တာခ်ီလိတ္တြင္ (၅)ႏွစ္အရြယ္ မိန္းကေလးအား ေသြးေဆာင္ဖ်ားေယာင္းက်ဴးလြန္သူကို (၂၄)နာရီအတြင္း ဖမ္းမိ

တာခ်ီလိတ္တြင္ (၅)ႏွစ္အရြယ္ မိန္းကေလးအား ေသြးေဆာင္ဖ်ားေယာင္းက်ဴးလြန္သူကို (၂၄)နာရီအတြင္း ဖမ္းမိ
ဒီဇင်ဘာ 6, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ အသက္(၅)ႏွစ္အရြယ္ မိန္းကေလးငယ္အား ေသြးေဆာင္ဖ်ားေယာင္း၍ ဓမၼတာႏွင့္ဆန္႔က်င္က်ဴးလြန္ၿပီး ထြက္ေျပးသြားသည့္ အသက္ (၄၅)ႏွစ္အရြယ္ ျမင့္ေဌးဆိုသူအား (၂၄)နာရီအတြင္း ဖမ္းဆီးႏုိင္ခဲ့ၿပီး အမႈဖြင့္အေရးယူထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ  ဒီဇင္ဘာလ (၅) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္ ပါလွ်ံ(၁)အလိုေတာ္ျပည့္ဘုန္းႀကီးေက်ာင္းလမ္းေန ေဒၚ.....သည္  သမီးငယ္အား  ေနအိမ္တြင္ မေတြ႕၍ သမီးလတ္ျဖစ္သူႏွင့္ လိုက္ရွာစဥ္ မ်က္ႏွာခ်င္းဆိုင္ေနအိမ္မွ ဘတ္ (၂၀)တန္ကိုင္၍ ထြက္လာသည္ကို ေတြ႔ရသျဖင့္ ေမးျမန္းရာ မ်က္ႏွာခ်င္းဆိုင္အိမ္မွ ျမင့္ေဌးဆိုသူက လက္ယပ္ေခၚသျဖင့္ သြားေရာက္ရာ မဖြယ္မရာမ်ားျပဳလုပ္ေၾကာင္း ကေလးငယ္ထံမွ သိရသျဖင့္ စစ္ေဆးၾကည့္ရႈရာ ပံုမွန္အေနအထားမဟုတ္သည္ကို စစ္ေဆးေတြ႕ရိွရ၍ ရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

မဖြယ္မရာျပဳလုပ္ျခင္းခံရသည္ မိန္းကေလးမွာ အသက္(၅)ႏွစ္သာရွိေသးၿပီး က်ဴးလြန္သူမွာ အသက္(၄၅)ႏွစ္ရွိေၾကာင္း သိရသည္။

"သတင္းရတာနဲ႔ လိုက္ရွာတာ မနက္က ဆန္ဆိုင္း(ခ)ရပ္ကြက္ 1G1 ဟိုတယ္အေနာက္ကေန ျမန္မာ- ထိုင္း နယ္ျခား မယ္ဆိုင္ေခ်ာင္းကိုျဖတ္ၿပီး ဟိုဖက္ကမ္းကို ေျပးသြားတာ၊ ဒီဘက္ကမ္းကို ျပန္အလာေစာင့္ဖမ္းရင္းနဲ႔ ညေန(၄)နာရီခြဲေလာက္မွာ 1G1 ေရွ႕က လမ္းမႀကီး(ၿမိဳ႕ေရွာင္လမ္း)ေပၚမွာ ဖမ္းမိတာ"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႔၀င္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိခင္ျဖစ္သူမွ ရဲစခန္းသို႔ သြားေရာက္တိုင္တန္းရာ ရဲတပ္ဖြဲ႔ႏွင့္သက္ဆိုင္ရာအဖြဲ႔မွ က်ဴးလြန္သူအား သြားေရာက္ ဖမ္းဆီးရာ ၎မွာ ေနအိမ္မွ ထြက္ေျပးတိမ္းေရွာင္ရာမွ ဒီဇင္ဘာလ(၆)ရက္ေန႔ ညေန(၄)နာရီခြဲ၀န္းက်င္က ဖမ္းဆီးရမိျခင္း ျဖစ္သည္။

အဆိုပါ ကိစၥမ်ားႏွင့္ ပတ္သက္၍ အသက္(၄၅)ရွိ ျမင့္ေဌးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၃၁/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၃/၃၇၇ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားရွိၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အသက်(၅)နှစ်အရွယ် မိန်းကလေးငယ်အား သွေးဆောင်ဖျားယောင်း၍ ဓမ္မတာနှင့်ဆန့်ကျင်ကျူးလွန်ပြီး ထွက်ပြေးသွားသည့် အသက် (၄၅)နှစ်အရွယ် မြင့်ဌေးဆိုသူအား (၂၄)နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ (၅) ရက်နေ့က တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက် ပါလျှံ(၁)အလိုတော်ပြည့်ဘုန်းကြီးကျောင်းလမ်းနေ ဒေါ်.....သည် သမီးငယ်အား နေအိမ်တွင် မတွေ့၍ သမီးလတ်ဖြစ်သူနှင့် လိုက်ရှာစဉ် မျက်နှာချင်းဆိုင်နေအိမ်မှ ဘတ် (၂၀)တန်ကိုင်၍ ထွက်လာသည်ကို တွေ့ရသဖြင့် မေးမြန်းရာ မျက်နှာချင်းဆိုင်အိမ်မှ မြင့်ဌေးဆိုသူက လက်ယပ်ခေါ်သဖြင့် သွားရောက်ရာ မဖွယ်မရာများပြုလုပ်ကြောင်း ကလေးငယ်ထံမှ သိရသဖြင့် စစ်ဆေးကြည့်ရှုရာ ပုံမှန်အနေအထားမဟုတ်သည်ကို စစ်ဆေးတွေ့ရှိရ၍ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

မဖွယ်မရာပြုလုပ်ခြင်းခံရသည် မိန်းကလေးမှာ အသက်(၅)နှစ်သာရှိသေးပြီး ကျူးလွန်သူမှာ အသက်(၄၅)နှစ်ရှိကြောင်း သိရသည်။

"သတင်းရတာနဲ့ လိုက်ရှာတာ မနက်က ဆန်ဆိုင်း(ခ)ရပ်ကွက် 1G1 ဟိုတယ်အနောက်ကနေ မြန်မာ- ထိုင်း နယ်ခြား မယ်ဆိုင်ချောင်းကိုဖြတ်ပြီး ဟိုဖက်ကမ်းကို ပြေးသွားတာ၊ ဒီဘက်ကမ်းကို ပြန်အလာစောင့်ဖမ်းရင်းနဲ့ ညနေ(၄)နာရီခွဲလောက်မှာ 1G1 ရှေ့က လမ်းမကြီး(မြို့ရှောင်လမ်း)ပေါ်မှာ ဖမ်းမိတာ"ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိခင်ဖြစ်သူမှ ရဲစခန်းသို့ သွားရောက်တိုင်တန်းရာ ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာအဖွဲ့မှ ကျူးလွန်သူအား သွားရောက် ဖမ်းဆီးရာ၎င်းမှာ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ရာမှ ဒီဇင်ဘာလ(၆)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်က ဖမ်းဆီးရမိခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ အသက်(၄၅)ရှိ မြင့်ဌေးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၃၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၇ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~