မို္င္းျဖတ္ၿမိဳ႕တြင္ လိုင္စင္မဲ့အရက္ဘီယာေရာင္းခ်သည့္ ကုန္စံုဆိုင္မ်ားအား အေရးယူ

မို္င္းျဖတ္ၿမိဳ႕တြင္ လိုင္စင္မဲ့အရက္ဘီယာေရာင္းခ်သည့္ ကုန္စံုဆိုင္မ်ားအား အေရးယူ
ဒီဇင်ဘာ 3, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ႏွင့္ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဌာနတို႔ ပူးေပါင္းအဖြဲ႕သည္ ခြင့္ျပဳခ်က္လိုင္စင္မရိွသည့္ အရက္၊ဘီယာ ဆိုင္ေလးဆိုင္အား ဒီဇင္ဘာလ (၂) ရက္ေန႔က ရွာေဖြဖမ္းဆီးမိေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ျမင့္လြင္မွ ယစ္မ်ဳိး ဖမ္းဆီးရန္ညႊန္ၾကားခ်က္အရ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ဟန္မိုးလြင္အပါအဝင္ ရဲတပ္ဖြဲ႕ဝင္ သံုးဦးႏွင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာနမွ တာဝန္ရိွသူတစ္ဦး၊ နမ့္ကုန္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရြာသူႀကီးတို႔ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ပါဆန္းေက်းရြာရိွ မနန္းဝိုးဖန္၏ ကုန္စံုဆိုင္အား ဝင္ေရာက္စစ္ေဆးရာ LEO တံဆိပ္ပါဘီယာဗူး (၄၆) ဗူး၊ Mandalay Rum တံဆိပ္ပါ အရက္ (၃) ပုလင္း၊ Varin Thip တံံဆိပ္ပါ (၄) ပုလင္း၊ High Class တံဆိပ္ပါ အရက္ (၆) ပုလင္း၊ Myanmar Beer ပုလင္း (၄)လံုး၊ သံဗူး (၂၀)လံုး၊ ေဒသထြက္စပါးအရက္ (၅) ပုလင္းတို႔အား စစ္ေဆးေတြ႔ရိွရသျဖင့္ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မနန္းဝိုးဖန္အား (ပ)၁၇/၂၀၁၆ ရွမ္းျပည္နယ္ယစ္မ်ိဳးအမိန္႔အပိုဒ္(၃)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ယင္းေနာက္ ပါဆန္းေက်းရြာမွ ဦးအိုက္ဆမ္၏ ကုန္စံုဆိုင္မွ Varinthip အရက္ (၆)ပုလင္း၊ Clan Master အရက္ (၂) ပုလင္း၊ Star Way Beer (၃၄)ဗူး၊  Leo ဘီယာ (၂၄)ဗူးစီပါသည့္ ကဒ္ဖာ(၃)ဖာ၊ Myanmar Beer (၁၆)ပုလင္း၊ Crown အရက္ (၆)ပုလင္းတို႔အား စစ္ေဆးေတြ႔ရိွရ၍ ဦးအိုက္ဆမ္အား မုိင္းျဖတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၁၈/၂၀၁၆ ရွမ္းျပည္နယ္ယစ္မ်ဳိးအမိန္႔အပိုဒ္(၃)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႕သည္ ပါဆန္းေက်းရြာမွ ေဒၚပါေအြ႕၏ ကုန္စံုဆိုင္အား ဝင္ေရာက္စစ္ေဆးရာ Leo အမွတ္တံဆိပ္ ဘီယာသံဗူး (၈)ဗူး၊ Star Way တံဆိပ္ ဝိုင္ပုလင္းအေသး (၁၈) ပုလင္းႏွင့္ Vrainthip တံဆိပ္ပါ အရက္ပုလင္း (၂)ပုလင္းတို႔အား စစ္ေဆးေတြ႔ရိွရသျဖင့္ ေဒၚပါေအြ႕အား မိုင္းျဖတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၁၉/၂၀၁၆ ၊ ရွမ္းျပည္နယ္ ယစ္မ်ိဳးအမိန္႔အပိုဒ္ (၃)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

