်ထူးချွန် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းကို ဇန်နဝါရီလ (၂၁) ရက်က ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများနှင့် ဒေသတွင်း ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်းလူဦးရေ (၃၀၀)ကျော် တက်ရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ မိုင်းဖြတ်ပညာရေးဌာနအနေနဲ့ အခုနှစ်မှာ ပညာရေးစုံညီပွဲတော်နဲ့ ပညာရည်ချွန်ဆုပေးပွဲအပြင် ဆရာ၊ဆရာမတွေကိုပါ ကလေးတွေကို ပညာသင်ထူးချွန်၊ ကျောင်းမှန်မှန်တက်တဲ့ ဆရာ၊ဆရာမတွေကိုပါ ဂုဏ်ပြုလက်မှတ်တွေနဲ့ ဆုတွေပေးပါတယ်”ဟု အလယ်တန်းပြဆရာမ ဒေါ်သီတာမြင့်က ပြောသည်။

အဆိုပါ အခမ်းအနားသို့ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင် နှင့် တပ်မတော်အရာရှိများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ ဌာနဆိုင်ရာအကြီးအကဲများလည်း တက်ရောက်ကြကြောင်းသိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~