မြိတ်ခရိုင်အတွင်း ကျေးရွာအခြေပြု အောက်ခြေ ရေလုပ်သားအဖွဲ့များ ဖွဲ့စည်း
မြိတ်ခရိုင်အတွင်း ကျေးရွာအခြေပြု အောက်ခြေ ရေလုပ်သားအဖွဲ့များ ဖွဲ့စည်း
ဒီဇင်ဘာ 6, 2016
By Tachileik News Agency
ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ရေလုပ်သားအများစုရှိသည့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကျေးရွာအခြေပြု အောက်ခြေ ရေလုပ်သားများအဖွဲ့ကို စတင် ဖွဲ့စည်းလျှက်ရှိကြောင်း သိရသည်။
ရေလုပ်သား အများဆုံးရှိသည့် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် တို့တွင် ကျေးရွာအခြေပြု  အောက်ခြေ ရေလုပ်သားအဖွဲ့များကို အစိုးရအဖွဲ့၊ အရပ်ဖက် အဖွဲ့အစည်းများ ရေလုပ်ငန်းရှင်များ စုပေါင်းဖွဲ့စည်းထားသည့် တနင်္သာရီတိုင်း ရေလုပ်ငန်း မိတ်ဖက်အဖွဲ့ဖြစ်သည့် (OFI) က ဖွဲ့စည်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျေးရွာအခြေပြု အောက်ခြေ ရေလုပ်သားများ အဖွဲ့ကို ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်နှင့် မြိတ်မြို့တို့တွင် နိုဝင်ဘာလမှ စတင်ပြီး ဖွဲ့စည်းပေးခဲ့ပြီး ကော့သောင်းခရိုင်နှင့် ထားဝယ်ခရိုင်တို့တွင် ဒီဇင်ဘာလအတွင်း ဖွဲ့စည်းပေးနေခြင်းဖြစ်သည်။
သတင်း - ဇော်ဇော်
~~~~~~~~⊰❂ unicode ~~~~~~~~
ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ရေလုပ်သားအများစုရှိသည့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကျေးရွာအခြပြေု အောက်ခြေ ရေလုပ်သားများအဖွဲ့ကို စတင် ဖွဲ့စည်းလျှက်ရှိကြောင်း သိရသည်။
“ရေလုပ်သားများကို အကာအကွယ်ပေးနိုင်ရန်၊ တရားမျှတသည့် အသက်မွေးဝမ်းကျောင်းမှု ပြုလုပ်နိုင်ရန်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျှက် သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းသွားရန်၊ ငါးမဖမ်းရဇုန်များ သတ်မှတ်သွားရာတွင် အထောက်အကူပြုရန်၊ ရေလုပ်သားများ၏ အလုပ်သမား အခွင့်အရေးကို ဥပဒေဘောင်အတွင်းမှ ကာကွယ်သွားရန်တို့ကို ရည်ရွယ်ပြီး ဖွဲ့စည်းပေးခြင်းဖြစ်ပါတယ်”ဟု တနင်္သာရီတိုင်း ရေလုပ်ငန်းမိတ်ဖက်အဖွဲ့ (OFI) တာဝန်ခံ ဦးတင်ကိုကိုဦးက ပြောသည်။
ရေလုပ်သား အများဆုံးရှိသည့် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် တို့တွင် ကျေးရွာအခြပြေု အောက်ခြေ ရေလုပ်သားအဖွဲ့များကို အစိုးရအဖွဲ့၊ အရပ်ဖက် အဖွဲ့အစည်းများ ရေလုပ်ငန်းရှင်များ စုပေါင်းဖွဲ့စည်းထားသည့် တနင်္သာရီတိုင်း ရေလုပ်ငန်း မိတ်ဖက်အဖွဲ့ဖြစ်သည့် (OFI) က ဖွဲ့စည်းပေးနခြေင်းဖြစ်ကြောင်း သိရသည်။
“ကျေးရွာ အခြပြေု ရေလုပ်သားများအဖွဲ့ကို တနင်္သာရီတိုင်းဒေသကြီး ရေလုပ်ငန်းမိတ်ဖက်အဖွဲ့ရဲ့ အောက်မှာ ထားရှိသွားမှာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေကိုလိုအပ်တဲ့ သင်တန်းတွေနဲ့ နည်းပညာတွေကို OFI လို့ခေါ်တဲ့ ငါတို့အနာဂတ်ရှေ့ဆောင်မှ ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ပါတယ်”ဟု OFI တာဝန်ခံ ဦးတင်ကိုကိုဦးက ပြောသည်။
လက်ရှိတွင် ကျေးရွာအခြပြေု အောက်ခြေ ရေလုပ်သားများ အဖွဲ့ကို ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်နှင့် မြိတ်မြို့တို့တွင် နိုဝင်ဘာလမှ စတင်ပြီး ဖွဲ့စည်းပေးခဲ့ပြီး ကော့သောင်းခရိုင်နှင့် ထားဝယ်ခရိုင်တို့တွင် ဒီဇင်ဘာလအတွင်း ဖွဲ့စည်းပေးနခြေင်းဖြစ်သည်။
သတင်း - ဇော်ဇော်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~