အဆိုပါေက်းရြာရိွ မနန္းပီး၏ ကုန္စံုဆိုင္အား ဝင္ေရာက္ရွာေဖြရာ Leo တံဆိပ္ပါ ဘီယာသံဗူး (၁၇)ဗူူး၊ ေကာက္ညႇင္းအရက္ (၄) ပုလင္းအား ေတြ႕သျဖင့္ ခြင့္ျပဳခ်က္လိုင္စင္မရိွဘဲ အရက္၊ဘီယာ ေရာင္းခ်သူ မနန္းပီးအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၀/၂၀၁၆၊ ရွမ္းျပည္နယ္ ယစ္မ်ိဳးအမိန္႔အပုိဒ္ (၃)ျဖင့္ အမႈဖြင့္ ထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ

 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနတို့ ပူးပေါင်းအဖွဲ့သည် ခွင့်ပြုချက်လိုင်စင်မရှိသည့် အရက်၊ဘီယာ ဆိုင်လေးဆိုင်အား ဒီဇင်ဘာလ (၂) ရက်နေ့က ရှာဖွေဖမ်းဆီးမိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်မှ ယစ်မျိုး ဖမ်းဆီးရန်ညွှန်ကြားချက်အရ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဟန်မိုးလွင်အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦး၊ နမ့်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူကြီးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပါဆန်းကျေးရွာရှိ မနန်းဝိုးဖန်၏ ကုန်စုံဆိုင်အား ဝင်ရောက်စစ်ဆေးရာ LEO တံဆိပ်ပါဘီယာဗူး (၄၆) ဗူး၊ Mandalay Rum တံဆိပ်ပါ အရက် (၃) ပုလင်း၊ Varin Thip တံဆိပ်ပါ (၄) ပုလင်း၊ High Class တံဆိပ်ပါ အရက် (၆) ပုလင်း၊ Myanmar Beer ပုလင်း (၄)လုံး၊ သံဗူး (၂၀)လုံး၊ ဒေသထွက်စပါးအရက် (၅) ပုလင်းတို့အား စစ်ဆေးတွေ့ရှိရသဖြင့် မိုင်းဖြတ်မြို့မရဲစခန်းတွင် မနန်းဝိုးဖန်အား (ပ)၁၇/၂၀၁၆ ရှမ်းပြည်နယ်ယစ်မျိုးအမိန့်အပိုဒ်(၃)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းနောက် ပါဆန်းကျေးရွာမှ ဦးအိုက်ဆမ်၏ ကုန်စုံဆိုင်မှ Varinthip အရက် (၆)ပုလင်း၊ Clan Master အရက် (၂) ပုလင်း၊ Star Way Beer (၃၄)ဗူး၊ Leo ဘီယာ (၂၄)ဗူးစီပါသည့် ကဒ်ဖာ(၃)ဖာ၊ Myanmar Beer (၁၆)ပုလင်း၊ Crown အရက် (၆)ပုလင်းတို့အား စစ်ဆေးတွေ့ရှိရ၍ ဦးအိုက်ဆမ်အား မိုင်းဖြတ်မြို့မ ရဲစခန်းတွင် (ပ) ၁၈/၂၀၁၆ ရှမ်းပြည်နယ်ယစ်မျိုးအမိန့်အပိုဒ်(၃)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ပါဆန်းကျေးရွာမှ ဒေါ်ပါအွေ့၏ ကုန်စုံဆိုင်အား ဝင်ရောက်စစ်ဆေးရာ Leo အမှတ်တံဆိပ် ဘီယာသံဗူး (၈)ဗူး၊ Star Way တံဆိပ် ဝိုင်ပုလင်းအသေး (၁၈) ပုလင်းနှင့် Vrainthip တံဆိပ်ပါ အရက်ပုလင်း (၂)ပုလင်းတို့အား စစ်ဆေးတွေ့ရှိရသဖြင့် ဒေါ်ပါအွေ့အား မိုင်းဖြတ်မြို့မ ရဲစခန်းတွင် (ပ) ၁၉/၂၀၁၆၊ ရှမ်းပြည်နယ် ယစ်မျိုးအမိန့်အပိုဒ် (၃)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါကျေးရွာရှိ မနန်းပီး၏ ကုန်စုံဆိုင်အား ဝင်ရောက်ရှာဖွေရာ Leo တံဆိပ်ပါ ဘီယာသံဗူး (၁၇)ဗူး၊ ကောက်ညှင်းအရက် (၄) ပုလင်းအား တွေ့သဖြင့် ခွင့်ပြုချက်လိုင်စင်မရှိဘဲ အရက်၊ဘီယာ ရောင်းချသူ မနန်းပီးအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၂၀/၂၀၁၆၊ ရှမ်းပြည်နယ် ယစ်မျိုးအမိန့်အပိုဒ် (၃)ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~